သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဦးစည္သူေအာင္ျမင့္ က်န္းမာေရးေကာင္းမြန္ေၾကာင္း အက်ဥ္းဦးစီးဌာန တုံ႔ျပန္


ဦးစည္သူေအာင္ျမင့္။

(Zawgyi / Unicode)

ဗြီအိုေအျမန္မာပိုင္းရဲ႕ ပင္တိုင္ေဆာင္းပါးရွင္တဦးျဖစ္သူ ဦးစည္သူေအာင္ျမင့္ရဲ႕ က်န္းမာေရး အေျခအေန ေကာင္းမြန္ေနတယ္လို႔ အက်ဥ္းဦးစီးဌာနက ေျပာပါတယ္။

ဦးစည္သူေအာင္ျမင့္အေပၚ တင္ထားတဲ့ စြဲခ်က္ေတြ ၾကားနာစစ္ေဆးမယ့္ကိစၥနဲ႔ ပတ္သက္လို႔ ၿပီးခဲ့တဲ့ ဧၿပီလ ၂၁ ရက္ေန႔က ဗြီအိုေအက သူ႔ရဲ႕ေရွ႕ေနကို ေမးျမန္းစဥ္ ဦးစည္သူေအာင္ျမင့္နဲ႔ တျခား အက်ဥ္းသားေတြ လုံေလာက္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ရရွိဖို႔ အခက္အခဲ ရွိေနတယ္လို႔ ေျပာဆိုခဲ့တာနဲ႔ ပတ္သက္လို႔ ဗြီအိုေအျမန္မာပိုင္းက စစ္ေကာင္စီကတဆင့္ အက်ဥ္းဦးစီးဌာနကို ေမးျမန္းခဲ့ပါတယ္။

၇ လာၾကာ အခ်ဳပ္က်ေနစဥ္ ေရာဂါအခံရွိေၾကာင္း တင္ျပခဲ့တာ မရွိသလို ေဆးခန္းျပသရျခင္းလည္း မရွိေၾကာင္း၊ က်န္းမာေရး ေကာင္းမြန္ေနေၾကာင္းနဲ႔ ဦးစည္သူေအာင္ျမင့္ဘက္ကလည္း က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္တယ္ဆိုတဲ့ တင္ျပခ်က္မ်ိဳး မရွိခဲ့ေၾကာင္း အက်ဥ္းဦးစီးဌာနက ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ ခ်ဳပ္ေႏွာင္ခံရသူေတြ အားလုံးရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈကို ဥပေဒ လုပ္ထုံးလုပ္နည္းနဲ႔အညီ ေစာင့္ေရွာက္ေပးေနေၾကာင္းလည္း အက်ဥ္းဦးစီးဌာနရဲ႕ တုံ႔ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္ ျပဳလုပ္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄-က၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ တရား႐ုံးနဲ႔ ဗဟန္းၿမိဳ႕နယ္ တရား႐ုံးတို႔က တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႔ေဆာ္မႈ ပုဒ္မ ၅၀၅-က တို႔နဲ႔ ဦးစည္သူေအာင္ျမင့္ စြဲခ်က္တင္ခံထားရတာပါ။

ပုဒ္မ ၁၂၄-က အမႈအတြက္ ဦးစည္သူေအာင္ျမင့္ဘက္က ျပန္ေခၚသက္ေသေတြကို ေခၚယူစစ္ေဆးမႈ ဧၿပီလ ၂၀ ရက္၊ ဗုဒၶဟူးေန႔က ၿပီးသြားၿပီျဖစ္လို႔ ေနာက္တေခါက္ ႐ုံးခ်ိန္းက်ရင္ စြဲခ်က္တင္ထားတဲ့အမႈကို စတင္ၾကားနာ စစ္ေဆးမယ္လို႔ သူ႔ေရွ႕ေနက ေျပာပါတယ္။

ဦးစည္သူေအာင္ျမင့္နဲ႔အတူ ဖမ္းဆီးခဲ့တဲ့ သတင္းသမား မထက္ထက္ခိုင္ဟာလည္း ပုဒ္မ ၅၀၅-က၊ မတရားအသင္းနဲ႔ ဆက္သြယ္မႈ ပုဒ္မ ၁၇/၁ တို႔နဲ႔ တရားရင္ဆိုင္ေနရပါတယ္။

ျမန္မာတႏိုင္ငံလုံးမွာ ေလာေလာဆယ္ ဖမ္းဆီးခံထားရတဲ့ သတင္းသမားေပါင္း ၇၀ ဝန္းက်င္ ရွိပါတယ္။

----------------------------

(Unicode)

ဦးစည်သူအောင်မြင့် ကျန်းမာရေးကောင်းမွန်ကြောင်း အကျဉ်းဦးစီးဌာန တုံ့ပြန်

ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။

ဦးစည်သူအောင်မြင့်အပေါ် တင်ထားတဲ့ စွဲချက်တွေ ကြားနာစစ်ဆေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ဗွီအိုအေက သူ့ရဲ့ရှေ့နေကို မေးမြန်းစဉ် ဦးစည်သူအောင်မြင့်နဲ့ တခြား အကျဉ်းသားတွေ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ အခက်အခဲ ရှိနေတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းက စစ်ကောင်စီကတဆင့် အကျဉ်းဦးစီးဌာနကို မေးမြန်းခဲ့ပါတယ်။

၇ လာကြာ အချုပ်ကျနေစဉ် ရောဂါအခံရှိကြောင်း တင်ပြခဲ့တာ မရှိသလို ဆေးခန်းပြသရခြင်းလည်း မရှိကြောင်း၊ ကျန်းမာရေး ကောင်းမွန်နေကြောင်းနဲ့ ဦးစည်သူအောင်မြင့်ဘက်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တယ်ဆိုတဲ့ တင်ပြချက်မျိုး မရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာနက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ချုပ်နှောင်ခံရသူတွေ အားလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ စောင့်ရှောက်ပေးနေကြောင်းလည်း အကျဉ်းဦးစီးဌာနရဲ့ တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က၊ ပုဇွန်တောင်မြို့နယ် တရားရုံးနဲ့ ဗဟန်းမြို့နယ် တရားရုံးတို့က တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က တို့နဲ့ ဦးစည်သူအောင်မြင့် စွဲချက်တင်ခံထားရတာပါ။

ပုဒ်မ ၁၂၄-က အမှုအတွက် ဦးစည်သူအောင်မြင့်ဘက်က ပြန်ခေါ်သက်သေတွေကို ခေါ်ယူစစ်ဆေးမှု ဧပြီလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့က ပြီးသွားပြီဖြစ်လို့ နောက်တခေါက် ရုံးချိန်းကျရင် စွဲချက်တင်ထားတဲ့အမှုကို စတင်ကြားနာ စစ်ဆေးမယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

ဦးစည်သူအောင်မြင့်နဲ့အတူ ဖမ်းဆီးခဲ့တဲ့ သတင်းသမား မထက်ထက်ခိုင်ဟာလည်း ပုဒ်မ ၅၀၅-က၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ တရားရင်ဆိုင်နေရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ လောလောဆယ် ဖမ်းဆီးခံထားရတဲ့ သတင်းသမားပေါင်း ၇၀ ဝန်းကျင် ရှိပါတယ်။

XS
SM
MD
LG