သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘက်ဖြတ်ခွင့် တိုးမယ့် CDM တွေကို နယ်စပ်မှာ ဖမ်းဆီး


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာတွေ့ရတဲ့ ချစ်ကြည်ရေးတံတား ယခင်မှတ်တမ်းဓာတ်ပုံ။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာတွေ့ရတဲ့ ချစ်ကြည်ရေးတံတား ယခင်မှတ်တမ်းဓာတ်ပုံ။

ထိုင်းဘက်မှာ တရားဝင်နေထိုင်နေတဲ့ CDM ဝန်ထမ်းတွေဟာ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ကို သက်တမ်း သွားတိုးရင်းနဲ့ အဖမ်းခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ပထမပိုင်းတုန်းကတော့ သူတို့ ရိုးရိုးတံတား ကူးတယ်။ ရိုးရိုးတံတားကူးပြီး Smart Card တွေ လုပ်တယ် သက်တမ်းတိုးတယ်၊ ပြန်လာတယ်။ နောက်တော့ Smart Card အချက်အလက်တွေ ရောက်လာတဲ့လူတွေဆို တချက်တည်း ဆွဲဖမ်းလိုက်တယ်။ တံတားကို လာခေါ်တာတောင်မှ ရဲမှူး အဆင့်က လာခေါ်တယ် ပြောတယ်။ အခုကျနော်တို့သိတာဆို မြ၀တီရဲစခန်းမှာ ချုပ်ထားတာရှိတယ်။ တချို့ဆို တရားရုံးတောင် တက်နေရပြီ။ အရင်လည်း အဖမ်းခံရတာ ရှိတယ်၊ အခုတော့ ရက်ခြား ဖမ်းခံရတာတွေ ရှိလာတယ်။ အရင် အဖမ်းခံရတဲ့ သူတွေတုန်းကတော့ သတင်းတွေ ထွက်မလာဘူး။”

ထိုင်းဘက်မှာ တရားဝင်နေထိုင်နေတဲ့ CDM ဝန်ထမ်းတွေဟာ ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်-မြ၀တီ နယ်စပ် ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ၇ ရက်တခါ ချစ်ကြည်ရေးတံတားကိုဖြတ်ပြီး သက်တမ်းပြန်တိုး ထိုင်းဘက် ပြန်လာနေထိုင်နေကြတာပါ။ ဖမ်းဆီးနေတာ တလကျော်ပေမယ့် သတင်းမထွက်တာကြောင့် မသိကြတာလို့လည်း ဆိုပါတယ်။

အခုဆိုရင် မြ၀တီမြို့ဘက်ကို သွားကြတဲ့ သူတွေထဲမှာ ၂ပတ်အတွင်း ဖမ်းဆီးခံရသူတွေ ဆယ်ဂဏန်းလောက် ရှိလာတာကြောင့် CDM ဝန်ထမ်းတွေ တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ထိုင်းဘက်ဖြတ်ခွင့် တိုးမယ့် CDM တွေကို နယ်စပ်မှာ ဖမ်းဆီး
please wait

No media source currently available

0:00 0:01:53 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG