သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိမ်းခြောက်မှုမျိုးစုံကို တိုင်ဝမ်ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သမ္မတပြောကြား


Taiwan President Tsai Ing-wen delivers a speech on the day of her seventh year anniversary since she held office in Taipei,
Taiwan President Tsai Ing-wen delivers a speech on the day of her seventh year anniversary since she held office in Taipei,

ထိုင်ဝမ်နိုင်ငံအပေါ် ခြိမ်းခြောက်နေတဲ့ အန္တရယ်အမျိုးမျိုးရှိနေပေမယ့်လည်း အန္တရယ်တွေကို ကောင်းမွန်စွာနဲ့ တာဝန်ယူ မှုရှိရှိ တုန့်ပြန်စီမံနိုင်တယ်လို့ သမတ ဆိုင် အင်ဝမ် Tsa Ing-Wen သူသမတအဖြစ်တာဝန်ယူခဲ့တဲ့ ၇ နှစ်မြောက်နှစ် ပတ်လည်အဖြစ် စနေနေ့မနက်တုန်းက ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာဖေါ်ပြထားပါတယ်။

ခြိမ်းခြောက်မှုမျိုးစုံကို တိုင်ဝမ်ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သမ္မတပြောကြား

ထိုင်ဝမ်နိုင်ငံအပေါ် ခြိမ်းခြောက်နေတဲ့ အန္တရယ်အမျိုးမျိုးရှိနေပေမယ့်လည်း အန္တရယ်တွေကို ကောင်းမွန်စွာနဲ့ တာဝန်ယူ မှုရှိရှိ တုန့်ပြန်စီမံနိုင်တယ်လို့ သမတ ဆိုင် အင်ဝမ် Tsa Ing-Wen သူသမတအဖြစ်တာဝန်ယူခဲ့တဲ့ ၇ နှစ်မြောက်နှစ် ပတ်လည်အဖြစ် စနေနေ့မနက်တုန်းက ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာဖေါ်ပြထားပါတယ်။


ထိုင်ဝမ်အရေးဟာ ယူကရိန်းစစ်ပွဲနဲ့ကြုံနေရတဲ့ ကမ္ဘာကြီးအတွက်အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်လာနေတယ်လို့၊ သမတ ဆိုင်အင်ဝမ်ကပြောဆိုထားပြီး၊ တရုတ်-ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိစ္စကိုရည်ညွန်းပြီး သတိပေး ပြောကြားထားပါတယ်။


တရုတ်ရဲ့ခြိမ်းခြောက်မှုကိုရင်ဆိုင်နေရပေမယ့်လည်း ထိုင်ဝမ်ပြည်သူတွေအနေနဲ့ ရန်မလိုဘဲ၊ အေးဆေးတည်ငြိမ်စွာ တာဝန်ယူမှုရှိရှိလုပ်ဆောင်နေပါတယ်။ ထိုင်ဝမ်ဟာ ရန်စသူ၊ ရန်လိုသူ မဟုတ်ပါဘူးလို့လည်းဖေါ်ပြထားပါတယ်။


ဒီကနေ့ တကမ္ဘာလုံးကသဘောတူထားကြတာကတော့ ထိုင်ဝမ်ရေလက်ကြားကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ဖြစ်ပါတယ် လို့ ဆိုင်အင်ဝမ်သမတ ဆိုင်အင်ဝမ်က ကြေငြာချက်မှာပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG