သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဖေဖာ္ဝါရီ ၁ ရက္ အသံတိတ္သပိတ္မွာ မပါၾကဖို႔ စစ္ေကာင္စီ ၿခိမ္းေျခာက္သတိေပး


ဒီဇင္ဘာ ၁၀ ရက္ေန႔ အသံတိတ္သပိတ္ဆင္ႏြဲရာ ဆူးေလေစတီဝန္းက်င္ျမင္ကြင္း (ဓာတ္ပံု - AFP)

စစ္အာဏာသိမ္းမႈ တႏွစ္ျပည့္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အသံတိတ္သပိတ္ဆင္ႏႊဲဖို႔ ႏႈိးေဆာ္ထားၿပီး အဲဒီလႈပ္ရွားမႈမွာ မပါၾကဖို႔ ရန္ကုန္နဲ႔ မႏၲေလး တခ်ိဳ႕ေနရာေတြမွာ စစ္ေကာင္စီက လိုက္ၿပီးသတိေပးေနပါတယ္။ အဲဒီေန႔မွာ ေဈးဆိုင္ေတြမဖြင့္ရင္ အေရးယူမယ္ဆိုတာမ်ိဳး ေအာ္လံေတြနဲ႔ လိုက္ေအာ္ေနတာျဖစ္ပါတယ္။ အသံတိတ္သပိတ္ဆင္ႏြဲဖို႔ ႏႈိးေဆာ္ထားသူေတြကေတာ့ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္သူတိုင္း ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ပါဝင္ႏိုင္တယ္လို႔ ေျပာပါတယ္။ ဒီအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက ေျပာျပပါမယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းမႈ တႏွစ္ျပည့္တဲ့ေန႔မွာ အာဏာသိမ္းမႈဆန႔္က်င္တဲ့ အသံတိတ္သပိတ္မွာ ပါဝင္ၾကဖို႔ ဆႏၵျပသူေတြ စည္း႐ုံးေနခ်ိန္မွာပဲ စစ္ေကာင္စီဘက္ကလည္း အသံတိတ္ဆန႔္က်င္မႈမွာ ပါဝင္သူေတြကို အေရးယူမယ္လို႔ ရန္ကုန္နဲ႔မႏၲေလးက ေနရာတခ်ိဳ႕မွာ ကားနဲ႔လွည့္ၿပီး သတိေပးေနတာပါ။ ႏိုင္ငံေတာ္ တည္ၿငိမ္ေရးကို ပ်က္ျပားေစတဲ့ အသံတိတ္သပိတ္၊ လက္ခုပ္တီး၊ သံပုံးတီး၊ ကားဟြန္းတီး စတဲ့ အသံထြက္သပိတ္ေတြလုပ္တာ၊ ဒါမွမဟုတ္ လႈံ႕ေဆာ္ဝါဒျဖန႔္မႈေတြကို ထပ္ဆင့္မွ်ေဝတာေတြလုပ္ရင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၂ (က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က နဲ႔ ပုဒ္မ ၅၀၅-က၊ အီလက္ထ႐ြန္းနစ္ ဆက္သြယ္ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃ (က) စတဲ့ ဥပေဒေတြနဲ႔ အေရးယူမယ္ ဆိုၿပီး စစ္ေကာင္စီက ကားေတြနဲ႔ လိုက္ေအာ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီေန႔မွာ ေဈးဆိုင္ေတြအေနနဲ႔ ပုံမွန္ဆိုင္မဖြင့္ရင္လည္း အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒအရ ပစၥည္းေတြသိမ္းမယ္လို႔ သတိေပး ၿခိမ္းေျခာက္ေနပါတယ္။

မႏၲေလးၿမိဳ႕မွာ ဒီသတိေပးခ်က္ေတြကို စစ္ေကာင္စီက လိုက္ေၾကညာေနသလို လက္ကမ္းစာေစာင္ေဝတာ၊ ဓာတ္တိုင္ေတြမွာ စာကပ္တာေတြ လုပ္ေနပါတယ္။ အသံတိတ္သပိတ္မွာ ပါဝင္ၾကဖို႔ ႏႈိးေဆာ္တဲ့သူေတြကို ဖမ္းဆီးတာေတြလည္း ရွိေနတယ္လို႔ မႏၲေလးသပိတ္အင္အားစုက ကိုသူရေအာင္က VOA ကို ေျပာပါတယ္။

“လူထုကို ၿခိမ္းေျခာက္တယ္။ တသက္တကြၽန္းထိ က်ႏိုင္ေလာက္တဲ့ အေျခအေနေတြနဲ႔ ျပည္သူလူထုကို ဥပေဒေတြ ေပါင္းစုံ နည္းနာေပါင္းစုံနဲ႔ ဆိုင္ခန္းေတြဆိုရင္ ဆိုင္မပိတ္ဖို႔ရာအတြက္ လက္မွတ္ေတြထိုးခိုင္းတယ္။ ျပည္သူလူထုၾကားမွာလည္း သတင္းအမွားေတြ Silent Strikeမွာ မပါဝင္ဖို႔ ေတာက္ေလွ်ာက္ေပါ့ေႏွာ္ ကြၽန္ေတာ္တို႔စေခၚတဲ့ ေန႔ကေနစၿပီး ဒီေန႔ထိ မႏၲေလးၿမိဳ႕မွာ ကားေတြနဲ႔ လွည့္ၿပီးေအာ္တယ္။ ဆိုက္ဝါးေတြခင္းတယ္။ စာ႐ြက္ေတြ လမ္းေပၚမွာကပ္တယ္။ ၿပီးရင္ သူတို႔ရဲ႕ ထုံးစံအတိုင္းပဲေပါ့ ယုတ္မာမႈအေပါင္း သရဖူေဆာင္းထားတဲ့ စစ္ေကာင္စီက သူတို႔ရဲ႕ လုပ္ႏိုင္တဲ့နည္းက ဒီတနည္းပဲရွိေတာ့ ကြၽန္ေတာ္တို႔ ျပည္သူေတြကို ေၾကာက္ေအာင္ ၿခိမ္းေျခာက္တာေတြ ဆက္တိုက္ ဆက္တိုက္ ေတြ႕ရပါတယ္ခင္ဗ်။ ကြၽန္ေတာ္တို႔မႏၲေလးၿမိဳ႕မွာ တခ်ိဳ႕ နယ္ပယ္အသီးသီးမွာ ခ်ိတ္ပိတ္တဲ့ဆိုင္ေတြ ေတြ႕ရတယ္။ ခ်ိတ္ပိတ္႐ုံတင္မဟုတ္ဘူးေပါ့ သူတို႔က ဆိုင္ေတြမွာ မူးယစ္ေဆးဝါးေတြ ေတြ႕လို႔ဆိုၿပီးေတာ့ ညႇဥ္းပန္းႏွိပ္စက္ထားတာေတြလည္း ေျမျပင္အေျခအေန သတင္းေတြအရ ေတြ႕ရပါတယ္ဗ်။”

အသံတိတ္သပိတ္မွာ ပါဝင္ရင္ ေထာင္ဒဏ္ေတြခ်ႏိုင္တဲ့ ပုဒ္မေတြတပ္ၿပီးအေရးယူမယ္လို႔ စစ္ေကာင္စီဘက္က သတိေပးေနတာမို႔ ျပည္သူေတြအေနနဲ႔ ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ အသံတိတ္သပိတ္ကို ပါဝင္လို႔ရတယ္လို႔ ရန္ကုန္သပိတ္ဦးေဆာင္သူတဦးက ေျပာပါတယ္။

“Silent Strike အခ်ိန္က ကြၽန္ေတာ္တို႔ ၁၀ နာရီကေန ၄ နာရီအထိပဲ သတ္မွတ္ထားတာကို ကြၽန္ေတာ္တို႔က အဲ့ေန႔မွာ လူေတာ္ေတာ္မ်ားမ်ားက ႐ုံးတက္ရတာ ၉ နာရီကေန ၅ နာရီထိဆိုေတာ့ ႐ုံးသြား႐ုံးဆင္းခ်ိန္ကလည္း လြတ္တယ္ဗ်ာ၊ ၉ နာရီမထိုး ခင္ ႐ုံးသြားမယ္သူက ပုံမွန္အတိုင္းရွိၿပီးသား၊ ၁၀ နာရီထိုး သပိတ္စတဲ့အခ်ိန္မွာ သူတို႔က အလုပ္ခြင္ထဲ ေရာက္ေနၿပီ။ ၄ နာရီ သပိတ္ၿပီးတဲ့အခ်ိန္ သူတို႔႐ုံးမွာပဲ ရွိေသးတယ္။ ၅ နာရီ ႐ုံးဆင္းမယ္။ အဲ့လိုအခ်ိန္နဲ႔ လူထုက လမ္းေပၚျပန္တက္လာႏိုင္တဲ့ အေနအထားရွိတယ္။ အလုပ္သြားမယ့္သူကလည္း ပုံမွန္သြား႐ုံပဲ၊ ဆိုင္ေတြကလည္း ကြၽန္ေတာ္တို႔ ဆိုင္ရွင္ေတြ အေနနဲ႔လည္း ဆိုင္လုံးဝမပိတ္နဲ႔ ဖြင့္ထားလိုက္ ၁၀ နာရီကေန ၄ နာရီအတြင္းလာဝယ္မယ့္သူမရွိဘူး။ အဲ့လိုပုံစံမ်ိဳးက ေဘးအကင္းဆုံးလို႔ က်ေနာ္ထင္တယ္။ တဘက္ကလည္း သူတို႔ ဘာမွမတတ္ႏိုင္ဘူး။ ေသခ်ာတယ္ သူတို႔ ဘာမွ မတတ္ႏိုင္ဘူး။”

စစ္ေကာင္စီက ဆိုင္ေတြမပိတ္ဖို႔နဲ႔ ပိတ္ရင္ ႏိုင္ငံဘ႑ာအျဖစ္ ခ်ိတ္ပိတ္သိမ္းဆည္းတာေတြ လုပ္မယ္ဆိုတာေၾကာင့္ တခ်ိဳ႕ဆိုင္ေတြကေတာ့ မျဖစ္မေန အေျခအေနေၾကာင့္ ဖြင့္ထားရမယ္လို႔ သေဘၤာသီးေထာင္းဆိုင္ ပိုင္ရွင္တဦးက ခုလိုေျပာပါတယ္။

“ကြၽန္ေတာ္တို႔က ကေလးေတြလဲရွိေတာ့ စီးပြားေရးလဲ တဘက္နဲ႔ဆိုေတာ့ ဆိုင္ေတာ့ အဖြင့္ျပလိုက္မယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ အဲ့ေန႔က လူလည္းထြက္လာမွာ မဟုတ္ဘူးေလ။ ဆိုင္ကေတာ့ အဖြင့္ေလးေတာ့ ျပရမွာေပါ့။ လာဝယ္တာျပဳတာက်ေတာ့ မရွိေတာ့ဘူးေလ အဲ့က်ေတာ့။”

စစ္ေကာင္စီဘက္ကတရားစြဲမယ့္ ပုဒ္မေတြရဲ႕ အျမင့္ဆုံးျပစ္ဒဏ္ေတြကေတာ့ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂ (က) က ေထာင္ဒဏ္ ၁၀ ႏွစ္၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္ လုပ္ေဆာင္မႈ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က က ေထာင္ဒဏ္ ႏွစ္ ၂၀ ထိ၊ တပ္မေတာ္အၾကည္ညိဳပ်က္ေအာင္လုပ္ေဆာင္မႈ ၅၀၅-က အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ ေရးဥပ‌ေဒပုဒ္မ ၃၃(က) တို႔ကေတာ့ ေထာင္ ၃ႏွစ္ထိ ခ်မွတ္ ႏိုင္ပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္တဲ့ အသံတိတ္သပိတ္ကို ၂၀၂၁ မတ္လနဲ႔ ဒီဇင္ဘာလေတြတုန္းကလည္း ျပဳလုပ္ခဲ့တာမွာ ျမန္မာတႏိုင္ငံလုံးအႏွံ႔ အမ်ားစု ပါဝင္ခဲ့ၾကၿပီး သပိတ္ေမွာက္ေနခ်ိန္မွာ လႈပ္ရွားသြားလာမႈေတြအားလုံး ရပ္ဆိုင္းခဲ့ပါတယ္။ အဲဒီတုန္းကလည္း ဆိုင္ပိတ္ခဲ့တဲ့ တခ်ိဳ႕ေဈးဆိုင္ေတြ ပစၥည္းသိမ္းတာအပါအဝင္ အေရးယူခံရတာေတြရွိခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ အသံတိတ္သပိတ္ Silent Strike လုပ္ၾကဖို႔ စစ္အာဏာရွင္ ဆန႔္က်င္သူေတြ စီစဥ္ေနၾကတဲ့ တခ်ိန္ထဲမွာ စစ္တပ္ေထာက္ခံသူတခ်ိဳ႕ကလည္း စစ္ေကာင္စီေထာက္ခံပြဲေတြ လုပ္မယ္လို႔ ေၾကညာထားၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာဆိုရင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမနဲ႔ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ လူအင္အား ၁၉၉ ေယာက္နဲ႔ စစ္တပ္ေထာက္ခံပြဲလုပ္မယ္လို႔ အဖြဲ႕တခုက ေၾကညာထားပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်မှာ မပါကြဖို့ စစ်ကောင်စီ ခြိမ်းခြောက်သတိပေး

(Unicode)

စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ်ဆင်နွှဲဖို့ နှိုးဆော်ထားပြီး အဲဒီလှုပ်ရှားမှုမှာ မပါကြဖို့ ရန်ကုန်နဲ့ မန္တလေး တချို့နေရာတွေမှာ စစ်ကောင်စီက လိုက်ပြီးသတိပေးနေပါတယ်။ အဲဒီနေ့မှာ ဈေးဆိုင်တွေမဖွင့်ရင် အရေးယူမယ်ဆိုတာမျိုး အော်လံတွေနဲ့ လိုက်အော်နေတာဖြစ်ပါတယ်။ အသံတိတ်သပိတ်ဆင်နွဲဖို့ နှိုးဆော်ထားသူတွေကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပါဝင်နိုင်တယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့နေ့မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ ဆန္ဒပြသူတွေ စည်းရုံးနေချိန်မှာပဲ စစ်ကောင်စီဘက်ကလည်း အသံတိတ်ဆန့်ကျင်မှုမှာ ပါဝင်သူတွေကို အရေးယူမယ်လို့ ရန်ကုန်နဲ့မန္တလေးက နေရာတချို့မှာ ကားနဲ့လှည့်ပြီး သတိပေးနေတာပါ။ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ အသံတိတ်သပိတ်၊ လက်ခုပ်တီး၊ သံပုံးတီး၊ ကားဟွန်းတီး စတဲ့ အသံထွက်သပိတ်တွေလုပ်တာ၊ ဒါမှမဟုတ် လှုံ့ဆော်ဝါဒဖြန့်မှုတွေကို ထပ်ဆင့်မျှဝေတာတွေလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) စတဲ့ ဥပဒေတွေနဲ့ အရေးယူမယ် ဆိုပြီး စစ်ကောင်စီက ကားတွေနဲ့ လိုက်အော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့မှာ ဈေးဆိုင်တွေအနေနဲ့ ပုံမှန်ဆိုင်မဖွင့်ရင်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပစ္စည်းတွေသိမ်းမယ်လို့ သတိပေး ခြိမ်းခြောက်နေပါတယ်။

မန္တလေးမြို့မှာ ဒီသတိပေးချက်တွေကို စစ်ကောင်စီက လိုက်ကြေညာနေသလို လက်ကမ်းစာစောင်ဝေတာ၊ ဓာတ်တိုင်တွေမှာ စာကပ်တာတွေ လုပ်နေပါတယ်။ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်တဲ့သူတွေကို ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ မန္တလေးသပိတ်အင်အားစုက ကိုသူရအောင်က VOA ကို ပြောပါတယ်။

“လူထုကို ခြိမ်းခြောက်တယ်။ တသက်တကျွန်းထိ ကျနိုင်လောက်တဲ့ အခြေအနေတွေနဲ့ ပြည်သူလူထုကို ဥပဒေတွေ ပေါင်းစုံ နည်းနာပေါင်းစုံနဲ့ ဆိုင်ခန်းတွေဆိုရင် ဆိုင်မပိတ်ဖို့ရာအတွက် လက်မှတ်တွေထိုးခိုင်းတယ်။ ပြည်သူလူထုကြားမှာလည်း သတင်းအမှားတွေ Silent Strikeမှာ မပါဝင်ဖို့ တောက်လျှောက်ပေါ့နှော် ကျွန်တော်တို့စခေါ်တဲ့ နေ့ကနေစပြီး ဒီနေ့ထိ မန္တလေးမြို့မှာ ကားတွေနဲ့ လှည့်ပြီးအော်တယ်။ ဆိုက်ဝါးတွေခင်းတယ်။ စာရွက်တွေ လမ်းပေါ်မှာကပ်တယ်။ ပြီးရင် သူတို့ရဲ့ ထုံးစံအတိုင်းပဲပေါ့ ယုတ်မာမှုအပေါင်း သရဖူဆောင်းထားတဲ့ စစ်ကောင်စီက သူတို့ရဲ့ လုပ်နိုင်တဲ့နည်းက ဒီတနည်းပဲရှိတော့ ကျွန်တော်တို့ ပြည်သူတွေကို ကြောက်အောင် ခြိမ်းခြောက်တာတွေ ဆက်တိုက် ဆက်တိုက် တွေ့ရပါတယ်ခင်ဗျ။ ကျွန်တော်တို့မန္တလေးမြို့မှာ တချို့ နယ်ပယ်အသီးသီးမှာ ချိတ်ပိတ်တဲ့ဆိုင်တွေ တွေ့ရတယ်။ ချိတ်ပိတ်ရုံတင်မဟုတ်ဘူးပေါ့ သူတို့က ဆိုင်တွေမှာ မူးယစ်ဆေးဝါးတွေ တွေ့လို့ဆိုပြီးတော့ ညှဉ်းပန်းနှိပ်စက်ထားတာတွေလည်း မြေပြင်အခြေအနေ သတင်းတွေအရ တွေ့ရပါတယ်ဗျ။”

အသံတိတ်သပိတ်မှာ ပါဝင်ရင် ထောင်ဒဏ်တွေချနိုင်တဲ့ ပုဒ်မတွေတပ်ပြီးအရေးယူမယ်လို့ စစ်ကောင်စီဘက်က သတိပေးနေတာမို့ ပြည်သူတွေအနေနဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အသံတိတ်သပိတ်ကို ပါဝင်လို့ရတယ်လို့ ရန်ကုန်သပိတ်ဦးဆောင်သူတဦးက ပြောပါတယ်။

“Silent Strike အချိန်က ကျွန်တော်တို့ ၁၀ နာရီကနေ ၄ နာရီအထိပဲ သတ်မှတ်ထားတာကို ကျွန်တော်တို့က အဲ့နေ့မှာ လူတော်တော်များများက ရုံးတက်ရတာ ၉ နာရီကနေ ၅ နာရီထိဆိုတော့ ရုံးသွားရုံးဆင်းချိန်ကလည်း လွတ်တယ်ဗျာ၊ ၉ နာရီမထိုး ခင် ရုံးသွားမယ်သူက ပုံမှန်အတိုင်းရှိပြီးသား၊ ၁၀ နာရီထိုး သပိတ်စတဲ့အချိန်မှာ သူတို့က အလုပ်ခွင်ထဲ ရောက်နေပြီ။ ၄ နာရီ သပိတ်ပြီးတဲ့အချိန် သူတို့ရုံးမှာပဲ ရှိသေးတယ်။ ၅ နာရီ ရုံးဆင်းမယ်။ အဲ့လိုအချိန်နဲ့ လူထုက လမ်းပေါ်ပြန်တက်လာနိုင်တဲ့ အနေအထားရှိတယ်။ အလုပ်သွားမယ့်သူကလည်း ပုံမှန်သွားရုံပဲ၊ ဆိုင်တွေကလည်း ကျွန်တော်တို့ ဆိုင်ရှင်တွေ အနေနဲ့လည်း ဆိုင်လုံးဝမပိတ်နဲ့ ဖွင့်ထားလိုက် ၁၀ နာရီကနေ ၄ နာရီအတွင်းလာဝယ်မယ့်သူမရှိဘူး။ အဲ့လိုပုံစံမျိုးက ဘေးအကင်းဆုံးလို့ ကျနော်ထင်တယ်။ တဘက်ကလည်း သူတို့ ဘာမှမတတ်နိုင်ဘူး။ သေချာတယ် သူတို့ ဘာမှ မတတ်နိုင်ဘူး။”

စစ်ကောင်စီက ဆိုင်တွေမပိတ်ဖို့နဲ့ ပိတ်ရင် နိုင်ငံဘဏ္ဍာအဖြစ် ချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ်မယ်ဆိုတာကြောင့် တချို့ဆိုင်တွေကတော့ မဖြစ်မနေ အခြေအနေကြောင့် ဖွင့်ထားရမယ်လို့ သင်္ဘောသီးထောင်းဆိုင် ပိုင်ရှင်တဦးက ခုလိုပြောပါတယ်။

“ကျွန်တော်တို့က ကလေးတွေလဲရှိတော့ စီးပွားရေးလဲ တဘက်နဲ့ဆိုတော့ ဆိုင်တော့ အဖွင့်ပြလိုက်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ အဲ့နေ့က လူလည်းထွက်လာမှာ မဟုတ်ဘူးလေ။ ဆိုင်ကတော့ အဖွင့်လေးတော့ ပြရမှာပေါ့။ လာဝယ်တာပြုတာကျတော့ မရှိတော့ဘူးလေ အဲ့ကျတော့။”

စစ်ကောင်စီဘက်ကတရားစွဲမယ့် ပုဒ်မတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) က ထောင်ဒဏ် ၁၀ နှစ်၊ နိုင်ငံတော်အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄-က က ထောင်ဒဏ် နှစ် ၂၀ ထိ၊ တပ်မတော်အကြည်ညိုပျက်အောင်လုပ်ဆောင်မှု ၅၀၅-က အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက် ရေးဥပ‌ဒေပုဒ်မ ၃၃(က) တို့ကတော့ ထောင် ၃နှစ်ထိ ချမှတ် နိုင်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ အသံတိတ်သပိတ်ကို ၂၀၂၁ မတ်လနဲ့ ဒီဇင်ဘာလတွေတုန်းကလည်း ပြုလုပ်ခဲ့တာမှာ မြန်မာတနိုင်ငံလုံးအနှံ့ အများစု ပါဝင်ခဲ့ကြပြီး သပိတ်မှောက်နေချိန်မှာ လှုပ်ရှားသွားလာမှုတွေအားလုံး ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဆိုင်ပိတ်ခဲ့တဲ့ တချို့ဈေးဆိုင်တွေ ပစ္စည်းသိမ်းတာအပါအဝင် အရေးယူခံရတာတွေရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အသံတိတ်သပိတ် Silent Strike လုပ်ကြဖို့ စစ်အာဏာရှင် ဆန့်ကျင်သူတွေ စီစဉ်နေကြတဲ့ တချိန်ထဲမှာ စစ်တပ်ထောက်ခံသူတချို့ကလည်း စစ်ကောင်စီထောက်ခံပွဲတွေ လုပ်မယ်လို့ ကြေညာထားကြပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ရန်ကုန်မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ လူအင်အား ၁၉၉ ယောက်နဲ့ စစ်တပ်ထောက်ခံပွဲလုပ်မယ်လို့ အဖွဲ့တခုက ကြေညာထားပါတယ်။

XS
SM
MD
LG