သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာဝန္ႀကီးခ်ဳပ္ ယာယီသမၼတအျဖစ္ က်မ္းသစၥာဆို


သီရိလကၤာရဲ႕ ယာယီသမၼ Ranil Wickremesinghe (ယာ) နဲ႔ တရားသူႀကီးခ်ဳပ္ Jayantha Jayasuriya အား က်မ္းသစၥာက်ိန္ဆိုပြဲအတြင္း ႏႈတ္ဆက္ေနတဲ့ျမင္ကြင္း။ (ဇူလိုင္ ၁၅၊ ၂၀၂၂) 

[[Zawgyi/Unicode]]

သီရိလကၤာႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe ယာယီသမၼတအျဖစ္ ဒီေန႔ က်မ္းသစၥာက်ိန္ဆိုခဲ့ပါတယ္။ လႊတ္ေတာ္က သမၼတသစ္ကို ေ႐ြးခ်ယ္ မခန႔္အပ္ ခင္ အထိ Wickremesinghe က ယာယီသမၼတအျဖစ္ တာဝန္ယူသြားရမွာျဖစ္ပါတယ္။

စကၤာပူႏိုင္ငံကို ၾကာသပေတးေန႔က ေရာက္သြားတဲ့ Gotabaya Rajapaksa က စကၤာပူက သီရိလကၤာသံ႐ုံးကို ႏုတ္ထြက္စာလွမ္းပို႔ခဲ့တာပါ။ သူ႔ရဲ႕ သမၼတႏုတ္ထြက္စာကို ဒီေန႔ တရားဝင္ လက္ခံလိုက္တဲ့အတြက္ ဖြဲ႕စည္းပုံအရ သမၼတသစ္ ခန႔္အပ္မႈကို ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ လႊတ္ေတာ္ဥကၠ႒ Yapa Abeywardena ကေျပာၾကားပါတယ္။

ဆႏၵျပမႈေတြေၾကာင့္ ဗုဒၶဟူးေန႔က Maldives ကြၽန္းႏိုင္ငံကို ထြက္ေျပးသြားတဲ့ သမၼတေဟာင္း Rajapaksa ဟာ စကၤာပူကို ေရာက္မွ ႏုတ္ထြက္စာတင္တာဟာ ခရီးလမ္းမွာ သမၼတအျဖစ္ကင္းလြတ္ခြင့္ကို အသုံးခ်ႏိုင္ေအာင္ျဖစ္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ပါတယ္။ Rajapaksa ကို ပုဂၢိဳလ္ေရးခရီးစဥ္အေနနဲ႔ ျပည္ဝင္ခြင့္ျပဳခဲ့တာျဖစ္တယ္လို႔ စကၤာပူႏိုင္ငံျခားေရးဌာနက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။
သူစကၤာပူမွာ ခိုလႈံခြင့္ ေလွ်ာက္ထားျခင္းမရွိသလို စကၤာပူကလည္း ခိုလႈံခြင့္ ေပးေလ့မရွိဘူးလို႔ ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Gotabaya Rajapaksa ဟာ ေဆာ္ဒီအာေရဗီးယားကိုမသြားခင္ စကၤာပူမွာ ေခတၱေနလိမ့္မယ္လို႔ သီရိလကၤာလုံၿခဳံေရးရပ္ကြက္ သတင္းေတြက ေျပာပါတယ္။ သမၼတ Rajapaksa ႏုတ္ထြက္သြားတဲ့အတြက္ ဆႏၵျပျပည္သူသူေတြ ဝမ္းသာေနၾကပါတယ္။ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားတဲ့ Colombo ၿမိဳ႕ေတာ္မွာေတာ့ ေသာၾကာေန႔မွာ အေျခအေနေတြ တည္ၿငိမ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

သီရိလင်္ကာဝန်ကြီးချုပ် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာဆို

သီရိလင်္ကာနိုင်ငံမှာ ဝန်ကြီးချုပ် Ranil Wickremesinghe ယာယီသမ္မတအဖြစ် ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ လွှတ်တော်က သမ္မတသစ်ကို ရွေးချယ် မခန့်အပ် ခင် အထိ Wickremesinghe က ယာယီသမ္မတအဖြစ် တာဝန်ယူသွားရမှာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံကို ကြာသပတေးနေ့က ရောက်သွားတဲ့ Gotabaya Rajapaksa က စင်္ကာပူက သီရိလင်္ကာသံရုံးကို နုတ်ထွက်စာလှမ်းပို့ခဲ့တာပါ။ သူ့ရဲ့ သမ္မတနုတ်ထွက်စာကို ဒီနေ့ တရားဝင် လက်ခံလိုက်တဲ့အတွက် ဖွဲ့စည်းပုံအရ သမ္မတသစ် ခန့်အပ်မှုကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ Yapa Abeywardena ကပြောကြားပါတယ်။

ဆန္ဒပြမှုတွေကြောင့် ဗုဒ္ဓဟူးနေ့က Maldives ကျွန်းနိုင်ငံကို ထွက်ပြေးသွားတဲ့ သမ္မတဟောင်း Rajapaksa ဟာ စင်္ကာပူကို ရောက်မှ နုတ်ထွက်စာတင်တာဟာ ခရီးလမ်းမှာ သမ္မတအဖြစ်ကင်းလွတ်ခွင့်ကို အသုံးချနိုင်အောင်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ Rajapaksa ကို ပုဂ္ဂိုလ်ရေးခရီးစဉ်အနေနဲ့ ပြည်ဝင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
သူစင်္ကာပူမှာ ခိုလှုံခွင့် လျှောက်ထားခြင်းမရှိသလို စင်္ကာပူကလည်း ခိုလှုံခွင့် ပေးလေ့မရှိဘူးလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Gotabaya Rajapaksa ဟာ ဆော်ဒီအာရေဗီးယားကိုမသွားခင် စင်္ကာပူမှာ ခေတ္တနေလိမ့်မယ်လို့ သီရိလင်္ကာလုံခြုံရေးရပ်ကွက် သတင်းတွေက ပြောပါတယ်။ သမ္မတ Rajapaksa နုတ်ထွက်သွားတဲ့အတွက် ဆန္ဒပြပြည်သူသူတွေ ဝမ်းသာနေကြပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ Colombo မြို့တော်မှာတော့ သောကြာနေ့မှာ အခြေအနေတွေ တည်ငြိမ်နေပါတယ်။

XS
SM
MD
LG