သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ ဆင်းရဲသားကူညီရေးအစီအစဉ် မြန်မာနွယ်ဖွားတွေရရှိ


အခါတိုင်းရင်းသားများ
အခါတိုင်းရင်းသားများ

ထိုင်းအစိုးရရဲ့ ဆင်းရဲသား ကူညီတဲ့ ထောက်ပံ့ကြေးတွေကို မယ်ဟောင်ဆောင်ခရိုင်နဲ့ တာ့ခရိုင်ထဲကမြန်မာနွယ်ဖွားရှမ်းနဲ့ကရင် တောင်ပေါ်တိုင်းရင်းသားများ ပါရရှိပါတယ်။ သြဂုတ်လအတွင်း ထောက်ပံ့ပေးတဲ့အစီစဉ်မှာ ရှမ်းနဲ့ ကရင်တောင်ပေါ်တိုင်းရင်းသားတွေအများအပြားပါဝင်လာပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ အခြေခံဝင်ငွေနည်းတဲ့ မိသားစုတွေ၊ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေနဲ့ မွေးကင်းစကလေးငယ်တွေ အတွက် ၂၀၁၉ သြဂုတ်လ ထောက်ပံ့ကြေး အနေနဲ့ တဦးကို ( မြန်မာငွေ နှစ်သောင်းခွဲ ၊ )လောက်နဲ့ ညီမျတဲ့ ဘတ်ငွေ ၅၀၀ကို ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင် ခရိုင်အတွင်းက ကရင်နဲ့ ရှမ်း တိုင်းရင်းသားတွေကိုပါ ပေးအပ်ခဲ့တာပါ။

အခုလိုအစိုးရရဲ့ထောက်ပံ့ပေးမူ အစီစဉ်ဟာ တောင်ပေါ်နေတိုင်ရင်းသားတွေအတွက် စီပွားရေးကြပ်တည်းနေတဲ့ ကာလမှာအဆင်ပြေမူတွေရှိတယ်လို့ ထိုင်းအမျိုးသမီးက အခုလိုပြောပြပါတယ်။

“တချို့လူတွေက ၂၀၀ရတယ် တချိုကတော့၃၀၀ရတယ် ရတာမတူဘူး။ ဒီလအတွက် ကတော့ သပ်သပ် ၅၀၀ထောက်ပံ့ပေးပါတယ် နောက်လပုံမှန် ၃၀၀ ရသွားမယ်။ တောင်ပေါ်သားတွေလည်းလာထုတ်တော့ သူတို့က ပိုက်ဆံသပ်သပ်ပဲ လာထုတ်တယ်။ သူတို့အတွက်ဆီလေး၊ဆားလေး၊ ငပိလေးရသွားတော့တော်သေးတယ်။ သူတို့ဘက်မှာ ကောင်းလာတာပေါ့ဆန်လေးပါဝယ်လို့ရသွားတာပေါ့ သူတို့ပိုက်ဆံထုတ်တော့ သူတို့မီးဖိုးလေး ၊ ရေဖိုးလေး ရသွားတော့တော်သေးတယ်။ အဲဒီဘက်မှာအဆင်ပြေသွားတယ် သူတို့ကိုအစိုးရက ထောက်ပံ့ပေးတာပေါ့။”

တာခရိုင်အုန်းဖန်မြို့နယ်ထဲမှာတော့ လယ်ထွန်စက်၊ စပါးရိတ်စက်စတဲ့ ကိရိယာတွေကိုသုံးကြတဲ့ တောင်ယာလုပ်သူတွေ ကတော့ တချို့ဓါတ်ဆီ လိုအပ်ချက်ရှိတယ်ဆိုရင်ငွေအစား အစားအသောက်ဝယ်လို့ရတဲ့ ကဒ်နဲ့ ဓါတ်ဆီတွေလည်းထုတ်ယူလို့ ရပါတယ်။

“တချို့လယ်သမားတွေက ဓါတ်ဆီဝယ်ရတယ်။ ဓါတ်ဆီ သွားထုတ်လည်းရတယ်အုန်းဖန်ဘက်မှာဆိုရင်သူတို့ဓါတ်ဆီသွားထုတ်ကြတယ်။”

ထိုင်းနိုင်ငံမှာ စီးပွားရေးကျတာတွေဖြစ်ပြီး အရောင်းအဝယ်တွေ အဆင်မပြေတာတွေ ကုန်ဈေးနှုန်း ကြီးလာတဲ့ အခြေအနေတွေကြောင့် ဆင်းရဲသားတွေ အတွက် ကူညီထောက်ပံ့ပေးတဲ့အစီစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီကာလမှာဆီတွေ ဓါတ်ဆီတွေဈေးတက်တယ်။ အဆင်မပြေကြဘူး သက်သက်ဆင်းရဲသားတွေ၊ တောင်ပေါ်သားတွေ စာရင်းပေးထားတဲ့သူတွေ အားလုံးရတယ်။ အစိုးရကသူတို့ စိစစ်ဆေးပြီးပေးလာတယ်လေ။”

ထိုင်းလူဦးရေ သန်း၇၀ နီပါး ရှိတဲ့အထဲက ဝင်ငွေနည်းတဲ့ စာရင်းဝင် လူဦးရေက၅ သန်းကျော်ရှိပြီး ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်နေကြတဲ့ မြန်မာနွယ်ဖွား တောင်ပေါ်တိုင်းရင်းသားတွေကိုပါ ဝင်ငွေနည်း စာရင်းမှာ ထည့်သွင်းပြီး ထိုင်းအစိုးရက ထောက်ပံ့ကြေး ပေးခဲ့တာပါ။ အခုရရှိတဲ့ ထောက်ပံ့ကြေးကို မဲဟောင်ဆောင်ခရိုင်အတွင်းက မဲငေါင်-မဲလနွိုင်း-ဟွေ့ပုန်-ခွန်ယုန် စတဲ့ နေရာဒေသတွေက နေ တောင်ပေါ်တိုင်းရင်းသားတွေကဘဏ်မှာ လာထုတ်ယူတာတွေ့ရပါတယ်။

တာ့ခရိုင်ထဲက တောင်ပေါ်သားတွေလယ်သမားတွေလည်း အလားတူ ဒီထောက်ပံ့ပေးငွေကို နီးစပ်ရာကုန်တိုက်တွေ ကုန်စုံဆိုင်တွေမှာအစားအသောက်နဲ့ သူတိုလိုအပ်ချက်တွေ ထုတ်ယူနိုင်ပါတယ်။ ဆင်းရဲသားတွေအတွက် လစဉ်ထောက်ပံ့ပေးငွေ ရရှိတဲ့အပြင် သြဂုတ်လအတွက်ကတော့ အထူးအစီစဉ်နဲ့ ဘတ်ငွေ ၅၀၀ ထောက်ပံ့ပေးတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG