သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားချင်းစာနာမှု ဒေါ်လာသုံးသန်း မြန်မာကို တောင်ကိုရီးယားထောက်ပံ့မည်


မြန်မာနဲ့တောင်ကိုရီးယား အလံ (ဓာတ်ပုံ - Courtesy)
မြန်မာနဲ့တောင်ကိုရီးယား အလံ (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ရင်ဆိုင်နေရတာကြောင့် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးသွားမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။

အခုပေးမယ့် အကူအညီကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ မြန်မာပြည်သူတွေလက်ထဲ တိုက်ရိုက်ရောက်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပြီး အဲဒီလိုဖြစ်ဖို့အတွက် စစ်တပ်ကတဆင့် ပေးတာမဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့် ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အရပ်သားပြည်သူအများအပြားကို ဖမ်းဆီး ထိန်းသိမ်းထားတာကြောင့် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေချိန်မှာဘဲ တောင်ကိုရီးယားအစိုးရက မြန်မာပြည်သူတွေအတွက် အခုလို အကူအညီပေးမယ့်အစီအစဉ်ကို ကြေညာလိုက်တာပါ။

မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက လုပ်ဆောင်နေတဲ့ ဒဏ်ခတ် အရေးယူမှုတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်တဲ့အနေနဲ့ တောင်ကိုရီးယား အစိုးရကလည်း စစ်ကောင်စီအပေါ် ဒဏ်တ် ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်ပေမယ့် လူသားချင်းစာနာတဲ့ အကူအညီတွေတော့ ဆက်ပေးသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် ကူညီ ကြိုးပမ်းသွားမယ်လို့ တောင်ကိုရီးယား သမ္မတအိမ်တော်က သြဂုတ်လ ၂၆ ရက်နေ့က ပြောထားပြီး ဖြစ်ပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို သံတမန်ရေးအရ တရားဝင် အသိအမှတ်ပြုဖို့ တောင်ကိုရီးယားအစိုးရကို လူ ၂ သိန်း ၇ သောင်းနီးပါး စာရေးသား လက်မှတ်ထိုး တောင်းဆိုထားတယ်လို့လည်း တောင်ကိုရီးယားသမ္မတအိမ်တော် ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

..........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG