သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာ႔လူဦးေရး ထက္ဝက္ ဆင္းရဲတြင္းနက္ (ကုလ ေျပာခြင့္ရ Stephane Dujarric)


Stephane Dujarric

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ကပ္ေရာဂါ ဒဏ္ခံရတဲ့အျပင္ စစ္တပ္ကပါ အာဏာသိမ္းခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ လူဦးေရ ထက္ဝက္ေလာက္ဟာ ဆင္းရဲတြင္းနက္တဲ့ အေျခေနနဲ႔ ၾကံဳေနရတယ္လို႔ ကုလသမဂၢက ေသာၾကာေန႔မွာ သတိေပးလိုက္ပါတယ္။

ျမန္မာ႔လူဦးေရး ထက္ဝက္ ဆင္းရဲတြင္းနက္ (ကုလ ေျပာခြင့္ရ Stephane Dujarric)

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ကပ္ေရာဂါ ဒဏ္ခံရတဲ့အျပင္ စစ္တပ္ကပါ အာဏာသိမ္းခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ လူဦးေရ ထက္ဝက္ေလာက္ဟာ ဆင္းရဲတြင္းနက္တဲ့ အေျခေနနဲ႔ ၾကံဳေနရတယ္လို႔ ကုလသမဂၢက ေသာၾကာေန႔မွာ သတိေပးလိုက္ပါတယ္။

ျမန္မာႏိုင္ငံသား ထက္ဝက္ေလာက္ျဖစ္တဲ့ ျပည္သူ ၂၅ သန္းေလာက္ဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ေရာ စစ္တပ္အာဏာသိမ္းတာေၾကာင့္ပါ ဆင္းရဲဒုကၡ ဆိုက္ေရာက္ေနတယ္လို႔ ကုလသမဂၢဖြံၿဖိဳးေရးအစီအစဥ္ UNDP ကသတိေပးလိုက္ပါတယ္ လို႔ ကုလအတြင္းေရးမႈးခ်ဳပ္ Antonio Guterres ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ရံုးခ်ဳပ္သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။

၂၀၂၁ ေဖေဖၚဝါရီ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး စိန္ေခၚမႈေတြရွိေနတဲ့ ၾကားထဲကပဲ UNDP က အင္အား အနည္းပါးဆံုး ေဒသခံ ၁ သန္းေလာက္ကို တိုက္႐ိုက္အကူအညီေပးႏိုင္ခဲ့တယ္ လို႔လည္း ေျပာပါတယ္။ ျပည္တြင္းအိုးအိမ္စြန္႔ခြါ ထြက္ေျပးရသူေတြအတြက္ အကူအညီေတြ ေပးခဲ့တာ ျဖစ္ၿပီး ဒီအထဲမွာ စားနပ္ရိကၡာမဟုတ္တဲ့ ပစၥည္းေတြအျပင္ ေသာက္ေရရရွိေအာင္ လုပ္ေပးတာ၊ အေသးစားလုပ္ငန္းရွင္ေလးေတြ အတြက္ ေငြေထာက္ပံ့တာ၊ ဓါတ္ေျမၾသဇာနဲ႔ မ်ိဳးေစ့ေတြေပးတာ၊ အထူးသျဖင့္ ဦးေဆာင္႐ုန္းကန္ေနရတဲ့ အမ်ိဳးသမီးေတြကို အေထာက္အကူေတြ ေပးခဲ့တာ ျဖစ္ၿပီး လာမယ့္ ၂ ႏွစ္အတြင္း ေနာက္ထပ္ ေဒသခံ ၇ သန္းကိုတိုက္႐ိုက္ အကူညီေတြ ေပးဖို႔ တိုးႁမွင့္လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ ေလွနဲ႔ထြက္ေျပးေနၾကတဲ့ ကပၸလီပင္လယ္ျပင္ထဲက ႐ိုဟင္ဂ်ာေတြ ကို ကယ္ဆယ္ဖို႔နဲ႔ အႏၲရာယ္ကင္းေအာင္ ကမ္းကပ္ခြင့္ေပးဖို႔ ထပ္တလဲလဲ ေတာင္းဆိုေနေပမယ့္ ဂ႐ုမစိုက္ၾကတာအတြက္ ဒုကၡသည္ကူညီေစာင့္ေရွာက္ေရးဆိုင္ရာ UNHCR ကလည္းအထူးစိတ္ပ်က္ ရေၾကာင္း ေျပာပါတယ္။

ႏိုဝင္ဘာလ ကတည္းက အင္ဒိုနီးရွား ကမ္းလြန္မွာ ေရာက္ေနတဲ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအဝင္ ႐ိုဟင္ဂ်ာဒုကၡသည္ ၂၀၀ ေလာက္ကို တင္ေဆာင္လာတဲ့ သေဘၤာဟာ အခုအခ်ိန္မွာ Malacca ေရလက္ၾကား တဝိုက္ ေရျပင္ထဲမွာရွိေနဆဲ ျဖစ္ၿပီး အဲဒီထဲက ေသဆံုးသူေတြရွိေနသလို အသက္မေသရွိေနသူေတြလည္း အစားအစာနဲ႔ ေသာက္ေရျပတ္လပ္ၿပီး မက်န္းမာပဲ ျဖစ္ေနတယ္ ဆိုတဲ့ သတင္းေတြေၾကာင့္ သူတို႔ကို ကယ္ဆယ္ဖို႔ UNHCR က ထပ္မံ ပန္ၾကားလိုက္ေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာ့လူဦးရေး ထက်ဝက် ဆင်းရဲတွင်းနက် (ကုလ ပြောခွင့်ရ Stephane Dujarric)

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဒဏ်ခံရတဲ့အပြင် စစ်တပ်ကပါ အာဏာသိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက်ဟာ ဆင်းရဲတွင်းနက်တဲ့ အခြေနေနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံသား ထက်ဝက်လောက်ဖြစ်တဲ့ ပြည်သူ ၂၅ သန်းလောက်ဟာ ကိုဗစ်ကပ်ရောဂါကြောင့်ရော စစ်တပ်အာဏာသိမ်းတာကြောင့်ပါ ဆင်းရဲဒုက္ခ ဆိုက်ရောက်နေတယ်လို့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP ကသတိပေးလိုက်ပါတယ် လို့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က ရုံးချုပ်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး စိန်ခေါ်မှုတွေရှိနေတဲ့ ကြားထဲကပဲ UNDP က အင်အား အနည်းပါးဆုံး ဒေသခံ ၁ သန်းလောက်ကို တိုက်ရိုက်အကူအညီပေးနိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။ ပြည်တွင်းအိုးအိမ်စွန့်ခွါ ထွက်ပြေးရသူတွေအတွက် အကူအညီတွေ ပေးခဲ့တာ ဖြစ်ပြီး ဒီအထဲမှာ စားနပ်ရိက္ခာမဟုတ်တဲ့ ပစ္စည်းတွေအပြင် သောက်ရေရရှိအောင် လုပ်ပေးတာ၊ အသေးစားလုပ်ငန်းရှင်လေးတွေ အတွက် ငွေထောက်ပံ့တာ၊ ဓါတ်မြေသြဇာနဲ့ မျိုးစေ့တွေပေးတာ၊ အထူးသဖြင့် ဦးဆောင်ရုန်းကန်နေရတဲ့ အမျိုးသမီးတွေကို အထောက်အကူတွေ ပေးခဲ့တာ ဖြစ်ပြီး လာမယ့် ၂ နှစ်အတွင်း နောက်ထပ် ဒေသခံ ၇ သန်းကိုတိုက်ရိုက် အကူညီတွေ ပေးဖို့ တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် လှေနဲ့ထွက်ပြေးနေကြတဲ့ ကပ္ပလီပင်လယ်ပြင်ထဲက ရိုဟင်ဂျာတွေ ကို ကယ်ဆယ်ဖို့နဲ့ အန္တရာယ်ကင်းအောင် ကမ်းကပ်ခွင့်ပေးဖို့ ထပ်တလဲလဲ တောင်းဆိုနေပေမယ့် ဂရုမစိုက်ကြတာအတွက် ဒုက္ခသည်ကူညီစောင့်ရှောက်ရေးဆိုင်ရာ UNHCR ကလည်းအထူးစိတ်ပျက် ရကြောင်း ပြောပါတယ်။

နိုဝင်ဘာလ ကတည်းက အင်ဒိုနီးရှား ကမ်းလွန်မှာ ရောက်နေတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၂၀၀ လောက်ကို တင်ဆောင်လာတဲ့ သင်္ဘောဟာ အခုအချိန်မှာ Malacca ရေလက်ကြား တဝိုက် ရေပြင်ထဲမှာရှိနေဆဲ ဖြစ်ပြီး အဲဒီထဲက သေဆုံးသူတွေရှိနေသလို အသက်မသေရှိနေသူတွေလည်း အစားအစာနဲ့ သောက်ရေပြတ်လပ်ပြီး မကျန်းမာပဲ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် သူတို့ကို ကယ်ဆယ်ဖို့ UNHCR က ထပ်မံ ပန်ကြားလိုက်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG