သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆလိုဗက် ဝန်ကြီးချုပ် လုပ်ကြံခံရမှုကြောင့် အပြင်းအထန်ဒဏ်ရာရ


ဆလိုဗက်ကီယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကို လုပ်ကြံခံရမှုကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ရဟတ်ယာဉ်ဖြင့် ဆေးရုံကို ခေါ်ဆောင်သွားစဉ် (မေ ၁၅၊ ၂၀၂၄)
ဆလိုဗက်ကီယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကို လုပ်ကြံခံရမှုကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ရဟတ်ယာဉ်ဖြင့် ဆေးရုံကို ခေါ်ဆောင်သွားစဉ် (မေ ၁၅၊ ၂၀၂၄)

ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico ဟာ ဒီကနေ့ မေလ ၁၅ ရက်နေ့မှာ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခံရပြီးတဲ့နောက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် ဝန်ကြီးချုပ်ဟာ နိုင်ငံအလယ်ပိုင်း Handlova မြို့မှာ အစည်းဝေးတခု ပြုလုပ်ပြီးတဲ့နောက် အခုလို လုပ်ကြံခြင်းခံရတာဖြစ်ပြီး သူ့ကို အရေးပေါ်ကုသမှုပေးဖို့ Banska Bystrica မြို့ကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ အခင်းဖြစ်တဲ့နေရာမှာ သေနတ်သံတွေ ကြားရကြောင်းနဲ့ ဝန်ကြီးချုပ်ဟာ ဝမ်းဗိုက်မှာ ထိခိုက် ဒဏ်ရာရသွားကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ သူ့ကို သေနတ်နဲ့ပစ်ပြီး လုပ်ကြံဖို့ ကြိုးစားသူလို့ ယူဆရတဲ့ မသင်္ကာသူကိုတော့ လုံခြုံရေးအဖွဲ့တွေက အခင်းဖြစ်တဲ့နေရာမှာ ဖမ်းမိပြီး ကားနဲ့တင်ခေါ်သွားတယ်လို့ ဆိုပါတယ်။

မြို့တော် Bratislava ရဲ့ အရှေ့မြောက်ဘက် Handlova မြို့မှာ နေ့လည် ၂ နာရီခွဲလောက်က ပစ်ခတ်မှု ဖြစ်သွားခဲ့တာပါ။

ဝန်ကြီးချုပ် Robert Fico ဟာ လူအများကြိုက်တဲ့ နိုင်ငံရေးအယူဝါဒကို ပြောင်းလဲ လုပ်ဆောင်လာပြီးတဲ့နောက် ဆလိုဗားကီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၄ ကြိမ်မြောက် ရွေးကောက် တင်မြောက်ခံထားရသူလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG