သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုးဝင် မြန်မာ ၈ ဦးနဲ့ ထိုင်းပွဲစား စံခရဘူရီမှာ ထိုင်းရဲဖမ်းဆီး

ထိုင်းနယ်စပ် ပြည်နယ်တွေမှာ ဖမ်းဆီးရမိနေတဲ့ မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနယ်စပ် ပြည်နယ်တွေမှာ ဖမ်းဆီးရမိနေတဲ့ မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ထိုင်းနိုင်ငံသားတဦးရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းစစ်တပ်နဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ Nissan sedan အဖြူရောင်ကားကို စံခရဘူရီခရိုင်၊ Song Kalia T လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ မနက် ၃ နာရီခွဲအချိန် ရဲက တားမြစ်စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဖမ်းခံရသူ မြန်မာတွေထဲမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်တာပါ။ သူတို့အားလုံး ဘုရားသုံးဆူကနေ စံခရဘူရီမှာရှိတဲ့ နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆမွတ်စခွန်ခရိုင်မှာ အလုပ်ရမယ်ဆိုပြီး ဘုရားသုံးဆူမှာရှိတဲ့ အလုပ်ရှာဖွေပေးရေး အေဂျင်စီကို တယောက် ဘတ်ငွေ ၂၅,၀၀၀ ကနေ ၂၈,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေထဲက ၅ ဦးကို တရားမဝင် ဝင်ရောက်မှု၊ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး ခရီးသွားလာမှု ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။

မြန်မာတွေကို ကားနဲ့တင်ပြီး ခေါ်သွင်းလာတဲ့ ထိုင်းလူမျိုး ကားမောင်းဆရာ Lamun Khuntha ကတော့ အခြား ထိုင်းနိုင်ငံသားတဦးကို သူက ဘတ် ၂,၄၀၀ ပေးပြီး အလုပ်ကိုင်ရှာဖွေချင်တဲ့ ဒီမြန်မာတွေကို ထိုင်းနိုင်ငံထဲ သယ်ဆောင်လာတာဖြစ်ကြောင်း ထွက်ဆိုပါတယ်။ ထိုင်းကားဆရာကိုလည်း တရားမဝင် ဝင်ရောက်သူတွေကို ကူညီမှုအတွက် တရားစွဲထားပါတယ်။

ခိုးဝင် မြန်မာ ၈ ဦးနဲ့ ထိုင်းပွဲစား စံခရဘူရီမှာ ထိုင်းရဲဖမ်းဆီး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







This item is part of
XS
SM
MD
LG