သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်သင်္ဘော ချဉ်းကပ်မလာဖို့ ထိုင်ဝမ်ကမ်းစောင့်တပ်က သတိပေးခဲ့ရ


တရုတ် ရုပ်သံသတင်း စီစီတီဗွီကနေ ရိုက်ယူထားတဲ့ ထိုင်ဝမ်ရေပိုင်နက်နားမောင်းနှင်လာတဲ့ တရုတ်စစ်သင်္ဘော (ဧပြီ ၉ ၊ ၂၀၂၃)
တရုတ် ရုပ်သံသတင်း စီစီတီဗွီကနေ ရိုက်ယူထားတဲ့ ထိုင်ဝမ်ရေပိုင်နက်နားမောင်းနှင်လာတဲ့ တရုတ်စစ်သင်္ဘော (ဧပြီ ၉ ၊ ၂၀၂၃)

{{Zawgyi/Unicode}}

ထိုင်ဝမ်ရေပိုင်နက်နားကပ်မလာဖို့ တရုတ်စစ်သင်္ဘောတစင်းကို ထိုင်ဝမ်အရာရှိတဦးက သတိပေးနေတဲ့ ဗီဒီယိုမှတ်တမ်းတခုကို ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဗွီဒီယိုထဲမှာတော့ ထိုင်ဝမ်ကမ်းရိုးတမ်းစောင့်တပ်အရာရှိတဦးက ကင်းလှည့်ရေယာဉ် ကွပ်ကဲရေးမျှော်စင်ကနေ တဘက်သင်္ဘောကို စက်နဲ့သတိပေးနေတာမြင်ရပါတယ်။ ဒေသတွင်းငြိမ်းချမ်းမှုနဲ့တည်ငြိမ်ရေးကို ထိခိုက်နေတာကြောင့် လာလမ်းကနေ ပြန်လှည့်သွားဖို့ဆိုပြီး အသံနဲ့သတိပေး ပြောဆိုနေတာတွေ့ရပါတယ်။

အဲဒီနောက် ထိုင်ဝမ်ရေတပ်ရဲ့ပြင်သစ်လုပ် 1206 Dihua ဖရီးဂိတ်သင်္ဘောကို ဗီဒီယိုထဲ မြင်ရပါတယ်။ ဗီဒီယိုထဲမှာ တရုတ်သင်္ဘောနဲ့ ထိုင်ဝမ်သင်္ဘော နှစ်စင်းလုံးကို တချိန်တည်း ပြထားတာမျိုးတော့မဟုတ်ပါဘူး။ ဗီဒီယိုထဲ ထိုင်ဝမ်ရေတပ် ဖရီးဂိတ်သင်္ဘောကို မြင်ရချိန်မှာတော့ လက်ရှိအချိန်ဟာ ဧပြီ ၈ ရက်နေ ညနေ ၃ နာရီလို့ ဖော်ပြထားပါတယ်။

ထိုင်ဝမ်ရေတပ် 1206 သင်္ဘောနဲ့ တရုတ်ရေတပ် 131 သင်္ဘောတို့ ထိပ်တိုက်ဆိုင်နေတယ်လို့ စာတမ်းနဲ့ဖော်ပြပါတယ်။ သင်္ဘောတစင်းနဲ့တစင်း ရေမိုင် ၃ မိုင်ပဲ ကွာဝေးတယ်လို့လည်း ရေးထားပါတယ်။ ဘေးမှာ ကင်းလှည်ရေယာဉ် 10079 က အခြေအနေကို စောင့်ကြည့်နေတယ်လို့လည်း ဖော်ပြပါတယ်။ ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးတာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်က စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေကို ထိုင်ဝမ်ဘက် စေလွှတ်ထားတယ်လို့ ထိုင်ဝမ်အစိုးရက စနေနေ့က ပြောလိုက်ချိန်မှာပဲ အခုလို ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ဒီ ဗွီဒီယိုမှတ်တမ်း ထုတ်ပြန်လာတာပါ။

ထိုင်ဝမ်က သီးခြားလွတ်လပ်ရေးလိုလားသူတွေကို သတိပေးတဲ့အနေနဲ့ ကင်းလှည့်စစ်ဆင်ရေးလေ့ကျင့်မှု သုံးရက်ကြာစတင်တယ်လို့ တရုတ်စစ်တပ်က ဧပြီ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီတခေါက်မှာတော့ အရင်တခေါက်ကလို ပင်လယ်ပြင်ထဲ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုမျိုးတွေ ပါမပါဆိုတာကိုတော့ တရုတ်စစ်တပ်က ဖော်ပြပြောဆိုတာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG