သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ဝေဟင် ကန်စစ်လေယာဉ်ပျံသန်းပြီး တရုတ်စစ်လေယာဉ်ပစ်ခတ်လေ့ကျင့်


နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ဖြတ်ကျော်ပျံသန်းခဲ့ပြီး ရက်အနည်းငယ် အကြာမှာပဲ တရုတ်စစ်လေယာဉ်တွေက ပစ်ခတ်မှုတွေပါ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီသီတင်းပတ်ကုန်မှာပဲ တရုတ်အစိုးရ သတင်းမှာ တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်တိုက်လယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေဟာ လက်နက်အစစ်တွေနဲ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြောင်း ဖေါ်ပြခဲ့ပါတယ်။

အမေရိကန်ဗုံးကြဲလေယာဉ်တွေဟာ ဂျပန်ဂျက်တိုက်လေယာဉ်တွေနဲ့ အတူ မကြာသေးခင်ကပဲ အဲဒီဒေသတွင်း လေ့ကျင့်မှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး ဒါဟာ အမေရိကန် နဲ့ တရုတ်တို့ကြား တင်းမာမှုတွေဖြစ်နေတာကို ပိုတိုးလာစေတာပါ။

တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှာ တရုတ်လေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု ပုံတွေ တင်ထားသလို ကျူးကျော်မှုနဲ့ ရန်စမှုတွေကို ကာကွယ်ဖို့ တရုတ်ဂျက်တိုက်လေယာဉ် တွေနဲ့ ဗုံးကြဲလေယာဉ်တွေ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေကြောင်း တရုတ်အစိုးရရဲ့ CCTV ရုပ်သံကနေလည်း ပြသခဲ့တယ်လို့ Japan Times သတင်းမှာ ဖေါ်ပြထားပါတယ်။

ရေကြောင်းလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာလက်ခံထားတဲ့ မူဝါဒအတိုင်း အမေရိကန်က ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ အင်္ဂါနေ့တွေမှာ အမေရိကန်က တောင်တရုတ်ပင်လယ်ပြင်ထဲ B-52 ဗုံးကြဲလေယာဉ်နဲ့ ဖြတ်ပြီး ပျံသန်းခဲ့သလို ဗုဒ္ဓဟူးနေ့မှာတော့ ဂျပန်တိုက်လေယာဉ်တွေနဲ့ပါ ပူးတွဲ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

ဒီတနင်္ဂနွေနေ့မှာလည်း တောင်တရုတ်ပင်လယ်ပြင်ထဲက Spratly ကျွန်းစုတွေမှာ ရှိတဲ့ Gaven နဲ့ Johnson သန္တာကျောက်တန်းတွေမှာ တရုတ်တွေတည်ဆောက်ထားတဲ့ လူလုပ်ကျွန်းနဲ့ ရေမိုင် ၁၂ မိုင်အကွာအတွင်း အမေရိကန် ရေတပ် Decatur ဖျက်သင်္ဘောကြီး ဖြတ်ပြီး ခုတ်မောင်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG