သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲစတင်


(သတင်းဓာတ်ပုံ - ASEAN-ROK Commemorative Summit via AP)
(သတင်းဓာတ်ပုံ - ASEAN-ROK Commemorative Summit via AP)

(Zawgyi/ Unicode)

တောင်ကိုရီးယားနဲ့ အာဆီယံကြားဆွေးနွေးဘက် အနှစ် ၃၀ ပြည့်အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲတွေကို တောင်ကိုရီးယားနိုင်ငံ Busan ဆိပ်ကမ်းမြို့မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ တောင်ကိုရီးယားတို့ကြား ဆွေးနွေးဘက် ဆက်ဆံရေး အနှစ် ၃၀ ကြာခိုင်မြဲနေတာနဲ့ ၁၂ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုဟာ ၂ ဘက် လူမှုအသိုင်းအဝိုင်းကြား ချစ်ကြည် ရင်းနှီးမှုကို ပြသတဲ့ သက်သေဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က ပြောကြားခဲ့ပါတယ်။

၂ ဘက် အစိုးရတာဝန်ရှိသူတွေ စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်တဲ့ CEO ထိပ်သီးစည်းဝေးပွဲမှာ သမ္မတ Moon Jae-in က ခုလိုမိန်ခွန်းပြောကြားသွားတာ ဖြစ်ပါတယ်။ အာဆီယံနဲ့ တောင်ကိုရီးယားဟာ အတူတိုးတက်နိုင်တဲ့ လူမှုအသိုင်းအဝိုင်းကြီး တခုဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အာဆီယံကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးလုပ်ကြဖို့အတွက်လည်း ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲမှာ တောင်ကိုရီးယား သမ္မတက တိုက်တွန်းသွားခဲ့ပါတယ်။

ယဉ်ကျေးမှု အနုပညာကဏ္ဍဟာ တိုးတက်ဖို့ အလားအလာအများဆုံး ကဏ္ဍဖြစ်တယ်လို့လည်း သမ္မတ Moon Jae-in ကပြောခဲ့ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲတွေကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပါတယ်။ သမ္မတ Moon Jae-in နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ၂ နိုင်ငံကိစ္စ သီးခြား တွေ့ဆုံဆွေးနွေးမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဘူဆန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာတော့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တေ့ွဆုံခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကျရင်လည်း ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG