သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဒေါ်စုလုပ်ရပ် ထောက်ခံကြောင်း နေပြည်တော်မှာ ဆန္ဒဖော်ထုတ်


 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲတခုကို တနင်္ဂနွေနေ့က နေပြည်တော်မှာလုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ တက်ရောက်ပါတယ်။

ဆန္ဒပြသူအများအပြားက ဒေါ်အောင်ဆန်းစုကြည်ပုံတွေနဲ့ သူ့ကိုထောက်ခံတဲ့စာသားပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပါ တယ်။ ဒီလိုထောက်ခံဆန္ဒပြပွဲတွေကို မြန်မာနိုင်ငံတွင်း နေရာအတော်များများမှာသာမက ပြည်ပရောက် မြန်မာနွယ်ဖွားတွေကလဲ သူတို့နေထိုင်ရာ နေရာဒေသအသီးသီးမှာ လုပ်ကြတာတွေရှိထားပါတယ်။

ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်သွားကြတဲ့အခါမှသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ အိန္ဒိယနိုင်ငံက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒုက္ခသည်အရေး ဆွေးနွေးဖို့ ဒါကာမြို့တော်မှာရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေး Sushma Swaraj က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန်ကြီး A. H. Mahmood Ali နဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောတာပါ။

ဒီအကျပ်အတည်းအတွက် တခုတည်းသော ရေရှည်အဖြေကတော့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအတွက် လူမှုစီးပွားနဲ့ အခြေခံအဆောက်အအုံတွေ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာဖို့ပဲဖြစ်တယ်လို့လဲ ဝန်ကြီး Sushma ကပြောပါတယ်။

လက်ရှိအခြေအနေအတွက် ငြိမ်းချမ်းတဲ့အဖြေတခုရှာရေး မြန်မာနိုင်ငံအပေါ် အဆက်မပြတ် ဖိအားပေး တဲ့နေရာမှာ အိန္ဒိယနိုင်ငံက ကူညီလုပ်ဆောင်ပေးဖို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Ali ကတိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG