{{Zawgyi/Unicode}}
စစ္ေကာင္စီရဲ႕ ေရြးေကာက္ပြဲေကာ္မရွင္မွာ ပါတီမွတ္ပုံတင္မွာမဟုတ္ဘူးလို႔ အႀကီးဆုံးတိုင္းရင္းသားလူနည္းစုပါတီျဖစ္တဲ့ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ႀကီးမားတဲ့ အက်ိဳးဆက္ ႀကဳံရႏိုင္တယ္လို႔ သုံးသပ္ၾကပါတယ္။ ဒီလ ၂၈ ရက္ ေနာက္ဆုံး မွတ္ပုံမတင္ရင္ ပါတီဖ်က္သိမ္းၿပီးသားျဖစ္တယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္က တင္းၾကပ္ထားခ်ိန္၊ ရွမ္းပါတီေတြထဲ မဲ အမ်ားဆုံးရေလ့ရွိတဲ့ SNLD ပါတီႀကီးအေနနဲ႔ ဘာေၾကာင့္ ခုလို ဆုံးျဖတ္ရတာပါလဲ။ ဘယ္လိုစိုးရိမ္မႈရွိၿပီး ဘယ္လိုေရွ႕ဆက္ဖို႔ ရွိပါလဲ။ ကိုဝင္းမင္းက ေမးျမန္းတင္ျပထားပါတယ္။
SNLD ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးမွာ ၾကာသပေတးနဲ႔ေသာၾကာမွာ အႀကိတ္အနယ္ေဆြးေႏြးခဲ့ၾကၿပီး ဘာေၾကာင့္ ဒီလိုဆုံးျဖတ္ခဲ့ရပုံကို အေထြေထြအတြင္းေရးမွဴး ဦးစိုင္းလိတ္က အခုလို ေျပာပါတယ္။
“နစကအေနနဲ႔ ေရြးေကာက္ပြဲကိုဘယ္ေတာ့လုပ္မယ္ဆိုတာ အတိအက် ေၾကညာထားျခင္းမရွိဘူး။ ဒါ ဆုံးျဖတ္ရ အင္မတန္ခက္ခဲေစပါတယ္။ ဒုတိယတခ်က္က ပါတီဝင္ထုကို သြားေရာက္ၿပီးေတာ့မွ သေဘာထားရယူဖို႔အတြက္ နယ္ဆင္းမယ္၊ အထူးသျဖင့္ေတာ့ ကယားျပည္နယ္၊ ကခ်င္ျပည္နယ္ အစရွိတဲ့ေဒသေတြမွာ ေတြ႕ဆုံဖို႔အတြက္ အခ်ိန္နည္းတယ္။ လုံၿခဳံေရးအရ အကန္႔အသတ္ရွိတယ္။ ပါတီဝင္ထုတရပ္လုံးရဲ႕သေဘာထားကိုရယူဖို႔ ခက္တဲ့အတြက္ေၾကာင့္မို႔လို႔ မဆုံးျဖတ္ႏိုင္ေသးဘဲနဲ႔ ေလာေလာဆယ္အားျဖင့္ ဆက္လက္မွတ္ပုံတင္စရာမရွိဘူးလို႔ ဆုံးျဖတ္လိုက္ရပါတယ္။
ဒီအေပၚ ျပည္ေထာင္စု၊ အင္စတီက်ဳသုေတသန ညႇိႏႈိင္းေရးတာဝန္ခံ ေဒါက္တာစိုင္းဦးကလည္း
“SNLD အေနနဲ႔ လက္ရွိ ပုံမွန္အေျခအေနမဟုတ္ဘူး။ ေရြးေကာက္ပြဲျပႆနာမၾကာခဏ ေျပာၿပီးေတာ့ SAC လုပ္ေနတဲ့ဟာေတြက တကယ္စစ္မွန္တဲ့ေျပာင္းလဲမႈျဖစ္လာမွာမဟုတ္ဘူးလို႔ သူတို႔က ျမင္တယ္။ အဲလိုအျမင္ရွိတယ္။ အခက္အခဲတခုပဲရွိတာေပါ႔။ တကယ္လို႔ မွတ္ပုံမတင္လို႔ရွိရင္ ဘာအက်ိဳးဆက္ရွိလာႏိုင္မလဲေပါ႔။”
ဒီအက်ိဳးဆက္စိုးရိမ္မႈအေပၚေမးရာမွာ ဦးစိုင္းလိတ္က -
“စိုးရိမ္ခ်က္ဆိုတာေတာ့ တခ်ိဳ႕လည္း ရွိတာေပါ႔ေနာ္။ ႏိုင္ငံေရးပါတီလို႔ ေျပာလိုက္တာနဲ႔ မွတ္ပုံတင္ရွိျခင္း မရွိျခင္း၊ ေနာက္ ေရြးေကာက္ပြဲဆိုတာနဲ႔ ႏႈိင္းယွဉ္ၿပီးေတာ့မွ စဉ္းစားတဲ့ပုဂၢိဳလ္အနည္းအက်ဉ္းေတာ့ ရွိပါတယ္။ ဒါေပမဲ့ အေၾကအလယ္ေဆြးေႏြးၿပီးတဲ့ေနာက္မွာေတာ့ အားလုံးက ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ကသာလွ်င္ အဓိကျဖစ္တယ္၊ ေရြးေကာက္ပြဲက အဓိကမဟုတ္ဘူးလို႔ နားလည္လက္ခံၿပီးေတာ့မွ တညီတၫြတ္တည္း ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔က ၂၀၁၀ တုန္းကလည္း ဒါလိုမ်ိဳး အေတြ႔အႀကဳံရွိခဲ့ဖူးတယ္။ လူထုရဲ႕ေထာက္ခံမႈကသာလွ်င္ အဓိကျဖစ္တယ္။ မွတ္ပုံတင္ကအဓိကမဟုတ္ဘူးဆိုတဲ့သေဘာထားမ်ိဳးကေတာ့ ႏွစ္ဆယ္ခ်ီၿပီးေတာ့ ႀကဳံေတြ႕ခဲ့ဖူးတဲ့အတြက္ေၾကာင့္ ထူးၿပီးစိုးရိမ္တာမ်ိဳး မရွိပါဘူး။”
ဒါ႔ျပင္ SNLD ရဲ႕အရင္ကတည္းက ဒီမိုကေရစီနဲ႔ဖက္ဒရယ္အေပၚ ရပ္တည္ခဲ့တာကိုလည္း ပင္လုံမ်ိဳးဆက္သစ္သုေတသနအဖြဲ႕က စိုင္းထြန္းေအးက -
“NLD အခု ေရြးေကာက္ပြဲ မဝင္လို႔ အခု (SNLD) မွတ္ပုံမတင္ဘူးဆိုတဲ့ပုံစံမ်ိဳးေတာ့ မဟုတ္ပါဘူး။ ၂၀၀၄ ခုႏွစ္က ကတည္းက ေညာင္ႏွစ္ပင္ စကတည္းကကိုနဲ႔ SNLD ကသပိတ္ေမွာက္တယ္ေလ၊ ျပည္သူအတြက္ေမွ်ာ္မွန္းထားတဲ့ ဖယ္ဒရယ္ ဒီမိုကေရစီ ရဲ့လိုင္းကို က်မွာမဟုတ္ဘူးဆိုတာကို သိတဲ့အတြက္ အဲဒီကတည္းက သပိတ္ေမွာက္ခဲ့တာပါ။ အခု မွတ္ပုံတင္မွ၊ တရားဝင္ပါတီအျဖစ္ရပ္တည္မွသာ လူထုစည္း႐ုံးေရးေတြ လုပ္ႏိုင္တယ္လို႔ မဟုတ္ပါဘူး။ သူ့.လူထုနဲ႔သူရွိတာပဲ၊ SNLD ကလည္း။ လက္ရွိကာလမွာေတာ့ ေသြးထြက္သံယိုမႈေတြ ျဖစ္ေနတာ။ ဘယ္လိုလုပ္ တရားမွ်တတဲ့ေရြးေကာက္ပြဲ ျဖစ္ႏိုင္ပါ႔မလဲဆိုတာ သာမန္ ျပည္သူကေတာ့ သေဘာေပါက္မယ္။”
အဲဒီေတာ့ ဘယ္လိုေရွ႕ဆက္မလဲဆိုတာကိုေမးရာမွာ ဦးစိုင္းလိတ္က -
“အစိုးရအေျပာင္းအလဲဆိုတာထက္ေပါ႔ဗ်ာ-စနစ္ေပါ႔၊ အဓိက က system change ကိုသြားရမယ္လို႔ က်ေနာ္တို႔ CEC တဖြဲ႕လုံးကနားလည္ထားၿပီး ဒီဥစၥာကို ပါတီဝင္ထုကို တင္ျပမယ္။ တခ်ိန္တည္းမွာ မဟာမိတ္အျဖစ္လက္တြဲခဲ့ဖူးတဲ့၊ လက္တြဲလာလတံ့ေသာ ပုဂၢိဳလ္ေတြ၊ အဖြဲ႕အစည္းေတြနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ဖက္ဒရယ္ဒီမိုကေရစီစနစ္ဆီ ခ်ီတက္ႏိုင္ဖို႔အတြက္ ဆက္လက္ၿပီး ႐ုန္းကန္ေဆာင္ရြက္သြားဖို႔ျပင္ဆင္ေနၾကပါတယ္။”
ဒီ ေရွ႕ဆက္အက်ိဳးဆက္ႀကီးႏိုင္ဖို႔ကိုလည္း ေဒါက္တာစိုင္းဦးက အခုလို ေျပာပါတယ္။
“SNLD ကေတာ့ ရွမ္းလူထုေတြေထာက္ခံမႈက အၿမဲရွိေနမယ္ေလ။ ဘာျဖစ္လို႔လဲဆိုေတာ့ SNLD ရဲ႕ရပ္တည္ခ်က္က ျမန္မာျပည္တခုလုံးမွာ NLD (အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္) ပါတီႀကီးကို လူထုက အၿမဲတမ္းေထာက္ခံအားေပးခဲ့သလို SNLD က ရွမ္းလူထုနဲ႔ ရွမ္းျပည္နယ္မွာရွိတဲ့ တခ်ိဳ႕လူေတြ ယုံၾကည္ ေထာက္ခံမႈကရရွိၿပီးသား ျဖစ္တယ္။ သူတို႔ကို တကယ္လို႔ တရားဝင္ပါတီမဟုတ္ဘူးဆိုၿပီး ေၾကညာခဲ့ရင္လည္း ဒီလူေတြမ်ားစုေထာက္ခံတဲ့ပါတီကို ႏိုင္ငံေရးေလာကထဲမွာ ဆက္လက္ရပ္တည္ခြင့္မရွိေတာ့ဘူးဆိုတဲ့ဟာ ႏိုင္ငံေရးျပႆနာသစ္ေတြကို ထပ္ၿပီးေတာ့ ေမြးဖြားတဲ့သေဘာမ်ိဳး ျဖစ္သြားမယ္။”
လက္ရွိမွာေတာ့ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးအပါအဝင္ ျပည္ေထာင္စုအဆင့္ ပါတီ ၇ ခုနဲ႔ တိုင္းနဲ႔ျပည္နယ္အဆင့္ပါတီ ၂၀ ပါတီမွတ္ပုံတင္ထားေပမဲ့ ရခိုင္မွာအႀကီးဆုံးပါတီျဖစ္တဲ့ ANP ရခိုင္အမ်ိဳးသားပါတီကလည္း မဆုံးျဖတ္ရေသးပါဘူးခင္ဗ်ာ။
===========
{{Unicode}}
SNLD ပါတီ ဘာကြောင့် မှတ်ပုံမတင်သလဲ
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်မှာမဟုတ်ဘူးလို့ အကြီးဆုံးတိုင်းရင်းသားလူနည်းစုပါတီဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ အကျိုးဆက် ကြုံရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီလ ၂၈ ရက် နောက်ဆုံး မှတ်ပုံမတင်ရင် ပါတီဖျက်သိမ်းပြီးသားဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က တင်းကြပ်ထားချိန်၊ ရှမ်းပါတီတွေထဲ မဲ အများဆုံးရလေ့ရှိတဲ့ SNLD ပါတီကြီးအနေနဲ့ ဘာကြောင့် ခုလို ဆုံးဖြတ်ရတာပါလဲ။ ဘယ်လိုစိုးရိမ်မှုရှိပြီး ဘယ်လိုရှေ့ဆက်ဖို့ ရှိပါလဲ။ ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။
SNLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ကြာသပတေးနဲ့သောကြာမှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး ဘာကြောင့် ဒီလိုဆုံးဖြတ်ခဲ့ရပုံကို အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။
“နစကအနေနဲ့ ရွေးကောက်ပွဲကိုဘယ်တော့လုပ်မယ်ဆိုတာ အတိအကျ ကြေညာထားခြင်းမရှိဘူး။ ဒါ ဆုံးဖြတ်ရ အင်မတန်ခက်ခဲစေပါတယ်။ ဒုတိယတချက်က ပါတီဝင်ထုကို သွားရောက်ပြီးတော့မှ သဘောထားရယူဖို့အတွက် နယ်ဆင်းမယ်၊ အထူးသဖြင့်တော့ ကယားပြည်နယ်၊ ကချင်ပြည်နယ် အစရှိတဲ့ဒေသတွေမှာ တွေ့ဆုံဖို့အတွက် အချိန်နည်းတယ်။ လုံခြုံရေးအရ အကန့်အသတ်ရှိတယ်။ ပါတီဝင်ထုတရပ်လုံးရဲ့သဘောထားကိုရယူဖို့ ခက်တဲ့အတွက်ကြောင့်မို့လို့ မဆုံးဖြတ်နိုင်သေးဘဲနဲ့ လောလောဆယ်အားဖြင့် ဆက်လက်မှတ်ပုံတင်စရာမရှိဘူးလို့ ဆုံးဖြတ်လိုက်ရပါတယ်။
ဒီအပေါ် ပြည်ထောင်စု၊ အင်စတီကျုသုတေသန ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာစိုင်းဦးကလည်း
“SNLD အနေနဲ့ လက်ရှိ ပုံမှန်အခြေအနေမဟုတ်ဘူး။ ရွေးကောက်ပွဲပြဿနာမကြာခဏ ပြောပြီးတော့ SAC လုပ်နေတဲ့ဟာတွေက တကယ်စစ်မှန်တဲ့ပြောင်းလဲမှုဖြစ်လာမှာမဟုတ်ဘူးလို့ သူတို့က မြင်တယ်။ အဲလိုအမြင်ရှိတယ်။ အခက်အခဲတခုပဲရှိတာပေါ့။ တကယ်လို့ မှတ်ပုံမတင်လို့ရှိရင် ဘာအကျိုးဆက်ရှိလာနိုင်မလဲပေါ့။”
ဒီအကျိုးဆက်စိုးရိမ်မှုအပေါ်မေးရာမှာ ဦးစိုင်းလိတ်က -
“စိုးရိမ်ချက်ဆိုတာတော့ တချို့လည်း ရှိတာပေါ့နော်။ နိုင်ငံရေးပါတီလို့ ပြောလိုက်တာနဲ့ မှတ်ပုံတင်ရှိခြင်း မရှိခြင်း၊ နောက် ရွေးကောက်ပွဲဆိုတာနဲ့ နှိုင်းယှဉ်ပြီးတော့မှ စဉ်းစားတဲ့ပုဂ္ဂိုလ်အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒါပေမဲ့ အကြေအလယ်ဆွေးနွေးပြီးတဲ့နောက်မှာတော့ အားလုံးက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်ကသာလျှင် အဓိကဖြစ်တယ်၊ ရွေးကောက်ပွဲက အဓိကမဟုတ်ဘူးလို့ နားလည်လက်ခံပြီးတော့မှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျနော်တို့က ၂၀၁၀ တုန်းကလည်း ဒါလိုမျိုး အတွေ့အကြုံရှိခဲ့ဖူးတယ်။ လူထုရဲ့ထောက်ခံမှုကသာလျှင် အဓိကဖြစ်တယ်။ မှတ်ပုံတင်ကအဓိကမဟုတ်ဘူးဆိုတဲ့သဘောထားမျိုးကတော့ နှစ်ဆယ်ချီပြီးတော့ ကြုံတွေ့ခဲ့ဖူးတဲ့အတွက်ကြောင့် ထူးပြီးစိုးရိမ်တာမျိုး မရှိပါဘူး။”
ဒါ့ပြင် SNLD ရဲ့အရင်ကတည်းက ဒီမိုကရေစီနဲ့ဖက်ဒရယ်အပေါ် ရပ်တည်ခဲ့တာကိုလည်း ပင်လုံမျိုးဆက်သစ်သုတေသနအဖွဲ့က စိုင်းထွန်းအေးက -
“NLD အခု ရွေးကောက်ပွဲ မဝင်လို့ အခု (SNLD) မှတ်ပုံမတင်ဘူးဆိုတဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ်က ကတည်းက ညောင်နှစ်ပင် စကတည်းကကိုနဲ့ SNLD ကသပိတ်မှောက်တယ်လေ၊ ပြည်သူအတွက်မျှော်မှန်းထားတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ရဲ့လိုင်းကို ကျမှာမဟုတ်ဘူးဆိုတာကို သိတဲ့အတွက် အဲဒီကတည်းက သပိတ်မှောက်ခဲ့တာပါ။ အခု မှတ်ပုံတင်မှ၊ တရားဝင်ပါတီအဖြစ်ရပ်တည်မှသာ လူထုစည်းရုံးရေးတွေ လုပ်နိုင်တယ်လို့ မဟုတ်ပါဘူး။ သူ့.လူထုနဲ့သူရှိတာပဲ၊ SNLD ကလည်း။ လက်ရှိကာလမှာတော့ သွေးထွက်သံယိုမှုတွေ ဖြစ်နေတာ။ ဘယ်လိုလုပ် တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလဲဆိုတာ သာမန် ပြည်သူကတော့ သဘောပေါက်မယ်။”
အဲဒီတော့ ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုမေးရာမှာ ဦးစိုင်းလိတ်က -
“အစိုးရအပြောင်းအလဲဆိုတာထက်ပေါ့ဗျာ-စနစ်ပေါ့၊ အဓိက က system change ကိုသွားရမယ်လို့ ကျနော်တို့ CEC တဖွဲ့လုံးကနားလည်ထားပြီး ဒီဥစ္စာကို ပါတီဝင်ထုကို တင်ပြမယ်။ တချိန်တည်းမှာ မဟာမိတ်အဖြစ်လက်တွဲခဲ့ဖူးတဲ့၊ လက်တွဲလာလတံ့သော ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ချီတက်နိုင်ဖို့အတွက် ဆက်လက်ပြီး ရုန်းကန်ဆောင်ရွက်သွားဖို့ပြင်ဆင်နေကြပါတယ်။”
ဒီ ရှေ့ဆက်အကျိုးဆက်ကြီးနိုင်ဖို့ကိုလည်း ဒေါက်တာစိုင်းဦးက အခုလို ပြောပါတယ်။
“SNLD ကတော့ ရှမ်းလူထုတွေထောက်ခံမှုက အမြဲရှိနေမယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ SNLD ရဲ့ရပ်တည်ချက်က မြန်မာပြည်တခုလုံးမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီကြီးကို လူထုက အမြဲတမ်းထောက်ခံအားပေးခဲ့သလို SNLD က ရှမ်းလူထုနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ တချို့လူတွေ ယုံကြည် ထောက်ခံမှုကရရှိပြီးသား ဖြစ်တယ်။ သူတို့ကို တကယ်လို့ တရားဝင်ပါတီမဟုတ်ဘူးဆိုပြီး ကြေညာခဲ့ရင်လည်း ဒီလူတွေများစုထောက်ခံတဲ့ပါတီကို နိုင်ငံရေးလောကထဲမှာ ဆက်လက်ရပ်တည်ခွင့်မရှိတော့ဘူးဆိုတဲ့ဟာ နိုင်ငံရေးပြဿနာသစ်တွေကို ထပ်ပြီးတော့ မွေးဖွားတဲ့သဘောမျိုး ဖြစ်သွားမယ်။”
လက်ရှိမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအပါအဝင် ပြည်ထောင်စုအဆင့် ပါတီ ၇ ခုနဲ့ တိုင်းနဲ့ပြည်နယ်အဆင့်ပါတီ ၂၀ ပါတီမှတ်ပုံတင်ထားပေမဲ့ ရခိုင်မှာအကြီးဆုံးပါတီဖြစ်တဲ့ ANP ရခိုင်အမျိုးသားပါတီကလည်း မဆုံးဖြတ်ရသေးပါဘူးခင်ဗျာ။