သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗကသ ဒုဥကၠ႒ေဟာင္း ကုိလင္းထက္ႏုိင္ကုိ ေထာင္ဒဏ္ (၆)လ ခ်မွတ္


ဗကသ ဒုဥကၠ႒ေဟာင္း ကုိလင္းထက္ႏုိင္ (၂၀၁၆ ဧၿပီ ၄ ရက္ေန႔)

(Zawgyi/Unicode)

ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖဲြ႔ခ်ဳပ္ (ဗကသ)ဒုဥကၠဌေဟာင္း ကိုလင္းထက္ႏိုင္ကို ရန္ကုန္တိုင္း ေက်ာက္တံတားတရားရံုးကေန ပုဒ္မ ၄၆၈ စဲြခ်က္နဲ႔ ၾသဂုတ္လ ၂၆ ရက္ေန႔က ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္လိုက္ပါတယ္။

ေလးႏွစ္ၾကာ စစ္ေဆးလာတဲ့ ဒီအမႈရဲ႕ စီရင္ခ်က္ကိုၾကည့္ရင္ ျပစ္ဒဏ္နဲ႔ ျပစ္မႈ တရားမွ်တမႈမရွိ ဘူးလို႔ အက်ဳိးေဆာင္ေရွ႕ေန ဦးသိန္းသန္းဦးက ဗီြအိုေအကို ေျပာပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေၾကာင္းစံုတင္ျပမွာပါ။

၂၀၁၅ခုႏွစ္ပညာေရးသပိတ္ ပင္မစစ္ေၾကာင္း ဦးေဆာင္လာတဲ့ ဗကသ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုလင္းထက္ႏိုင္ ေခၚ James ဟာ အဲဒီႏွစ္ မတ္လ ၁၀ ရက္ေန႔မွာ အၾကမ္းဖက္ ဖမ္းဆီး ခံရအၿပီး ေက်ာင္းသား သပိတ္ နဲ႔ဆက္စပ္တဲ့ ႏိုင္ငံေရးပုဒ္မေတြနဲ႔အတူ သူ႔ကို ဖမ္းဆီးခ်ိန္ အိတ္ထဲမွာ သူ႔မွတ္ပုံတင္နဲ႔အျခားသူတဦးရဲ့ မွတ္ပုံတင္ ကိုေတြ႔ရွိခဲ့တဲ့အတြက္ မွတ္ပံုတင္အတုျပဳလုပ္မႈ ပုဒ္မ ၄၆၈ နဲ႔ပါ စဲြခ်က္တင္ ဖမ္းဆီးခံခဲ့ရတာပါ။

၂၀၁၆ခုႏွစ္ NLD အစိုးရတက္လာခ်ိန္မွာ သမၼတ ဦးထင္ေက်ာ္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ သပိတ္ထဲပါ၀င္ခဲ့တဲ့အမႈနဲ႔ ဖမ္းဆီးတရားစဲြထားတဲ့ ဆႏၵျပ ေက်ာင္းသားေခါင္းေဆာင္ေတြ၊ ေက်ာင္းသူေက်ာင္းသားေတြကို ျပန္လႊတ္ေပးခဲ့ၿပီးႏိုင္ငံေရးပုဒ္မစဲြခ်က္ေတြကို ရုပ္သိမ္းေပးခဲ့တာပါ။ ဒါေပမဲ့ ကိုလင္းထက္ႏိုင္ကို စဲြထားတဲ့ ပုဒ္မ ၄၆၈ က က်န္ခဲ့တဲ့အတြက္ ဒီအမႈကို ေလးႏွစ္ၾကာ ရန္ကုန္ ေက်ာက္တံတားတရားရံုးမွာ ရင္ဆိုင္ခဲ့ရတယ္လို႔ ဇနီးျဖစ္သူ ဗကသ ေက်ာင္းသားေခါင္းေဆာင္ေဟာင္း မၿဖိဳးၿဖိဳးေအာင္က ဗီြအိုေအကို ေျပာပါတယ္.

“၄ ႏွစ္ေက်ာ္လာၿပီေပါ့ေနာ္ ဒီအမႈနဲ႔ ဆက္ၿပီးေတာ့ ၾကာေနတယ္။ အဲဒီအမႈကိုလည္း မ်ိဳးစံုေပါ့ေနာ္။ ၾကားထဲမွာလည္း တရားလိုျဖစ္တဲ့ လ၀က (လူ၀င္မႈႀကီးၾကပ္ေရး) ဘက္ကလည္း ေသေသခ်ာခ်ာလာထြက္တာ မဟုတ္ဘူး။ တရားလိုလာဖို႔ကိုလည္း အႀကိမ္ႀကိမ္ေခၚရတာမ်ိဳး စသျဖင့္ေပါ့ေနာ္။ တရားရံုးမွာ ပစ္ထားတဲ့ အမႈတခုလိုျဖစ္ခဲ့တာပါ။ ဆိုေတာ့ ဒီၾကားထဲမွာလည္း က်မတို႔ဘက္က သက္ဆိုင္ရာ အာဏာပိုင္ေတြဆီကို စာတင္တာတို႔ ဘာတို႔ရွိခဲ့တယ္ေပါ့ေနာ္။ ဒီအမႈက ၂/၂၀၁၆ အရ ပတ္သိမ္းရမယ့္အမႈျဖစ္တယ္။ ေနာက္တခုက ရဲစခန္းက ရဲကိုယ္တိုင္က ၂/၂၀၁၆ ျဖစ္တဲ့အတြက္ ပိတ္သိမ္းမယ့္ အမႈျဖစ္ပါတယ္ ဆိုတဲ့ ေပးပို႔တဲ့စာေတြလည္း က်မတို႔မွာ မွတ္တမ္းေတြလည္း ရွိေနတယ္ေပါ့ေနာ္။ ဆိုေတာ့ အဲဒါကိုလည္း က်မတို႔ ေတာက္ေလွ်ာက္ႀကိဳးစားခဲ့ေပမယ့္ ေနာက္ဆံုးကေတာ့ ဒီအမႈနဲ႔ အျပစ္ရွိေၾကာင္းေတြ႔ရွိတယ္ဆိုၿပီးေတာ့ တရားသူႀကီးက ေျခာက္လ ခ်လိုက္တယ္ေပါ့ေနာ္။”

ေက်ာက္တံတားတရားရံုး တရားသူႀကီးရဲ႕ စီရင္ခ်က္ကိုၾကည့္ရင္ျပစ္ဒဏ္နဲ႔ ျပစ္မႈ ဟာ မွ်တမႈမရွိဘူးလို႔ ကိုလင္းထက္ႏိုင္အမႈကို လိုက္ပါေဆာင္ရြက္ေနတဲ့ ေရွ႕ေနအဖဲြ႕ေခါင္းေဆာင္ လူ႔အခြင့္အေရး ေရွ႕ေန ဦးသိန္းသန္းဦးက ဗီြအိုေအကို ေျပာပါတယ္။

“ James ကို အဲဒီကိစၥနဲ႔ တရားစြဲထားတဲ့အခ်ိန္မွာ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ ႏိုင္ငံေတာ္ သမၼတကေန လြတ္ၿငိမ္းခ်မ္းသာခြင့္ရၿပီးသာျဖစ္တယ္။ ရၿပီးသာျဖစ္ေတာ့ ဒီအေျခအေနမွာ ဥပေဒအရေျပာရရင္ ပုဒ္မ ၄၆၈ က အတုဖန္တီးတာေပါ့ေနာ္။ အဲဒီလိုမ်ဳိးအမႈကို ရုပ္သိမ္းေက်ေအးခြင့္မရွိဘူး။ ရုပ္သိမ္းလို႔မရတဲ့ အမႈမ်ိဳးျဖစ္ေနလို႔ ။ ဥပေဒအရ ျပစ္မႈထင္ရွားတာက မွန္တယ္လို႔ က်ေနာ္ ရိုးရိုးသားသားေျပာပါ့မယ္။ သို႔ရာတြင္ ျပစ္ဒဏ္နဲ႔ ျပစ္မႈက မမွ်တဘူး ။ ဒီကေလးေတြ ဒါကိုလုပ္ခဲ့တဲ့ ေခတ္အေျခအေနေပါ့ေနာ္ ၊ အင္မတန္မွ အေမွာင္ေခတ္ႀကီးမွာ ႀကံဳေနရေတာ့ ႀကံဳသလို အေထာက္အထားအျဖစ္ သံုးခဲ့တာကေတာ့ မွန္တယ္။ ဒါေပမယ့္ ၆ လဆိုတဲ့ ျပစ္ဒဏ္ကေတာ့ မ်ားလြန္းအားႀကီးပါတယ္။ ေက်ာင္းသားလူငယ္ေလးတေယာက္ကို ဒါက သူ႔ကိုမေတာ္မတရားလုပ္တာ။ ဒီမွတ္ပံုတင္အတုလုပ္ၿပီးေတာ့ ကာယကံရွင္ကို နစ္နာ သြားေအာင္လည္းလုပ္တာမဟုတ္ဘူး။ အျခားရည္ရြယ္ခ်က္မပါပဲနဲ႔ သူ၀ရမ္းေျပးဘ၀မွာ သူကိုင္စရာမရွိလို႔ ကိုင္ခဲ့တဲ့အေနအထားျဖစ္ေတာ့ ျပစ္ဒဏ္ကေတာ့ မ်ားတယ္။ က်ေနာ္တို႔ အဲဒီအတြက္ အယူခံတက္ပါမယ္။”

အခုလို တိုက္ရိုက္စစ္တပ္အုပ္ခ်ဳပ္မႈကေန အေျပာင္းအလဲ ျဖစ္မျဖစ္ စမ္းသပ္မယ့္ ေရြးေကာက္ပဲြနီးေနတဲ့ အခ်ိန္ကာလလည္းျဖစ္ ကိုရိုနာဗိုင္းရပ္စ္ကူူးစက္မႈ အႏၱရာယ္ရွိေနတဲ့ အခ်ိန္မွာ ကိုလင္းထက္ႏိုင္လို ႏိုင္ငံေရးအရ လႈပ္ရွားတက္ၾကြသူတဦးကို ျပစ္ဒဏ္နဲ႔ ျပစ္မႈ မမွ်ေအာင္ ေထာင္ဒဏ္စီရင္ခ်က္ ခ်မွတ္တာဟာ ျမန္မာႏိုင္ငံမွာဥပေဒကို အသံုးခ်ၿပီး ႏိုင္ငံေရးအရပါ ဖိႏွိပ္ေနတယ္ဆိုတာ သက္ေသျပေနတယ္လို႔ မၿဖိဳးၿဖိဳးေအာင္ကေျပာပါတယ္။

“က်မအျမင္အရဆိုရင္လည္း ဒီအမႈက ေထာင္ေခ်ာက္ဆင္ခဲ့တဲ့အမႈလို႔ က်မျမင္တယ္။ ဦးသိန္းစိန္လက္ထက္တုန္းက ေထာင္ေခ်ာက္ဆင္ခဲ့တဲ့အမႈကို တမင္ရည္ရြယ္ခ်က္ရွိရွိ ခ်န္ထားခဲ့တဲ့ အမႈျဖစ္တယ္။ ဆိုေတာ့ ရည္ရြယ္ခ်က္ရွိရွိ ခ်န္ထားခဲ့တဲ့အမႈကို အဲဒီေထာင္ေခ်ာက္ထဲကို ၀င္သြားတယ္လို႔ပဲ ျမင္တယ္။ အခုလက္ရွိျဖစ္စဥ္ကိုေပါ့ေနာ္။ ဆိုေတာ့ တကယ္တမ္းေျပာရရင္ ႏိုင္ငံေရးအရကိုက မေကာင္းဘူး ။ ႏိုင္ငံေရးအရ ဖိႏွိပ္တဲ့ ႏိုင္ငံေရးပုဒ္မတင္မကပဲနဲ႔ အျခားရာဇ၀တ္မႈ ပုဒ္မေတြပါ သံုးၿပီးေတာ့ ႏိုင္ငံေရးအရ ဖိႏွိပ္လို႔ရတယ္ဆိုတာကို သက္ေသျပေနပါတယ္။ ေထာင္ေခ်ာက္ေတြ အမ်ားႀကီးရွိတယ္ အဲဒီေထာင္ေခ်ာက္ေတြထဲ နင္းမိတဲ့အေျခအေနမ်ိဳးက ႏိုင္ငံေရး အရ အင္မတန္ အႏၱရာယ္ရွိတယ္လို႔ က်မျမင္ပါတယ္။”

လက္ရွိရန္ကုန္ အင္းစိန္အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားတဲ့ ေက်ာင္းသားေခါင္းေဆာင္းေဟာင္း ႏိုင္ငံေရးလႈပ္ရွားတက္ၾကြသူ ကိုလင္းထက္ႏိုင္ရဲ႕ အမႈနဲ႔ ပတ္သက္လို႔ တလအတြင္း အယူခံ၀င္သြားမယ္လို႔ သူ႔ရဲ႕ ေရွ႕ေနအဖဲြ႔က ဗီြအိုေအကိုေျပာပါတယ္။ ကိုလင္းထက္ႏိုင္ဟာ ၂၀၁၅ခုနွစ္က အေမရိကန္သမၼတေဟာင္း George W. Bush ရဲ႕ Bush Institute က ျမန္မာလူငယ္ေတြအတြက္ စီစဥ္တဲ့ လြတ္လပ္မႈနဲ႔ ေခါင္းေဆာင္မႈဆိုင္ရာ အစီအစဥ္မွာ ဂုဏ္ျပဳ ခ်ီးျမွင့္ခံရထားရသူျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဗကသ ဒုဥက္ကဋ္ဌဟောင်း ကိုလင်းထက်နိုင်ကို ထောင်ဒဏ် (၆)လ ချမှတ်

(Unicode)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ဒုဥက္ကဌဟောင်း ကိုလင်းထက်နိုင်ကို ရန်ကုန်တိုင်း ကျောက်တံတားတရားရုံးကနေ ပုဒ်မ ၄၆၈ စွဲချက်နဲ့ သြဂုတ်လ ၂၆ ရက်နေ့က ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပါတယ်။

လေးနှစ်ကြာ စစ်ဆေးလာတဲ့ ဒီအမှုရဲ့ စီရင်ချက်ကိုကြည့်ရင် ပြစ်ဒဏ်နဲ့ ပြစ်မှု တရားမျှတမှုမရှိ ဘူးလို့ အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

၂၀၁၅ခုနှစ်ပညာရေးသပိတ် ပင်မစစ်ကြောင်း ဦးဆောင်လာတဲ့ ဗကသ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုလင်းထက်နိုင် ခေါ် James ဟာ အဲဒီနှစ် မတ်လ ၁၀ ရက်နေ့မှာ အကြမ်းဖက် ဖမ်းဆီး ခံရအပြီး ကျောင်းသား သပိတ် နဲ့ဆက်စပ်တဲ့ နိုင်ငံရေးပုဒ်မတွေနဲ့အတူ သူ့ကို ဖမ်းဆီးချိန် အိတ်ထဲမှာ သူ့မှတ်ပုံတင်နဲ့အခြားသူတဦးရဲ့ မှတ်ပုံတင် ကိုတွေ့ရှိခဲ့တဲ့အတွက် မှတ်ပုံတင်အတုပြုလုပ်မှု ပုဒ်မ ၄၆၈ နဲ့ပါ စွဲချက်တင် ဖမ်းဆီးခံခဲ့ရတာပါ။

၂၀၁၆ခုနှစ် NLD အစိုးရတက်လာချိန်မှာ သမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သပိတ်ထဲပါဝင်ခဲ့တဲ့အမှုနဲ့ ဖမ်းဆီးတရားစွဲထားတဲ့ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသူကျောင်းသားတွေကို ပြန်လွှတ်ပေးခဲ့ပြီးနိုင်ငံရေးပုဒ်မစွဲချက်တွေကို ရုပ်သိမ်းပေးခဲ့တာပါ။ ဒါပေမဲ့ ကိုလင်းထက်နိုင်ကို စွဲထားတဲ့ ပုဒ်မ ၄၆၈ က ကျန်ခဲ့တဲ့အတွက် ဒီအမှုကို လေးနှစ်ကြာ ရန်ကုန် ကျောက်တံတားတရားရုံးမှာ ရင်ဆိုင်ခဲ့ရတယ်လို့ ဇနီးဖြစ်သူ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း မဖြိုးဖြိုးအောင်က ဗွီအိုအေကို ပြောပါတယ်.

“၄ နှစ်ကျော်လာပြီပေါ့နော် ဒီအမှုနဲ့ ဆက်ပြီးတော့ ကြာနေတယ်။ အဲဒီအမှုကိုလည်း မျိုးစုံပေါ့နော်။ ကြားထဲမှာလည်း တရားလိုဖြစ်တဲ့ လဝက (လူဝင်မှုကြီးကြပ်ရေး) ဘက်ကလည်း သေသေချာချာလာထွက်တာ မဟုတ်ဘူး။ တရားလိုလာဖို့ကိုလည်း အကြိမ်ကြိမ်ခေါ်ရတာမျိုး စသဖြင့်ပေါ့နော်။ တရားရုံးမှာ ပစ်ထားတဲ့ အမှုတခုလိုဖြစ်ခဲ့တာပါ။ ဆိုတော့ ဒီကြားထဲမှာလည်း ကျမတို့ဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို စာတင်တာတို့ ဘာတို့ရှိခဲ့တယ်ပေါ့နော်။ ဒီအမှုက ၂/၂၀၁၆ အရ ပတ်သိမ်းရမယ့်အမှုဖြစ်တယ်။ နောက်တခုက ရဲစခန်းက ရဲကိုယ်တိုင်က ၂/၂၀၁၆ ဖြစ်တဲ့အတွက် ပိတ်သိမ်းမယ့် အမှုဖြစ်ပါတယ် ဆိုတဲ့ ပေးပို့တဲ့စာတွေလည်း ကျမတို့မှာ မှတ်တမ်းတွေလည်း ရှိနေတယ်ပေါ့နော်။ ဆိုတော့ အဲဒါကိုလည်း ကျမတို့ တောက်လျှောက်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးကတော့ ဒီအမှုနဲ့ အပြစ်ရှိကြောင်းတွေ့ရှိတယ်ဆိုပြီးတော့ တရားသူကြီးက ခြောက်လ ချလိုက်တယ်ပေါ့နော်။”

ကျောက်တံတားတရားရုံး တရားသူကြီးရဲ့ စီရင်ချက်ကိုကြည့်ရင်ပြစ်ဒဏ်နဲ့ ပြစ်မှု ဟာ မျှတမှုမရှိဘူးလို့ ကိုလင်းထက်နိုင်အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် လူ့အခွင့်အရေး ရှေ့နေ ဦးသိန်းသန်းဦးက ဗွီအိုအေကို ပြောပါတယ်။

“ James ကို အဲဒီကိစ္စနဲ့ တရားစွဲထားတဲ့အချိန်မှာ ဒါတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတကနေ လွတ်ငြိမ်းချမ်းသာခွင့်ရပြီးသာဖြစ်တယ်။ ရပြီးသာဖြစ်တော့ ဒီအခြေအနေမှာ ဥပဒေအရပြောရရင် ပုဒ်မ ၄၆၈ က အတုဖန်တီးတာပေါ့နော်။ အဲဒီလိုမျိုးအမှုကို ရုပ်သိမ်းကျေအေးခွင့်မရှိဘူး။ ရုပ်သိမ်းလို့မရတဲ့ အမှုမျိုးဖြစ်နေလို့ ။ ဥပဒေအရ ပြစ်မှုထင်ရှားတာက မှန်တယ်လို့ ကျနော် ရိုးရိုးသားသားပြောပါ့မယ်။ သို့ရာတွင် ပြစ်ဒဏ်နဲ့ ပြစ်မှုက မမျှတဘူး ။ ဒီကလေးတွေ ဒါကိုလုပ်ခဲ့တဲ့ ခေတ်အခြေအနေပေါ့နော် ၊ အင်မတန်မှ အမှောင်ခေတ်ကြီးမှာ ကြုံနေရတော့ ကြုံသလို အထောက်အထားအဖြစ် သုံးခဲ့တာကတော့ မှန်တယ်။ ဒါပေမယ့် ၆ လဆိုတဲ့ ပြစ်ဒဏ်ကတော့ များလွန်းအားကြီးပါတယ်။ ကျောင်းသားလူငယ်လေးတယောက်ကို ဒါက သူ့ကိုမတော်မတရားလုပ်တာ။ ဒီမှတ်ပုံတင်အတုလုပ်ပြီးတော့ ကာယကံရှင်ကို နစ်နာ သွားအောင်လည်းလုပ်တာမဟုတ်ဘူး။ အခြားရည်ရွယ်ချက်မပါပဲနဲ့ သူဝရမ်းပြေးဘဝမှာ သူကိုင်စရာမရှိလို့ ကိုင်ခဲ့တဲ့အနေအထားဖြစ်တော့ ပြစ်ဒဏ်ကတော့ များတယ်။ ကျနော်တို့ အဲဒီအတွက် အယူခံတက်ပါမယ်။”

အခုလို တိုက်ရိုက်စစ်တပ်အုပ်ချုပ်မှုကနေ အပြောင်းအလဲ ဖြစ်မဖြစ် စမ်းသပ်မယ့် ရွေးကောက်ပွဲနီးနေတဲ့ အချိန်ကာလလည်းဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူူးစက်မှု အန္တရာယ်ရှိနေတဲ့ အချိန်မှာ ကိုလင်းထက်နိုင်လို နိုင်ငံရေးအရ လှုပ်ရှားတက်ကြွသူတဦးကို ပြစ်ဒဏ်နဲ့ ပြစ်မှု မမျှအောင် ထောင်ဒဏ်စီရင်ချက် ချမှတ်တာဟာ မြန်မာနိုင်ငံမှာဥပဒေကို အသုံးချပြီး နိုင်ငံရေးအရပါ ဖိနှိပ်နေတယ်ဆိုတာ သက်သေပြနေတယ်လို့ မဖြိုးဖြိုးအောင်ကပြောပါတယ်။

“ကျမအမြင်အရဆိုရင်လည်း ဒီအမှုက ထောင်ချောက်ဆင်ခဲ့တဲ့အမှုလို့ ကျမမြင်တယ်။ ဦးသိန်းစိန်လက်ထက်တုန်းက ထောင်ချောက်ဆင်ခဲ့တဲ့အမှုကို တမင်ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တဲ့ အမှုဖြစ်တယ်။ ဆိုတော့ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တဲ့အမှုကို အဲဒီထောင်ချောက်ထဲကို ဝင်သွားတယ်လို့ပဲ မြင်တယ်။ အခုလက်ရှိဖြစ်စဉ်ကိုပေါ့နော်။ ဆိုတော့ တကယ်တမ်းပြောရရင် နိုင်ငံရေးအရကိုက မကောင်းဘူး ။ နိုင်ငံရေးအရ ဖိနှိပ်တဲ့ နိုင်ငံရေးပုဒ်မတင်မကပဲနဲ့ အခြားရာဇဝတ်မှု ပုဒ်မတွေပါ သုံးပြီးတော့ နိုင်ငံရေးအရ ဖိနှိပ်လို့ရတယ်ဆိုတာကို သက်သေပြနေပါတယ်။ ထောင်ချောက်တွေ အများကြီးရှိတယ် အဲဒီထောင်ချောက်တွေထဲ နင်းမိတဲ့အခြေအနေမျိုးက နိုင်ငံရေး အရ အင်မတန် အန္တရာယ်ရှိတယ်လို့ ကျမမြင်ပါတယ်။”

လက်ရှိရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်းဟောင်း နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ကိုလင်းထက်နိုင်ရဲ့ အမှုနဲ့ ပတ်သက်လို့ တလအတွင်း အယူခံဝင်သွားမယ်လို့ သူ့ရဲ့ ရှေ့နေအဖွဲ့က ဗွီအိုအေကိုပြောပါတယ်။ ကိုလင်းထက်နိုင်ဟာ ၂၀၁၅ခုနှစ်က အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ Bush Institute က မြန်မာလူငယ်တွေအတွက် စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ အစီအစဉ်မှာ ဂုဏ်ပြု ချီးမြှင့်ခံရထားရသူဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG