ထိုင်းနိုင်ငံကို လေကြောင်းကနေဝင်လာကြမယ့် နိုင်ငံတကာခရီးသည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ သက်သေအထောက်အထားပြသရမယ်လို့ CAAT ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံက သူ့နယ်စပ်ဂိတ်တွေ တနင်္ဂနွေနေ့မှာ ပြန်ဖွင့်ပေးလိုက်တဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေပိုရောက်လာနိုင်ခြေရှိတဲ့အပေါ် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထိုင်းတာဝန်ရှိသူတွေက ခုလိုကြေညာလိုက်တာပါ။
တနင်္လာနေ့အစောပိုင်းကစပြီး ပြည်ပခရီးသည်အားလုံး ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားတာ၊ ဒါမှမဟုတ်လွန်ခဲ့တဲ့ ၆ လအတွင်း ကိုဗစ်ရောဂါ သက်သာပျောက်ကင်းခဲ့ကြောင်း သက်သေအထောက်အထားတွေပြရမယ်လို့ ထိုင်းလေကြောင်းအာဏာပိုင်ရဲ့ စနေနေ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကာကွယ်ဆေးထိုးမထားသူတွေကတော့ ဘာကြောင့်ကာကွယ်ဆေးမထိုးထားသလဲဆိုတဲ့ ဆေးလက်မှတ်တွေပြကြရမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်မတက်ခင် ခရီးသည်အားလုံးရဲ့ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာလေကြောင်းလိုင်းက စစ်ဆေးရမှာဖြစ်တယ်လို့လည်း CAAT ကပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးအမျိုးအစားအလိုက် ဆေးထိုးထားရမယ့် အကြိမ်အရေအတွက်စာရင်းကိုလည်း သူ့ရဲ့အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။
ခုထုတ်ပြန်လိုက်တဲ့ စည်းကမ်းသစ်က ဇန်နဝါရီလကုန်ထိ အကျုံးဝင်မယ်လို့လည်း CAAT ကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှာပဲ ကိုဗစ်ကာကွယ်ဆေး ထိုးမှု ဆိုင်ရာ စည်းကမ်းတွေကို ထိုင်းနိုင်ငံက ရုပ်သိမ်းလိုက်ပေမယ့် တရုတ်နိုင်ငံမှာ ကိုဗစ်လုံးဝကင်းစင်ရေး zero-Covid မူဝါဒတွေဖြေလေ ျှာ့ပေးလိုက်ပြီး နယ်စပ်ဂိတ်တွေပြန်ဖွင့်လိုက်ချိန်မှာ ထိုင်းဖက်ကပြန်လည်ကျင့်သုံ းလာတာဖြစ်ပါတယ်။