သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ် မူးယစ်ဆေးပစ်ခတ်မှု ထိုင်းနိုင်ငံသားတဦးသေဆုံး


ထိုင်းမြန်မာနယ်စပ်
ထိုင်းမြန်မာနယ်စပ်

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့အနီး ရှမ်းပြည်နယ် တာချီလိတ် မြို့မှာဇွန်လ၁၇ ရက်နေ့ သူရဲ့နေထိုင်တဲ့အိမ်အနီးမှာပဲ သေနတ်နဲ့ပစ်သတ်ခံရသူဟာ ထိုင်းနိုင်ငံသားတဦးဖြစ်နေကြောင်း၊ ၁၆ ရက်နေ့ညက ထိုင်းစစ်တပ်နဲ့မူယစ်ဆေးဝါးသယ်ဆောင်သူတွေပစ်ခတ်မူဖြစ်အပြီး လူတဦးသေဆုံးခဲ့ပြီးမူးယစ်ဆေးဝါး ၂သန်းကျော်ဖမ်းဆီးမူနဲ့ဆက်စပ်ပတ်သက်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ ၊ မကာဟိုခမ်း ရပ်ကွက်ထဲမှာနေထိုင်နေတဲ့ လူတယောက်ဟာ ဇွန်လ ၁၇ ရက်နေ့က ပစ်သတ်ခံရတာ ပါ။ ပစ်သတ်ခံရသူဟာ ထိုင်းနိုင်ငံသားတဦးဖြစ်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြနေတာပါ။ ပစ်ခတ်ခံရမူဖြစ်စဉ်နဲ့ ပတ်သက်လို့တာချိၤလိတ်မြိုခံတဦးက အခုလိုပြောပြပါတယ်။

“မကာဟိုခမ်းရပ်ကွက်က ခင်ဗျ။ ပစ်ခတ်မှုအချိန်မှာ ဘယ်လိုဖြစ်သလဲဆိုတော့ သူတို့မိသားစုက အိမ်အောက်ထပ်မှာ အသားကင်လုပ်စားနေတယ်။ အသားကင်လုပ်နေတဲ့အချိန်မှာ သူ့မိန်းမရယ် တခြားအမျိုးသမီးတယောက်ရယ်၊ သူရယ်ပေါ့နော်။ အဲဒီအသားကင်လုပ်စားနေတဲ့အချိန်မှာ ဖုန်းလာတယ်တဲ့။ ဖုန်းလာတော့ သူက အပြင်ဘက်ထွက်ပြီးတော့ ဖုန်းပြောတယ်တဲ့၊ အဲဒီအချိန်မှာ အနားကပ်ပြီးတော့ သေနတ်နဲ့ ၈ ချက်တောင်ပစ်သွားတာ။”

တာချီလိတ်မြို့မှာ သေနတ်နဲ့ အနီးကပ် ၈ချက်ပစ်သတ်တာခံရတဲ့ ထိုင်းအမျိုးသားဟာ ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း ၊ချွန်ဘူရီ ခရိုင်ကဖြစ်ပြီး သူဟာ မယ်ဆိုင် - တာချီလိပ် ချစ်ကြည်ရေးတံတားက တဆင့် နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ မြန်မာပြည်ထဲကို ဝင်သွားရာမှာ ၆လအတွင်း မှာ အကြိမ်ပေါင်း ၂၇ ကြိမ် အဝင်အထွက် လုပ်ခဲ့တယ်လို့ နယ်စပ် လဝကအရာရှိတဦး ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာရေးသားဖော်ပြနေပါတယ်။ တခြားသတင်းတွေမှာတော့ ဇွန်လ ၁၆ရက်နေ့က ချင်းရိုင်ခရိုင်တွင်းမှာ မူးယစ်ဆေးဝါး၂သန်းကျော်သယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မူအပြီး မှာ ကွင်းဆက်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေစဉ်မှာပဲ ထိုင်းနိုင်ငံသားတဦးမြန်မာနိုင်ငံ တာချိၤလိတ်မြို့မှာသေနတ်နဲ့ သတ်ဖြတ်ခံရမူဖြစ်ခဲ့တာကြောင့် ထိုင်းဘက်ကို တင်သွင်းနေတဲ့မူးယစ်ဆေးဝါးတွေနဲ့ဆက်စပ်မူတွေ ရှိနိုင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေကသုံးသပ်ပြောဆိုမူတွေရှိခဲ့ပါတယ်။

တာချီလိတ် မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့စုကတော့ ၁၇ရက်နေ့ တုန်းက တာချီလိတ် မှာအမျိုသားတဦးသေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာ မှန်ကန်ကြောင်း အသေးစိတ်ကိုတော့ ရဲစခန်းကပဲသိနိုင်ပါတယ်လို့ပြောပေမယ့် တာချီလိတ်မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ရာမှာ တော့ ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG