သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီသံတမန် ၂၀ ကျော် ရုရှားက နှင်ထုတ်


Germany Embassy in Moscow
Germany Embassy in Moscow

ဂျာမနီသံတမန် ၂၀ ကျော် ရုရှားက နှင်ထုတ်

ရုရှားအစိုးရက ဂျာမနီသံတမန် အယောက် ၂၀ ကျော်ကို စနေနေ့မှာ နိုင်ငံတွင်းကနေ နှင်ထုတ် လိုက်ပါတယ်။ ဒါဟာ ရုရှားသံတမန် ၂၀ ကျော်ကို ဂျာမနီအစိုးရက တိုင်းပြည်ကနေ နှင်ထုတ်ခဲ့တာကို လက်တုံ့ပြန်တာဖြစ်ကြောင်း ရုရှားအစိုးရရဲ့ RIA Novosti သတင်းမှာ ဖေါ်ပြထားပါတယ်။

ရုရှား ထောက်လှမ်းရေးအင်အား လျော့နည်းသွားစေချင်တဲ့ ဂျာမနီကတော့ ၂ နိုင်ငံအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းဦးရေ လျှော့ချဖို့ လုပ်နေတာဖြစ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးရုံး တာဝန်ရှိသူတဦးက ရိုက်တာ ကိုပြောပါတယ်။ ဒါကြောင့် ဂျာမနီက ရုရှားသံရုံးဝန်ထမ်းတွေ ဌာနေပြန်ကြတာဖြစ်ကြောင်း ပြောပေမယ့် ပြန်တဲ့သူ အရေအတွက်ကိုတော့ ထုတ်မပြောပါဘူး။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဂျာမနီက ရုရှားသံရုံး ဝန်ထမ်း အများအပြားကို အစုလိုက် ဌာနေပြန်ပို့ဖို့ ဆုံးဖြတ်တဲ့ ဂျာမနီအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ ဂျာမနီ အာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်တွေဟာ ရုရှား - ဂျာမနီ ၂ နိုင်ငံ ဆက်ဆံရေး လမ်းကြောင်း တခုလုံးကို ပျက်ပြားအောင် ဆက်လုပ်နေတာကို ပြသရာ ရောက်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG