သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ယာစွန်းဆန့်ကျင်ရေးဆန္ဒပြမှု ဂျာမန်လူထု သောင်းချီတက်ရောက်


 ဂျာမနီအနောက်ပိုင်း Roemer ရင်ပြင်မှာ ဆန္ဒပြဖို့ ရောက်လာကြတဲ့ လူအုပ်ကြီး။ (ဇန်နဝါရီ ၂၀၊ ၂၀၂၄)
ဂျာမနီအနောက်ပိုင်း Roemer ရင်ပြင်မှာ ဆန္ဒပြဖို့ ရောက်လာကြတဲ့ လူအုပ်ကြီး။ (ဇန်နဝါရီ ၂၀၊ ၂၀၂၄)

အစွန်းရောက်တွေရဲ့အစည်းအဝေးမှာလူတွေကို အုံလိုက်ကျင်းလိုက် ဂျာမနီကနေပြန်နှင်ထုတ်မယ့်စီမံကိန်း ပေါ်ထွက်လာပြီးတဲ့နောက် လကျ်ာစွန်းနိုင်ငံရေးဆန့်ကျင်မှု ဆန္ဒပြပွဲကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ လူတွေ သောင်းချီတက်ရောက်ခဲ့ကြပါတယ်။ မြူးနစ်မြို့ထဲဝင်လာကြတဲ့ဆန္ဒပြသူတွေက သိပ်ကို ကြီးမားလှတာကြောင့် စီစဥ်ထားတဲ့ချီတက်ပွဲကို မဖျက်လို့မရ ဖျက်လိုက်ရပြီး လုံခြုံရေးအကြောင်းကြောင့် လူစုခွဲခိုင်းလိုက်ရပါတယ်။

ဆန္ဒပြပွဲကို လူ ငါးသောင်းကျော် ရောက်ရှိနေကြပြီး စာရင်းပေးထားသူက ၂ ဆလောက်များနေတယ်လို့ ဆန္ဒပြပွဲစည်းရုံးလှုပ်ရှားသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ လူ တသိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြောင်း ဂျာမနီနေ့စဥ်သတင်းစာ ဆူဒွိုင်းချဇိုက်တင်း (Sueddeutsche Zeitung) က ဆိုပါတယ်။

ဆန္ဒပြကြမယ့်နေရာကို ရောက်လာကြသူတွေက “နာဇီတွေ ထွက်၊” “နာဇီတွေ ထပ်မလာဖို့ က ခု” ဆိုတဲ့ ဆန္ဒပြ ပိုစတာတွေကို ကိုင်ထားကြပါတယ်။ မြူးနစ်နဲ့ ဘာလင်မြို့ကြီးတွေအပါအဝင် သောကြာ၊ စနေ၊ တနင်္ဂနွေသုံးရက်မှာ ဆန္ဒပြပွဲတွေကို ဂျာမနီ နိုင်ငံတလွှား နေရာပေါင်း ၁၀၀ ကျော်မှာ ပြကြဖို့ စည်းရုံးခဲ့ကြတာပါ။ ဂျာမန်မဖြစ်တဲ့နိုင်ငံသားတွေကို နှင်ထုတ်ရေးအပေါ် လက်ျာစွန်းပါတီ AfD ပါတီဝင်တွေက ဆွေးနွေးခဲ့ကြတဲ့သတင်းကို ဇန္နဝါရီလ ၁၀ ရက်နေ့မှာ Correctiv သတင်းက ဖော်ပြခဲ့ပြီးတဲ့နောက် လက်ျာစွန်းဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့တာပါ။

ဌာနေရင်း လူဖြူတွေနေရာကို လူဖြူမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက သိမ်းယူတော့မယ့်ကြံစည်ချက်ရှိတယ်လို့ လကျ်ာစွန်း နိုင်ငံရေးသမားအချို့က ပြောကြပါတယ်။ အရှေ့ဂျာမနီမှာလုပ်ခဲ့တဲ့ ‌ဒေသဆိုင်ရာရွေးကောက်ပွဲသုံးခုမှာ AfD ပါတီရဲ့ ထောက်ခံမှုက အခိုင်မာဆုံးဖြစ်လာတာကို တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG