Amnesty International အဖဲြ႕ကို ႏွင္ထုတ္ဖို႔ ထိုင္းအစိုးရျပင္ဆင္
{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံမွာ ဘုရင္ရဲ႕ ၾသဇာအရွိန္အဝါကို ကန္႔သတ္ဖို႔ ေတာင္းဆိုဆႏၵျပသူေတြကို အားေပးေထာက္ခံေနတဲ့ ႏိုင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႕ျဖစ္တဲ့ Amnesty International ကို တိုင္းျပည္က ႏွင္ထုတ္ဖို႔ ေတာင္းဆိုမႈေတြ ရွိေနတာေၾကာင့္ လက္ေတြ႕ေဆာင္ရြက္ဖို႔ ျပင္ဆင္ေနေၾကာင္း ထိုင္း၀န္ႀကီးခ်ဳပ္ ပရာယြတ္ခ်ိန္အိုခ်ာရဲ႕ အႀကီးတန္းလက္ေထာက္ အရာရွိတေယာက္က ေျပာလိုက္ပါတယ္။
AI ကို ႏွင္ထုတ္ဖို႔ ေထာက္ခံသူေတြကို ၿပီးခဲ့တဲ့ႏွစ္ကစ စုေဆာင္းခဲ့ရာမွာ အခုအခါ လက္မွတ္ထိုးတဲ့သူ ၁ သန္း ရရွိထားတာေၾကာင့္ ျပည္ထဲေရးနဲ႔ အမ်ဳိးသားလုံျခံဳေရးေကာင္စီကို ၾကာသပေတးေန႔မွာ တင္ျပဖို႔ ရွိေနေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ရံုးရဲ႕ ဒုဝန္ႀကီး Seksakol Atthawong က ဗြီအိုေအကို ေျပာပါတယ္။
ထိုင္းဘုရင္စနစ္နဲ႔ ဖဲြ႕စည္းပုံအေျခခံဥပေဒကို ဆန္႔က်င္တဲ့ ဆူပူသူေတြနဲ႔ AI အဖဲြ႕ဟာ ပူးေပါင္းလႈပ္ရွားေနတယ္လို႔လည္း ေျပာပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေႏွာင္းပိုင္းတုန္းက ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ရာထူးက ႏုတ္ထြက္ေပးဖို႔ နဲ႔ ေနာက္ပိုင္းမွာေတာ့ ဘုရင္စနစ္က ႏိုင္ငံေရးကို ၾသဇာလႊမ္းမိုးမႈမရွိေအာင္ ျပဳျပင္ေျပာင္းလဲဖို႔ အခ်က္ ၁ဝ ခ်က္ ေတာင္းဆိုဆႏၵျပခဲ့ၾကတဲ့ လူငယ္ေတြ ဦးေဆာင္တဲ့ လႈပ္ရွားမႈမွာ ပါဝင္သူေတြကို ဆူပူသူေတြလို႔ ထိုင္းအာဏာပိုင္ေတြ ရည္ၫႊန္းေျပာဆိုေလ့ ရွိပါတယ္။
ထိုင္းႏိုင္ငံ ဖဲြ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးကေတာ့ ျပဳျပင္ေရး ၁ဝ ခ်က္ဟာ ဘုရင္စနစ္ကို ဖယ္ရွားဖို႔ ရည္ရြယ္တဲ့ အေျခခံဥပေဒကို ခ်ဳိးေဖာက္တဲ့ လုပ္ရပ္အျဖစ္ မၾကာေသးခင္ကပဲ ဆုံးျဖတ္ခဲ့တာပါ။ AI အဖဲြ႕ကေတာ့ တရား႐ုံးဆုံးျဖတ္ခ်က္ဟာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုသူေတြအတြက္ အႏၲရာယ္ႀကီးမားတဲ့ လုပ္ရပ္အျဖစ္ ေဝဖန္ခဲ့ပါတယ္။
.....................................................
Amnesty International အဖွဲ့ကို နှင်ထုတ်ဖို့ ထိုင်းအစိုးရပြင်ဆင်
{{Unicode}}
ထိုင်းနိုင်ငံမှာ ဘုရင်ရဲ့ သြဇာအရှိန်အဝါကို ကန့်သတ်ဖို့ တောင်းဆိုဆန္ဒပြသူတွေကို အားပေးထောက်ခံနေတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Amnesty International ကို တိုင်းပြည်က နှင်ထုတ်ဖို့ တောင်းဆိုမှုတွေ ရှိနေတာကြောင့် လက်တွေ့ဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချိန်အိုချာရဲ့ အကြီးတန်းလက်ထောက် အရာရှိတယောက်က ပြောလိုက်ပါတယ်။
AI ကို နှင်ထုတ်ဖို့ ထောက်ခံသူတွေကို ပြီးခဲ့တဲ့နှစ်ကစ စုဆောင်းခဲ့ရာမှာ အခုအခါ လက်မှတ်ထိုးတဲ့သူ ၁ သန်း ရရှိထားတာကြောင့် ပြည်ထဲရေးနဲ့ အမျိုးသားလုံခြုံရေးကောင်စီကို ကြာသပတေးနေ့မှာ တင်ပြဖို့ ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ ဒုဝန်ကြီး Seksakol Atthawong က ဗွီအိုအေကို ပြောပါတယ်။
ထိုင်းဘုရင်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဆူပူသူတွေနဲ့ AI အဖွဲ့ဟာ ပူးပေါင်းလှုပ်ရှားနေတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းတုန်းက ဝန်ကြီးချုပ် ပရာယွတ် ရာထူးက နုတ်ထွက်ပေးဖို့ နဲ့ နောက်ပိုင်းမှာတော့ ဘုရင်စနစ်က နိုင်ငံရေးကို သြဇာလွှမ်းမိုးမှုမရှိအောင် ပြုပြင်ပြောင်းလဲဖို့ အချက် ၁ဝ ချက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဆူပူသူတွေလို့ ထိုင်းအာဏာပိုင်တွေ ရည်ညွှန်းပြောဆိုလေ့ ရှိပါတယ်။
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကတော့ ပြုပြင်ရေး ၁ဝ ချက်ဟာ ဘုရင်စနစ်ကို ဖယ်ရှားဖို့ ရည်ရွယ်တဲ့ အခြေခံဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် မကြာသေးခင်ကပဲ ဆုံးဖြတ်ခဲ့တာပါ။ AI အဖွဲ့ကတော့ တရားရုံးဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေအတွက် အန္တရာယ်ကြီးမားတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ပါတယ်။