သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နှိမ်နင်းမှုကြောင့် ထိုင်းကွန်ဒိုအရောင်းဈေးကွက် ထိခိုက်


ဘန်ကောက်မြို့မြင်ကွင်း
ဘန်ကောက်မြို့မြင်ကွင်း

ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက အရေးယူနေတာကြောင့် ထိုင်းနိုင်ငံရဲ့ ဒီနှစ် ဒုတိယ ဘဏ္ဍာရေး ၃ လပတ်အတွင်း အရောင်းဈေးကွက် သိသိသာသာ ထိခိုက်သွားတဲ့အကြောင်း ထိုင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေကို မြန်မာစစ်ကောင်စီက စတင် အရေးယူခဲ့တဲ့ အချိန်နောက်ပိုင်း ဘီလျံနဲ့ချီတန်ဖိုးရှိတဲ့ ကွန်ဒိုတွေ အရောင်း ရပ်ဆိုင်းနေခဲ့တဲ့အကြောင်း ထိုင်း Ananda Development ကွန်ဒို အရောင်းဌာန အုပ်ချုပ်ရေးမှု Prasert Taedullayasatit ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့တာပါ။

ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံသားတွေ ဒုတိယ အများဆုံး နေရာမှာ ရှိခဲ့တဲ့အကြောင်း ထိုင်း အိုးအိမ်ခြံမြေအရောင်းအဝယ် စစ်တမ်းကောက်ခံသူတွေ ပြီးခဲ့တဲ့ လပိုင်းတွေက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း မြန်မာနိုင်ငံသားတွေ ထိုင်းကနေ ကွန်ဒိုဝယ်ယူတဲ့ ပမာဏဟာ ထိုင်းဘတ်ငွေ ၂ ဒသမ ၁ ဘီလျံဖိုး ရှိပြီး ၃၃၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေကတော့ ထိုင်းဘတ်ငွေ ၅ ဒသမ ၃၆ ဘီလျံဖိုး ဝယ်ယူပြီး အများဆုံးဖြစ်ပေမဲ့ အရင်နဲ့စာရင် ၈ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီဘက်က ကွန်ဒိုဝယ်သူတွေကို အရေးယူခဲ့တဲ့ ဧပြီလ နောက်ပိုင်း မြန်မာဘက်က အဝယ်ဈေးကွက် ပျက်သလို ဖြစ်သွားခဲ့တာကို Ananda Development ကွန်ဒို အရောင်းဌာန အုပ်ချုပ်ရေးမှုးက ပြောဆိုတာပါ။

စစ်ကောင်စီ နှိမ်နင်းမှုကြောင့် ထိုင်းကွန်ဒိုအရောင်းဈေးကွက် ထိခိုက်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG