သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအကူအညီတချို့ ကရင်မြို့နယ် ၃ ခုရရှိ


ထိုင်းအကူအညီတချို့ KNU ထိန်းချုပ်ဒေသ ကရင်မြို့နယ် ၃ ခုထံရောက်ရှိ (မတ် ၂၇၊ ၂၀၂၄)
ထိုင်းအကူအညီတချို့ KNU ထိန်းချုပ်ဒေသ ကရင်မြို့နယ် ၃ ခုထံရောက်ရှိ (မတ် ၂၇၊ ၂၀၂၄)

မြန်မာနိုင်ငံကို ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ပြေးအကူအညီတွေကို ပေးနေတာမှာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိမ်းချုပ်နယ်မြေထဲက ကရင်လူထုတွေအတွက်လည်း အကူအညီတွေပေးခဲ့တယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးကပြောပါတယ်။ ကရင်ပြည်နယ် မြို့နယ် ၃ ခုကို အကူအညီတွေပေးနိုင်ခဲ့တဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်အာဏာသိမ်းမှုတွေနဲ့ မတည်ငြိမ်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဒုက္ခသည်တွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ပြေးအကူအညီတွေကို မတ်လ ၂၅ရက်နေ့ နဲ့ ၂၆ ရက်နေ့က စတင်ပေးအပ်ခဲ့ရာမှာ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိမ်းချုပ်နယ်မြေ ဘားအံခရိုင် နဘူး မြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ ဒုံရင်းမြို့နယ်ထဲက စစ်ဘေးရှောင်လူထုတွေဆီကို အကူအညီတွေ ပို့ခဲ့တယ်လို့ဆိုပါတယ် ။ ဒါဟာ မြန်မာကြက်ခြေနီအသင်းကနေ ယူထားတာမဟုတ်ပဲ ထိုင်းကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးကပြောပါတယ်။

"ထိုင်းကြက်ခြေနီအဖွဲ့ကနေ ကျနော်တို့နဲ့ပူးပေါင်းဆောင်ရွက်မူ့လုပ်ခဲ့တာပါ၊ကျနော်တို့ဆီရောက်လာတာပေါ့နော် ။ အဲဒီကနေ ကျနော်တို့ရဲ့မြို့နယ် ၃ခုကို ဖြန့်ဝေတာပေါ့နော်။ သူတို့ဘက်က သွားချင်ရင်လည်း သူတို့နဲ့သွားဆိုတဲ့ပုံစံမျိုးကိုကျနော်တို့က လုပ်နေတာပါ၊"

ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာက အစိုးရတွေ လူသားချင်းစာနာတဲ့အကူညီပေးချင်တဲ့ သူတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပေးနေတဲ့အခါ အကူအညီ အမှန်တကယ်လိုနေသူတွေလက်ထဲ ရောက်နိုင်ဖို့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေရသူတွေအရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သင့်တယ်လို့လည်း သူကအကြံပြုပါတယ်။

"အဓိက ထိုင်းကနေတဆင့် နယ်စပ်ဖြတ်ကျော်ပြီးအကူအညီပေးနေတဲ့ TBBC လို့အဖွဲ့အစည်းတွေ CIDKB လို့အဖွဲ့အစည်းတွေ CBO CSO တွေကနေတဆင့် ကျယ်ပြန့်စွာ ဖြန်ဝေပေးနိုင်ဖို့အတွက်တော့ အဓိက ကျနော်တို့ကစဉ်းစားချက်ရှိပါတယ် ၊အဲဒီအဖွဲ့တွေကသာ လူထုကို တိုက်ရိုက်ရောက်နိုင်တယ်၊ တိုက်ရိုက်စွမ်းဆောင်နိုင်တယ် သူတို့ရဲ့အတွေ့အကြုံကလည်းနှစ်ပေါင်း မနည်းဘူးလေ"

ထိုင်းဘက်ကလူသားချင်းစာနာတဲ့အကူအညီတွေ ရောက်တဲ့အချိန်မှာ စစ်ကောင်စီကလေကြောင်းကနေ ပျံသန်းခြိမ်းခြောက်မူတွေရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။ အကူအညီတွေ ဖြန့်ဝေဖို့ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲထားတာတွေ ညှိနှိုင်းတာတွေ လုပ်မထားဘူးလို့ ကေအန်ယူဘက်ကပြောပါတယ်။ လတ်တလောမှာစစ်ကောင်စီနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ ဟာ ကေအန်ယူထိမ်းချုပ်ရာနယ်မြေ ၇ ခုလုံးမှာတိုက်ပွဲတွေ ဖြစ်နေပြီး စစ်ဘေးကြောင့် ဒုက္ခရောက်နေသူ ၇ သိန်းကျော် ရှိနေပြီလို့လည်း ကေအန်ယူကပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG