သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ကလေးငယ်တွေ ပညာသင်ခွင့် ထိုင်းအာဏာပိုင်တွေ သတိပေး


ထိုင်းနိုင်ငံမှာ လက်ရှိပညာသင်ယူနေကြတဲ့ အထောက်အထားမဲ့၊ နိုင်ငံမဲ့ ကျောင်သားကျောင်းသူများ။ (မတ် ၁၀၊ ၂၀၂၄/ဓာတ်ပုံ-ဗွီအိုအေ မြန်မာဌာန)
ထိုင်းနိုင်ငံမှာ လက်ရှိပညာသင်ယူနေကြတဲ့ အထောက်အထားမဲ့၊ နိုင်ငံမဲ့ ကျောင်သားကျောင်းသူများ။ (မတ် ၁၀၊ ၂၀၂၄/ဓာတ်ပုံ-ဗွီအိုအေ မြန်မာဌာန)

ထိုင်းအစိုးရက ထိုင်းနိုင်ငံသားမဟုတ်တဲ့ အထောက်အထားမရှိတဲ့ကလေးတွေကို ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေက လက်ခံရမယ်ဆိုတာကို ထပ်ပြီးသတိပေးတဲ့အနေနဲ့ the Basic Education Commission (OBEC) အခြေခံပညာရေး ကော်မရှင်နဲ့ Ministry of education (MOE)ထိုင်းပညာရေးဝန်ကြီး ဌာနက စာထုတ်ပြန်ပါတယ်။ Mr. Surapong Kongchantuk (Advisor to the Committee on Children, Youth, Women, Older Persons, Persons with Disabilities, Ethnic Groups, and LGBTs, House of Representatives) ကို ဗွီအိုအေကဆက်သွယ်မေးမြန်းထားပြီးသတင်းပေးပို့ထားပါတယ်။

ထိုင်းအစိုးရက ထိုင်းနိုင်ငံသားမဟုတ်တဲ့ အထောက်အထားမရှိတဲ့ကလေးတွေက ပညာဆည်းပူးလိုတယ်ဆိုရင် ပညာဆိုင်ရာအဖွဲ့အစည်းတွေ၊ ကျောင်းတွေနဲ့ ဌာနဆိုင်ရာတွေ က လက်ခံရမယ်ဆိုတာကို ထပ်ပြီးသတိပေးတဲ့အနေနဲ့ the Basic Education Commission (OBEC) အခြေခံပညာရေးဆိုင်ရာ ကော်မရှင်နဲ့ Ministry of Education (MOE)ထိုင်းပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်လိုက်ကြောင်း ထိုင်းနိုင်ငံ ကလေးသူငယ် ၊ အမျိုးသမီး၊ လူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူများ၊ နိုင်ငံမဲ့များ၊ တိုင်းရင်းသားလူနည်းစုများအတွက် ကော်မတီရဲ့အကြံပေးဖြစ်တဲ့
Mr. Surapong Kongchantuk ကို VOA ကမေးမြန်းရာမှာ ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

"ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ ထိုင်းနိုင်ငံသားမဟုတ်တဲ့ ဘာအထောက်အထားမှမရှိတဲ့လူတွေအပါအဝင် အားလုံးကို ပညာသင်ခွင့်ပေးတဲ့ဥပဒေက ၂၀၀၅ ကတည်းကရှိပြီးသားပါ။ အခုပြန်ထုတ်လိုက်တဲ့စာက ဥပဒေအသစ်ထုတ်တာမဟုတ်ဘူး။ ကျောင်းတွေက ကလေးတွေကို လက်ကိုလက်ခံရမယ်ဆိုတဲ့ ၂၀၀၅ တုန်းကထုတ်ပြန်ခဲ့တဲ့ဥပဒေကို ထပ်သတိပေးတဲ့အနေနဲ့ထုတ်လိုက်တဲ့စာ ဖြစ်တယ်။ အခုလိုထပ်သတိပေးရတဲ့အကြောင်းအရင်းက တချို့ကျောင်းတွေက ကလေးတွေကိုသိပ်လက်မခံဘူးဆိုတဲ့တွေ့ရှိချက်ကြောင့်ဖြစ်ပါတယ်။" လို့ပြောသွားတာ ဖြစ်ပါတယ်။

လက်မှတ် အထောက်အထားမရှိတဲ့ကလေးတွေအတွက် ပညာသင်ကြားနိုင်မဲ့အခွင့်အရေးဟာ အဆင်မြင့်ပညာရေးတွေအထိကော အကျုံးဝင်ပါသလားလို့မေးတဲ့အခါမှာတော့ -

"Educational institution ဆိုတာ က Childen's Center ကအစကနေ တက္ကသိုလ်အထိပါတယ်။ ကျောင်းသားက အဆင့်မြင့်ပညာရေးကိုသင်ကြားနိုင်ခွင့်ရှိတယ်ဆိုရာမှာ ဒေါက်တာဘွဲ့အထိ ပညာဆက်လက်သင်ကြားခွင့်ရှိပါတယ်" လို့ပြောသွားခဲ့ပါတယ်။

ကျောင်းတွေကလက်ခံပြီးပြီဆိုရင် ခရီးသွားလာခွင့်၊ နယ်မြေဖြတ်သန်းခွင့်တွေကိုကော ရရှိနိုင်ပါသလားဆိုတဲ့မေးခွန်းကိုတော့ အခုလိုပြောသွားပါတယ်။

"တက္ကသိုလ်က ဒီကျောင်းသားကိုလက်ခံပြီးသားဆိုတဲ့ အထောက်အထားခိုင်လုံတာတွေရှိပြီဆိုရင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ယာယီခရီးသွားလာခွင့်တောင်းလို့ရပါတယ်။" လို့ပြောသွားပါတယ်။

ဒီဥပဒေကိုတော့ ထိုင်းဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးဌာန စစ်တပ်အပါအဝင် ဌာနဆိုင်ရာတွေပါတဲ့အစိုးရအဖွဲ့ကနေ ထုတ်ပြန်တာဖြစ်ကြောင်းပြောဆိုသွားပါတယ်။

Forum

XS
SM
MD
LG