(Zawgyi/Unicode)
..............................
(Unicode)
မြန်မာ့စီးပွားရေး လက်ရှိအခြေအနေနဲ့ ရှေ့တိုးလုပ်ဆောင်ဖွယ်ရာများ
မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကိုကြည့်ရင် ပြည်တွင်းစားသုံးမှု ကျဆင်းနေတာကို တွေ့ရပြီး ဒါကို ပြန်တက်လာအောင် ဦးစားပေးလုပ်ဖို့လိုတယ်လို့ စီးပွားရေးပညာရှင်တဦးက အကြံပေးပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေထွက်သွားတာ မကောင်းပေမယ့် ထွက်သွားလို့ လုပ်ငန်းတွေ ရပ်သွားတာတော့ မဟုတ်ဘူးလို့ ပုဂ္ဂလိကလုပ်ငန်းရှင်တဦးကလည်း ထောက်ပြပါတယ်။
စီးပွားရေးပညာရှင်တဦးဖြစ်သူ ဦးသန်းစိုး (ဘောဂဗေဒ)၊ ပုဂ္ဂလိကလုပ်ငန်းရှင်တဦးဖြစ်သူ ဒေါက်တာစိုးထွန်းတို့နဲ့ ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်း ဆွေးနွေးထားပါတယ်။