သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့သောင်း မာရမ်းရဲစခန်းတိုက်ခိုက်ခံရ ဒေသခံတွေထိုင်းနိုင်ငံထဲတိမ်းရှောင်


 ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာထဲက ထိုင်းနိုင်ငံထဲကို စစ်ဘေးရှောင်လာကြသူမျာ။ (ဓာတ်ပုံ- နောင်းခရိုင်နယ်မြေအာဏာပိုင်များ/ဇွန် ၂၂၊ ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာထဲက ထိုင်းနိုင်ငံထဲကို စစ်ဘေးရှောင်လာကြသူမျာ။ (ဓာတ်ပုံ- နောင်းခရိုင်နယ်မြေအာဏာပိုင်များ/ဇွန် ၂၂၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာထဲက မာရမ်းရဲစခန်းကို ဒေသခံက ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့အပြီးမှာ ဒေသခံ ကျေးရွာသား ၂၀၀ လောက်ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာထဲက မာရမ်းရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၂၂ ရက်နေ့မနက်က ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ရဲကင်းစခန်းထဲမှာရှိနေတဲ့ စစ်သားနဲ့ရဲတွေကတဘက်၊ ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတဘက် တိုက်ပွဲဖြစ်ခဲ့တာပါ။

တိုက်ပွဲတွေကြောင့် မာရမ်းကျေးရွားသားတွေဟာ ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲကို ထွက်ပြေးသွားကြတယ်လို့ ဒေသခံတဦးကအခုလိုပြောပါတယ်။

"ကော့သောင်းပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ရဲစခန်းကိုဝင်တိုက်တယ်။ ဝင်တိုက်တဲ့အခါ ရဲစခန်းကုန်းမှာအင်အား ၁၀ လောက်ပဲရှိတယ်ဆိုလို့ ဝင်စီးနင်းတာပေါ့။ ဝင်စီးတော့ စကစ ရဲစခန်းမှာက ခန့်မှန်းထားသလိုမဟုတ်ဘဲ အင်အားကများနေတယ်။ အင်အားက ၃၀ လောက်ဖြစ်နေတယ်။ တိုက်ပွဲတွေဖြစ်တော့ ကော့သောင်းပကဖက လက်နက်ကြီးနဲ့ပစ်တယ်။ လက်နက်ကြီးတွေက ပစ်တယ်။ ဒါပေမယ့် လက်နက်ကဂျမ့်ဖြစ်တယ်။ လက်နက်တွေက ပစ်မရဘူးဖြစ်တယ်။ ရဲစခန်းကုန်းကိုဝင်စီးတော့ ရဲဘော်တယောက်ကကျသွားတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာတော့ မာရမ်းကျေးရွာကဒေသခံ ၂၀၀ လောက်ကတော့ ထိုင်းဘက်ကိုထွက်ပြေးသွားတယ်။"

ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက် ရနောင်းခရိုင်ထဲက နမ့်ချတ်မြို့နယ်၊ အမှတ် ၅၊ နမ့်ဒေါင်ကျေးရွာသားတွက ကူညီပေးထားပြီး နေရာထိုင်ခင်းစီစဉ်ပေးထားပါတယ်။

တိုက်ပွဲတွေက လက်နက်ကျည်ဆံတွေက လူနေအိမ်တွေကို လာရောက်ထိမှန် ကျရောက်ပေါက်ကွဲနေခဲ့တာကြောင့် မာရမ်းကျေးရွာသားတွေဟာ အသက်အန္တရယ်စိုးရိမ်ပြီး ထိုင်းဘက်ကို ထွက်ပြေးလာရတယ်လို့ဆိုပါတယ်။၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းပြီးတကည်းက ကော့သောင်းခရိုင်ထဲ တိုက်ပွဲဖြစ်တိုင်း ရာနဲ့ချီတဲ့ ဒေသခံတွေ ထိုင်းဘက်ကိုထွက်ပြေးလေ့ရှိပြီး တိုက်ပွဲတွေ ငြိမ်သွားမှ နေရပ်ပြန်လေ့ရှိပါတယ်။

အခုလိုထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းဘက်က စစ်တပ်နဲ့နယ်မြေအာဏာပိုင်တွေ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေက နေထိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ထိုင်းဘက်ကပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG