(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္ထဲကုိ လူကုန္ကူးသူေတြ ေခၚေဆာင္လာတဲ့ တရားမ၀င္ ေရႊ႔ေျပာင္း၀င္ေရာက္လာသူေတြ အပူဒဏ္ေၾကာင့္ ကုန္တင္ယာဥ္ေနာက္ခန္းထဲမွာ ေသဆုံးရသူ အေရအတြက္ဟာ အဂၤါေန႔မွာ ၅၀ အထိ ရွိသြားၿပီလို႔ မကၠစီကို သမၼတ Andres Manuel Lopez Obrador ကေျပာပါတယ္။
တကၠဆက္ေတာင္ပုိင္း San Antonio ၿမိဳ႔မွာ အပူခ်ိန္ ၃၉ ဒႆမ ၄ စင္တီဂရိတ္အထိ ပူျပင္းတဲ့ ရာသီဥတုေၾကာင့္ ကုန္တင္ယာဥ္ ေနာက္ခန္းမွာ ၄၆ ဦးေသဆုံးေနတာကုိ သက္ဆုိင္ရာ တာ၀န္ရွိသူေတြ တနလၤာေန႔က ေတြ႕ရွိခဲ့ၾကတာပါ။ အဂၤါေန႔မွာေတာ့ ေသဆုံးသူ ၅၀ အထိတုိးလာခဲ့ ပါတယ္။
ဒီအျဖစ္အပ်က္ဟာ မၾကာမေသးမီ ကာလေတြအတြင္း မကၠဆီကုိ နယ္စပ္ လူကုန္ကူးမႈေတြ အတြင္း အဆုိးရြားဆုံး ျဖစ္ရပ္တခုျဖစ္ပါတယ္။
ေရႊ႕ေျပာင္း၀င္ေရာက္သူေတြ လိုက္ပါလာတဲ့ ကုန္တင္ကားမွာ ေသာက္ေရ တင္ေဆာင္လာတဲ့ လကၡဏာ မေတြ႔ရသလုိ၊ သုံးလို႔ရတဲ့ ေလေအးစက္ တပ္ဆင္ထားတာကုိလည္း မေတြ႔ရဘူးလုိ႔ အေမရိကန္ တာ၀န္ရွိသူေတြကေျပာပါတယ္။
ေဆသုံးသူေတြထဲမွာ မကၠဆီကုိႏုိင္ငံသား ၂၂ ဦး၊ ဂြါတီမာလာက ၇ ဦးနဲ႔ ဟြန္ဒူးရပ္က ၂ ဦး ပါ၀င္ပါတယ္။ က်န္ ၁၉ ဦးနဲ႔ ပတ္သက္ၿပီ း ႏုိင္ငံသား အတိအက် မသိရေသးဘူးလုိ႔ မကၠဆီကုိ အာဏာပုိင္ေတြကေျပာပါတယ္။ ကေလး ၄ ဦးအပါအ၀င္ ၁၆ ေယာက္ကုိေတာ့ ေဆးရုံတင္ ကုသ ထားရပါတယ္။ ေသဆုံးသူေတြထဲမွာေတာ့ ကေလးေတြ မပါ၀င္ပါဘူး။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေမရိကန္ အမိေျမ လုံၿခဳံေရးဌာနကေန စုံးစမ္းစစ္ေဆးမႈေတြလုပ္ ေနေၾကာင္း အေမရိကန္ လူ၀င္မႈႀကီးၾကပ္ေရး တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။
(Unicode)
တက္ကဆက်ပြည်နယ် ကုန်ကားပေါ်မှာ သေဆုံးတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၅၀ အထိတိုး
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲကို လူကုန်ကူးသူတွေ ခေါ်ဆောင်လာတဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အပူဒဏ်ကြောင့် ကုန်တင်ယာဉ်နောက်ခန်းထဲမှာ သေဆုံးရသူ အရေအတွက်ဟာ အင်္ဂါနေ့မှာ ၅၀ အထိ ရှိသွားပြီလို့ မက္ကစီကို သမ္မတ Andres Manuel Lopez Obrador ကပြောပါတယ်။
တက္ကဆက်တောင်ပိုင်း San Antonio မြို့မှာ အပူချိန် ၃၉ ဒဿမ ၄ စင်တီဂရိတ်အထိ ပူပြင်းတဲ့ ရာသီဥတုကြောင့် ကုန်တင်ယာဉ် နောက်ခန်းမှာ ၄၆ ဦးသေဆုံးနေတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ တနင်္လာနေ့က တွေ့ရှိခဲ့ကြတာပါ။ အင်္ဂါနေ့မှာတော့ သေဆုံးသူ ၅၀ အထိတိုးလာခဲ့ ပါတယ်။
ဒီအဖြစ်အပျက်ဟာ မကြာမသေးမီ ကာလတွေအတွင်း မက္ကဆီကို နယ်စပ် လူကုန်ကူးမှုတွေ အတွင်း အဆိုးရွားဆုံး ဖြစ်ရပ်တခုဖြစ်ပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူတွေ လိုက်ပါလာတဲ့ ကုန်တင်ကားမှာ သောက်ရေ တင်ဆောင်လာတဲ့ လက္ခဏာ မတွေ့ရသလို၊ သုံးလို့ရတဲ့ လေအေးစက် တပ်ဆင်ထားတာကိုလည်း မတွေ့ရဘူးလို့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။
ဆေသုံးသူတွေထဲမှာ မက္ကဆီကိုနိုင်ငံသား ၂၂ ဦး၊ ဂွါတီမာလာက ၇ ဦးနဲ့ ဟွန်ဒူးရပ်က ၂ ဦး ပါဝင်ပါတယ်။ ကျန် ၁၉ ဦးနဲ့ ပတ်သက်ပြီ း နိုင်ငံသား အတိအကျ မသိရသေးဘူးလို့ မက္ကဆီကို အာဏာပိုင်တွေကပြောပါတယ်။ ကလေး ၄ ဦးအပါအဝင် ၁၆ ယောက်ကိုတော့ ဆေးရုံတင် ကုသ ထားရပါတယ်။ သေဆုံးသူတွေထဲမှာတော့ ကလေးတွေ မပါဝင်ပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အမိမြေ လုံခြုံရေးဌာနကနေ စုံးစမ်းစစ်ဆေးမှုတွေလုပ် နေကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောဆိုပါတယ်။