သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆစ်ဒ်နီမှာ ခရစ္စမတ်စ်ကာလအတွက် ကိုဗစ်ကန့်သတ်ချက်ဖြေလေ ျှာ့


သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့မှာ ကိုဗစ်ရောဂါရှိ မရှိ စစ်ဆေးဖို့ တန်းစီနေကြသူများ။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၀)
သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့မှာ ကိုဗစ်ရောဂါရှိ မရှိ စစ်ဆေးဖို့ တန်းစီနေကြသူများ။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ခရစ္စမတ်ပွဲတော်ကာလ ကလေးငယ်တွေ ပိုပြီးစုဝေးနိုင်ဖို့အတွက် COVID-19 ကန့်သတ်ချက်တချို့ကို ယာယီဖြေလျော့ပေးမှာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဆစ်ဒနီမြို့ မြောက်ပိုင်း အပန်းဖြေကမ်းခြေတခုနဲ့ ဆက်နွယ်ပြီး ကူးစက်သူ ၁၀၀ လောက်ရှိလာတဲ့အတွက် ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ချမှတ်ထားတာပါ။ အခု ခရစ္စမတ်ကာလ အိမ်တွေမှာ လူ ၁၀ ယောက်ထိ စုဝေးခွင့်ပြုလိုက်ပြီး အသက် ၁၂ နှစ်အောက်ကလေးတွေကို ထည့်သွင်းရေတွက်စရာ မလိုပါဘူး။ ဒီလို ယာယီဖြေလျှော့မှုတွေကို ကြာသပတေးနေ့ကနေ စနေနေ့အထိခွင့် ပြုထားပါတယ်။

အခုလိုပွဲတော်ကာလ စည်းကမ်းဖြေလျှော့ပေးတာနဲ့ ပတ်သက်လို့ ခရစ္စမတ်စ်ပွဲတော်ကာလ စည်းကမ်းသတ်မှတ်ချက်တချို့ကို ဖြေလျှော့ပေးထားကြောင်း၊ အခုကာလ အားလုံးအတွက် ခက်ခဲတဲ့ အချိန်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာ နားလည်ကြောင်း၊ သီးခြားခွဲစောင့်ကြည့်နေထိုင်နေရသူတွေကို စာနာပါကြောင်းနဲ့ ခရစ္စမတ်စ်ကာလမှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး သီးခြားခွဲနေထိုင်နေရမယ့်သူတွေနဲ့ ထပ်တူ ခံစား၊ စာနာမိပါကြောင်း New South Wales ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ကပြောပါတယ်။

တောင်ကိုရီးယားမှာ ဒီကနေ့ တရက်ထဲ ကူးစက်သူ ၁,၀၀၀ ကျော်ရှိပါတယ်။ အခုထိ ကူးစက်သူ စုစုပေါင်း ၅၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၇၃၀ ကျော်ရှိတာပါ။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တွင်း ကူးစက်မှုပေါင်းက ၁၃,၀၀၀ ကျော်ရှိပါတယ်။ ဗြိတိန်မှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့တာကြောင့် ဗြိတိန်က လာသူအများစုအတွက် ကန့်သတ်ချက်တွေကို ဂျပန်နိုင်ငံက ချမှတ်ထားပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ပြည်ပခရီးသွားလာရောက်ခွင့် ဖြေလျော့ပေးခဲ့ပေမဲ့ အခု ဒီလို ဖြေလျှော့ပေးတာတွေကို ကြာသပတေးနေ့ကစပြီး ယာယီရပ်ဆိုင်းထားမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ လာမယ့် တနင်္ဂနွေကစလို့ ဗြိတိန်မှာ သီတင်းတပတ်ထိ နေပြီး နိုင်ငံကို ပြန်လာတဲ့ ဂျပန်နိုင်ငံသားတွေအနေနဲ့ ခရီးစဉ်မတိုင်မီ ၇၂ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးရမှာဖြစ်ပြီး နိုင်ငံတွင်း ပြန်ရောက်တဲ့အခါမှာလည်း ၁၄ ရက်သီးခြားခွဲနေထိုင်ဖို့ လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနကပြောပါတယ်။

ဆစ်ဒ်နီမှာ ခရစ္စမတ်စ်ကာလအတွက် ကိုဗစ်ကန့်သတ်ချက်ဖြေလေ ျှာ့
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

ဆဈဒျနီမှာ ခရစ်စမတျဈကာလအတှကျ ကိုဗဈကန့ျျသတျခကြျဖွလေေ ြှာ့




XS
SM
MD
LG