သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငါးဖမ်းစက်လှေ နစ်မြုပ်မှုမှာ သေဆုံးသူအလောင်းတချို့ ရှာဖွေတွေ့ရှိ


အိန္ဒိယသမုဒ္ဒရာထဲ နစ်မြုပ်သွားတဲ့ တရုတ်ငါးဖမ်းလှေကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တရုတ်သင်္ဘော Yuan Fu Hai (မေ ၁၇၊ ၂၀၂၃)
အိန္ဒိယသမုဒ္ဒရာထဲ နစ်မြုပ်သွားတဲ့ တရုတ်ငါးဖမ်းလှေကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တရုတ်သင်္ဘော Yuan Fu Hai (မေ ၁၇၊ ၂၀၂၃)

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အိန္ဒိယသမုဒ္ဒရာထဲမှာ တရုတ် ငါးဖမ်းစက်လှေ မှောက်မှုအတွင်း ပျောက်ဆုံးနေတဲ့သူ ၃၉ ယောက်ထဲက ၁၄ ယောက်ရဲ့ ရုပ်အလောင်းကို ရှာတွေ့ကြောင်း သီရိလင်္ကာရေတပ်က ဒီနေ့ပဲ ပြောပါတယ်။ မေလ ၁၆ ရက်နေ့ လှေမှောက်မှုအတွင်း အသက်ရှင်ကျန်ရစ်သူမရှိဘူးလို့ တရုတ်အစိုးရဘက်က ကနဦးကောက်ချက်ချပြီး နောက်တရက်မှာ အခုလို အလောင်းတချို့ကို ရှာတွေ့တာပါ။

အိန္ဒိယသမုဒ္ဒရာထဲ နစ်မြုပ်သွားတဲ့ တရုတ်ငါးဖမ်းလှေကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တရုတ်သင်္ဘော Yuan Fu Hai (မေ ၁၇၊ ၂၀၂၃)
အိန္ဒိယသမုဒ္ဒရာထဲ နစ်မြုပ်သွားတဲ့ တရုတ်ငါးဖမ်းလှေကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တရုတ်သင်္ဘော Yuan Fu Hai (မေ ၁၇၊ ၂၀၂၃)

နစ်မြုပ် ပျောက်ဆုံးနေတဲ့ တရုတ်ငါးဖမ်းလှေ Lu Peng Yuan Yu 028 ပေါ်မှာ တရုတ်နိုင်ငံသား ၁၇ ယောက်၊ အင်ဒိုနီးရှား ၁၇ ယောက်နဲ့ ဖိလစ်ပိုင် ၅ ယောက် ပါသွားတဲ့အကြောင်း တရုတ်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ သြစတြေးလျနိုင်ငံ Perth မြို့အနောက်ဖက် ရေမိုင် ၂၇၀၀ အဝေးမှာ နစ်မြုပ်တာ ဖြစ်တာကြောင့် သြစတြေးလျ ရှာဖွေကယ်ဆယ်ရေးဧရိယာထဲ အကြုံးဝင်တာ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံတောင်ဘက် မိုင် ၆၀၀ ကျော်မှာ သင်္ဘောကို ရှာတွေ့ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပေမယ့် မေလ ၁၈ ရက်နေ့မှာ ရာသီဥတုဆိုးရွားတဲ့အတွက် ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ခက်ခဲခဲ့ပါတယ်။ ရေငုပ်ရှာဖွေမှုအတွင်း အလောင်း ၂ လောင်းကို တွေ့ခဲ့ပြီးနောက် နောက်ထပ် ၁၂ လောင်းကို မနေ့တုန်းက တွေ့ခဲ့ကြောင်း သီရိလင်္ကာရေတပ်က ပြောပြီး ရှာတွေ့တဲ့တည်နေရာကို တရုတ်အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG