သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စက်ရုပ်အာကာသယာဉ် လပေါ်ဆင်းသက်


 Intuitive Machines ကုမ္ပဏီက ထုတ်ပြန်တဲ့ အမေရိကန်စက်ရုပ် အာကာသယာဉ်
Intuitive Machines ကုမ္ပဏီက ထုတ်ပြန်တဲ့ အမေရိကန်စက်ရုပ် အာကာသယာဉ်

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Houston မြို့အခြေစိုက် Intuitive Machines ကုမ္ပဏီရဲ့ စက်ရုပ်အာကာသယာဉ်ဟာ လပေါ်ကို ဒီနေ့ ကြာသပတေးနေ့မှာ အောင်မြင်စွာ ဆင်းသက်လိုက်ပါပြီ။ လကမ္ဘာရဲ့ တောင်ဘက်ဝန်ရိုးစွန်း အနီးနားကို အောင်အောင်မြင်မြင် ဆင်းသက်လိုက်တာဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်အာကာသယာဉ် လကမ္ဘာကို ပထမဆုံး ဆင်းသက်တာပါ။ သမိုင်းမှာ အမေရိကန်ပုဂ္ဂလိကကုမ္ပဏီတခုကလွှတ်တင်တဲ့ ပထမဆုံး အာကာသယာဉ်လည်း ဖြစ်ပါတယ်။

ခြေခြောက်ချောင်းတပ် စက်ရုပ်အာသကာယာဉ်ဟာ ဖလော်ရီဒါပြည်နယ်က လွှတ်တင်ပြီး တပတ်အကြာ လရဲ့ပတ်လမ်းထဲကိုရောက်သွားပြီး မြေပြင်က ထိန်းချုပ်ရေးစခန်းနဲ့ မိုင်ပေါင်း နှစ်သိန်းသုံးသောင်းကိုးထောင်အဝေးကို အချက်ပေး မီးတွေ ပြန်ပြခဲ့ပါတယ်။ ဘီလျံနာသူဌေးကြီး Elon Musk ပိုင် SpaceX ကုမ္ပဏီရဲ့ Falcon 9 ဒုံးပျံရဲ့ထိပ်ဖူးမှာ Intuitive Machines ကုမ္ပဏီရဲ့ Nova-C အာကာယဉ်ကို လိုက်ပါလွှင့်တင်ခဲ့ပြီး ဒုံးပျံထွက်ပြီး ၄၈ မိနစ်လောက်အကြာ ကမ္ဘာမြေနဲ့ ၁၃၉ မိုင်လောက်ဝေးတဲ့နေရာမှာ ထိပ်ဖူးကနေ ခွဲထွက်ပြီး လကမ္ဘာဆီ ဆက်ခရီးနှင်ခဲ့တာပါ။

၁၉၇၂ ခုနှစ်က အပိုလို ၁၇ အာကာသယာဉ် လကမ္ဘာကို ဆင်းသက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် အမေရိကန် အကာသာယာဉ် လကမ္ဘာကို ပြန်ဆင်းသက်တာ ဖြစ်ပါတယ်။

အာကာသယာဉ်ပေါ်မှာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ စူးစမ်းလေ့လာရေး ပစ္စည်းတွေ၊ အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ NASA နဲ့ တခြား ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ လရဲ့ ဝန်ရိုးစွန်း အာကာသာယာဉ် ဆင်းသက်တဲ့နေရာ နေမဝင်ခင် နေရောင်ခြည်သုံး စွမ်းအင်ကို (၇) ရက် အသုံးပြုနိုင်အောင် တီထွင်ထားတဲ့ နည်းပညာ သရုပ်ပြနဲ့ စူးစမ်းလေ့လာရေး ပစ္စည်းတွေ သယ်ယူသွားခဲ့ပါတယ်။

Forum

XS
SM
MD
LG