သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလမှာ မြန်မာ့အရေးခိုင်မာတဲ့လုပ်ရပ်ပြသဖို့ ကန်သံအမတ်ကြီးတိုက်တွန်း


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ၊ တရားလက်လွတ်ဖမ်းဆီးမှုတွေ အဆုံးသတ်ပြီး မြန်မာပြည်သူတွေဆီ လူသားစာနာမှု အကူအညီတွေရောက်ဖို့နဲ့ လူ့အခွင့်အရေးကိုလေးစားပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှု လမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ခိုင်မာတဲ့ လုပ်ဆောင်မှုကိုပြသဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းတာကြောင့် ဖြစ်လာတာတွေကို ဒီ ၃ နှစ်လုံးလုံး ဆက်လက်စောင့်ကြည့်ခဲ့ရာမှာ အရပ်သား ထောင်နဲ့ချီပြီး သေဆုံးရတာ၊ အဖမ်းခံရတာနဲ့ အရပ်သားတွေကို စစ်တပ်က လေကြောင်းကနေ ဆက်ပြီးတိုက်ခိုက်နေတာ အပြင် လူသားစာနာမှု ပြဿနာကြုံလာတာ တွေ့ရကြောင်း၊ အာဏာသိမ်းချိန်ကစလို့ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၂.၃ သန်းနီးပါးအပါအဝင် အခုဆို လူပေါင်း ၂ သန်းခွဲကျော် နေရပ်စွန့်ခွါ ထွက်ပြေး ကြရပြီး အိမ်နီးချင်းနိုင်ငံတွေအတွက်ပါ ခြိမ်းခြောက်မှုတွေ တိုးလာနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ တနှစ်ကျော်က ချမှတ်ခဲ့တဲ့ ကုလဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ပေါ် အခြေခံပြီး နိုင်ငံတကာအသိုင်းအဝိုင်းကပါ ပါဝင်တောင်းဆိုကြဖို့ အချိန်ရောက်နေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံအပါအဝင် ဒေသတွင်းမိတ်ဆွေနိုင်ငံတွေ အားလုံးလက်တွဲပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ အလုံးစုံပါဝင်တဲ့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနိုင်ဖို့ ဆက်လက်ကူညီမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG