သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေးကြောင့် ထိုင်ဝမ်မှာ အရန်တပ်တွေ စစ်ရေးလေ့ကျင့်မှု တိုးမြှင့်


သေနတ်ပစ် လေ့ကျင့်နေတဲ့ ထိုင်ဝမ်အရန်တပ်ဖွဲ့ဝင်များ။ (မတ် ၁၂၊ ၂၀၂၂)
သေနတ်ပစ် လေ့ကျင့်နေတဲ့ ထိုင်ဝမ်အရန်တပ်ဖွဲ့ဝင်များ။ (မတ် ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းအပေါ် ရုရှားက ကျုးကျော်တိုက်ခိုက်သလို ထိုင်ဝမ်ကို တရုတ်ကဝင်တိုက်မှာ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ထိုင်ဝမ်ကျွန်းမှာ စစ်ရေးအရ အသင့်ဖြစ်အောင် ပြင်ဆင်နေတဲ့ အစီအစဉ်သစ်အရ စစ်ဘက်ဆိုင်ရာ အရန်တပ်ဖွဲ့တွေရဲ့ လေ့ကျင့်ရေးစခန်းကို သမ္မတ Tsai Ing-wen စနေနေ့က သွားရောက်ကြည့်ရှုပါတယ်။

အရန်တပ်ဖွဲ့တွေအတွက် တိုက်ခိုက်ရေးနဲ့ ပစ်ခတ်ရေး လေ့ကျင့်မှုတွေ ၂ ဆတိုး လုပ်ဆောင်မှု အပါအဝင် လေ့ကျင့်ရေးဆိုင်ရာမှာ ပြုပြင်ပြောင်းလဲမှှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက မနှစ်က နှစ်ကုန်ခါနီးမှာပဲ ကြေညာခဲ့တာပါ။

ဒီလမှာစတင်တဲ့ အစီအစဉ်သစ်အရ အရန်တပ်ဖွဲ့ဝင်တွေဟာ အရင်က ၅ ရက်ကနေ ၇ ရက် လေ့ကျင့်နေရာကနေ အခုသီတင်း ၂ ပတ်ကြာ လေ့ကျင့်ရမှာဖြစ်သလို သေနတ်ပစ်လေ့ကျင့်တာလို ရင်ဆိုင်တိုက်ပွဲတွေအတွက် အချိန်ပို လေ့ကျင့်ရမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်မြို့တော် တိုင်ပေမြို့ပြင်က Nanshipu သေနတ်ပစ်ကွင်းက လေ့ကျင့်မှုတွေကို လာကြည့်တဲ့ ကျည်ကာအင်္ကျီနဲ့ စစ်ဝတ်စုံပြည့် ဝတ်ထားတဲ့ ထိုင်ဝမ်သမ္မတ Tsai က အရန်တပ်ဖွဲ့ဝင်တွေဟာ အထူးသဖြင့် သူတို့နေအိမ်တွေနား တဝိုက်မှာပါ လေ့ကျင့်ကြရမှာဖြစ်ကြောင်း ပြောပါတယ်။

ရုရှားကျူးကျော်လာချိန်မှာ ပြည်သူတွေကို သေနတ်ပေးပြီး ရက်အနည်းငယ်ပဲ သင်တန်းတက်ခိုင်းခဲ့တဲ့ ယူကရိန်းကနေ သင်ခန်းစာတွေ အများကြီးယူနိုင်ကြောင်း၊ အခု အရန်တပ်ဖွဲ့ဝင်တွေ အနေနဲ့ တနှစ်ကို ၇ ရက်ကနေ ၁၄ ရက်လောက်အထိ လေ့ကျင့်ရတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု အများကြီး ပိုရနိုင်တယ်လို့လည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်ဟာ ဥပဒေအရ စစ်မှုထမ်းစေတာကို စစ်ရေးကျွမ်းကျင်သူတွေအဖြစ် ကိုယ့်ဆန္ဒအလျောက် ပါဝင်စစ်မှုထမ်းလာမယ့် ပုံစံကို တဖြည်းဖြည်း ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်အပေါ် ဝေဖန်မှုတွေလည်း ရှိနေတာပါ။

ဒီစနစ်သစ်အရ ဒီနှစ် ပထမ ၄ လပတ်ထဲမှာ အရန်တပ်သား တသောင်းခွဲလောက် ဖြစ်လာဖို့ မှန်းထားပြီး စတုတ္ထ ၄ လပတ်မှာတော့ ဒီအစီအစဉ်ကို ဆက်လုပ်သင့်မသင့် ပြန်သုံးသပ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG