သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမြို့ မပျက်စေဖို့ စစ်ကောင်စီထောက်ခံသူတွေ ချီတက်တောင်းဆို


မန္တလေးမြို့ မပျက်စေဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စောင့်ရှောက်ဖို့အရေး မန္တလေးမြို့ပေါ်မှာ စီတန်းလှည့်လည်ဆန္ဒပြကြသူများ (ဩဂုတ် ၂၉၊ ၂၀၂၄)
မန္တလေးမြို့ မပျက်စေဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စောင့်ရှောက်ဖို့အရေး မန္တလေးမြို့ပေါ်မှာ စီတန်းလှည့်လည်ဆန္ဒပြကြသူများ (ဩဂုတ် ၂၉၊ ၂၀၂၄)

မန္တလေးမြို့ မပျက်စေဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စောင့်ရှောက်ဖို့အတွက်ဆိုပြီး လူနဲ့ သံဃာဝတ် အပါအဝင် အိမ်စီးကား အနည်းငယ်ဟာ အလံကိုင်ပြီး မန္တလေးမြို့ပေါ်မှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေမဖြစ်စေဖို့ အဲဒီလူတစုက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်း ပေးပို့ထားပါတယ်။

လူနဲ့ သံဃာဝတ် စုစုပေါင်းဦးရေ ၁၀၀ ဝန်းကျင်နဲ့ အိမ်စီးကား ၅စီးလောက်ဟာ မန္တလေးမြို့ပေါ်မှာ ဩဂုတ်လ ၂၉ ရက်၊ ဒီကနေ့မှာ စီတန်း လှည့်လည်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုင်ငံတော်အလံ ကိုင်ဆောင်ထားကြပြီး၊ မန္တလေးမြို့ မပျက်စေဖို့နဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို စောင့်ရှောက်ဖို့ ရည်ညွှန်းထားတဲ့ စာတန်းတွေကိုလည်း ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်မလာဖို့ တောင်းဆိုနေကြတဲ့ အဲဒီ လူစုလူဝေးဟာ မန္တလေးကျုံး ပတ်လည်တလျှောက် စီတန်းလှည့်လည်ခဲ့ပေမယ့် လူသွားလူလာနည်းချိန်မှာ ဆန္ဒပြခဲ့ပုံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အခုနေ့မနက် ၈နာရီ၊ ၉နာရီ၊ ၁၀နာရီ ပတ်ချာလည်အထိတော့ မတွေ့ရဘူး။ သူတို့အစောကြီး လုပ်သွားတာနေမယ်။ နေ့လည်ပိုင်းက ကျနော်တို့ အဲအရှေ့က သွားနေတာပဲ။ စျေးချိုဘက်တွေလည်း ကျနော်တို့ရောက်တယ်ဗျ။ လမ်း ၈၀ ကနေ ကျုံးဘက်ကို သွားတဲ့အထိလည်း ရောက်တယ်။ မတွေ့ခဲ့ဘူး။ ကျနော်တို့ အဲဒီမှာ ကားတွေလည်း သွားနေတာဆိုတော့ မတွေ့ဘူးဗျ။ ဘယ်အချိန်က လုပ်သွားလည်းမသိဘူး။ ကျနော်တို့တောင်မှ အံ့ဩနေတာ။"

မန္တလေးမြို့ မပျက်စေဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စောင့်ရှောက်ဖို့အရေး မန္တလေးမြို့ပေါ်မှာ စီတန်းလှည့်လည်ဆန္ဒပြကြသူများ (ဩဂုတ် ၂၉၊ ၂၀၂၄)
မန္တလေးမြို့ မပျက်စေဖို့နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ စောင့်ရှောက်ဖို့အရေး မန္တလေးမြို့ပေါ်မှာ စီတန်းလှည့်လည်ဆန္ဒပြကြသူများ (ဩဂုတ် ၂၉၊ ၂၀၂၄)

ဒီကနေ့မနက်ပိုင်း ဆန္ဒပြခဲ့ကြပုံကို စစ်ကောင်စီထောက်ခံတဲ့ ချန်နယ်တွေကနေတဆင့် တွေ့ရတယ်လို့ ပြောပါတယ်။ အခုလို ဆန္ဒပြတာမတိုင်ခင် မန္တလေး PDF ရဲ့ ရှမ်းမြောက်ကနေ မန္တလေးတိုင်းထဲအဝင် ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်မှာ ကြည့်ရှုသူများခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြား မန္တလေးမြို့ပေါ်မှာ ဒီရက်ပိုင်းထဲ လုံခြုံရေးတင်းကြပ်ထားတဲ့ အနေအထားကို ဒေသခံတဦးက အခုလို ပြောပါတယ်။

"အစစ်အဆေးတွေကတော့ နှစ်ပြလောက်မှာ နှစ်ယောက်-သုံးယောက်လောက် အရပ်ဝတ်နဲ့ရော၊ ရဲဝတ်နဲ့ရော၊ အဲဒါမျိုးတော့ အမြဲတမ်း တွေ့ရတယ်။ အခုရက်ပိုင်း နည်းနည်းသတိထားမိတာ။ နှစ်ပြလောက်ပေါ့၊ လမ်းတိုင်းမှာ ရဲ ၂ယောက်၊ ဒါမှမဟုတ် အရပ်ဝတ် ၂ယောက်၊ အဲပုံစံမျိုးတော့ အခုရက်ပိုင်းထဲ တွေ့ရတယ်။"

မန္တလေးမြို့ပေါ်မှာ အခုရက်ပိုင်းထဲ လူငယ်တချို့ စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခံရတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်နဲ့ စဉ့်ကူးလမ်းပိုင်းကြားက စစ်ကောင်စီရဲ့ ဗျူဟာမြောက် တပ်စခန်းတွေအပြင် စခန်းငယ်အားလုံး ကင်းစင်သွားပြီလို့ မန္တလေး PDF စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရှမ်း-မန်း စစ်ဆင်ရေး အားကောင်းလာချိန်မှာ မန္တလေးမြို့ပေါ် တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အရေးကို စစ်ကောင်စီထောက်ခံသူတွေက စုပေါင်းပြီး ဆန္ဒပြခဲ့ကြတယ်လို့ တချို့က သုံးသပ် ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG