သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူမှုကူညီရေးလုပ်ငန်းများ မြန်မာနွယ်ဖွားတွေ ပါဝင်ဖို့ စာရင်းပေး


 SAW လူမှုစောင့်ရှောက်ရေး အဖွဲ့က ကလေးငယ် များ (ဓါတ်ပုံ- Aye Aye Mar)
SAW လူမှုစောင့်ရှောက်ရေး အဖွဲ့က ကလေးငယ် များ (ဓါတ်ပုံ- Aye Aye Mar)

တိုင်းပြည်တွင်းက သာရေးနာရေးကိစ္စတွေကနေ သွေးလှူတာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတာလို ကိစ္စတွေအထိ လူမှုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့အတွက် ထိုင်းနိုင်ငံသား အသိအမှတ်ပြုခံထားရတဲ့ SAW လူမှုစောင့်ရှောက်ရေး အဖွဲ့က လူငယ် ကလေးငယ် ၄၀ ကျော်နဲ့ ဝန်ထမ်းတချို့ ဧပြီလ ၂၂ ရက်နေ့က တာ့ခရိုင်မှာ စေတနာ့ဝန်ထမ်းစာရင်း ပေးသွင်းကြပါတယ်။

မကြာခင် နန်းတက်တော့မယ့် ထိုင်းနိုင်ငံ ၁၀ ဆက်မြောက်ဘုရင်ရဲ့နန်းတက်ပွဲမရောက်ခင် ခုလို စာရင်းပေးသွင်းခဲ့ကြတာဖြစ်ပြီး သူတို့နဲ့အတူ တာခရိုင်ထဲမှာရှိတဲ့ မြန်မာနွယ်ဖွား နိုင်ငံမဲ့တွေ၊ အနေကြာနေပြီဖြစ်တဲ့ မြန်မာတွေလည်း ရာနဲ့ ချီပြီး ပါဝင် စာရင်းပေးသွင်းကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံသားကော ၊နိုင်ငံသားရရှိထားတဲ့ နိုင်ငံမဲ့တွေကော၊ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် အထောက်အထားရရှိထားတဲ့ သူတွေကော မိမိဆန္ဒနဲ့ စေတနာဝန်ထမ်းလုပ်ဖို့ စာရင်းတွေ ပေးသွင်းကြတာတွေလုပ်ကြပါတယ်။ နန်းတက်ပွဲအချိန်မှာ ကူညီဖို့ စေတနာ ဝန်ထမ်းလုပ်ဖို့ အပါအဝင် ဘယ်အချိန်မဆို လူသားအကျိုးပြုလုပ်ငန်းတွေကို မိမိဆန္ဒအလျောက် လုပ်ချင်တဲ့သူတိုင်းဟာ စာရင်းပေးသွင်းနိုင်ပါတယ်။

အဲဒီလို ပေးသွင်းဖို့အတွက် SAWလို့ ခေါ်တဲ့ ကလေးသူငယ်များနဲ့ အမျိုးသမီးများအတွက် လူမူစောင့်ရှောက် ရေးအဖွဲ့ က ကလေးတွေဟာ တာ့ခရိုင်ကို ဧပြီလ ၂၄ရက်နေ့မှာ သွားခဲ့ကြတာပါ။ ကလေးတွေနဲ့ ဝန်ထမ်းတွေ သွားရောက်စာရင်းပေးသွင်းကြပြီး ကူညီရမဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ SAW အဖွဲရဲ့Board Member အဖွဲ့ ဝင် Mrs Phuangthong က အခုလိုပြောပါတယ်

“ အဓိကသတ်မှတ်ထားတဲ့ ဘုရင့်ပွဲတွေ ဘာတွေဆိုလုပ်ရမယ်။နောက်ထပ်
ရပ်ရွာကိစ္စတွေ လုပ်ရတာမျိုး ၊ သူတို့ သက်မှတ်ထားတဲ့ အလုပ်ပေါ့။ တချို့ကားမောင်းတတ်လား ဆိုင်ကယ်မောင်းတတ်လား။ တချို့ ဆိုင်ကယ် မောင်းတတ်တာမျိုးတွေ တွေက ပစ္စည်းသွားချပေးတာမျိုးတွေ လုပ်ပေးရမယ်ပေါ့။ နောက် ကိုယ်ဘက်က ဘာတွေကျွမ်းကျင်လဲ ဘယ်ဘာသာပြောကျွမ်းကျင်လဲ ။ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ ၊ စပိန် ၊တရုတ်၊ ကုလား စတဲ့ဘာသာစကားတွေ တတ်မြောက်တယ်ဆိုရင်လည်း တကယ် တကယ်ပြဿနာတွေ ကြုံလာတဲ့အခါမှာ အကူညီတွေလိုတဲ့အခါမှာ နေရာချပေးတဲ့အခါမှာ လွယ်ကူအောင်လို့ပေါ့”

စေတနာ့ ဝန်ထမ်းလုပ်လိုသူတွေဟာ မိမိ စိတ်သန်ရာလုပ်နိုင်ကြပါတယ်။ တိုင်းပြည်တွင်းမှာ လူမူကူညီရေးတွေ အတွက် လိုအပ်လာတဲ့အခါ ဘာတွေလုပ်နိုင်ပါတယ် ဆိုတာကို ဖောင်ဖြည့်ပေး ခဲ့ရတာပါ ။ အဲဒီဖောင်ထဲမှာ ရုပ်ပုံလေးတွေနဲ့သာ ဖော်ပြထားပြီး မိမိဟာ ဘာအလုပ် လုပ်တယ်ဆိုတာ ၊ ဘာလုပ်နိုင်တယ်ဆိုတာကို အမှတ်ကလေးနဲ့သာခြစ်ပြီး မိမိတတ်နိုင်တာကို စာရင်းပေးသွင်းနိုင်ပါတယ်။

အမှိုက်ကောက်နိုင်တာ၊ ချက်ပြုတ်ရေး၊ သန့်ရှင်းရေး၊ ဆိုင်ကယ်မောင်းနိုင်တာ၊ ရေးကူးတတ်တာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတာ သွေးလျုဒါန်းတာ အပါအဝင် လူမူရေးလုပ်ငန်းတွေထဲက မိမိလုပ်နိုင်တာ အားလုံးကို အချိန်မရွေး အကူအညီပေးနိုင်ပါတယ် ၊လုပ်နိုင်ပါတယ် ဆိုတဲ့ အကြောင်းကို စာရင်းပေးသွင်းကြတာပါ။

အဲဒီလို စိတ်ထက်သန်ရာ လုပ်နိုင်တဲ့သူတွေကို စုစည်းပြီး တိုင်းပြည်မှာ လိုအပ်လာတဲ့အခါမှာ ခေါ်ယူနိုင်ဖို့စေတနာဝန်ထမ်းတွေအဖြစ် စာရင်းပေးသွင်းကြတာဖြစ်ပါတယ်။ ဒီလို သွားရောက် စာရင်းပေးကြသူတွေ အထဲမှာ နိုင်ငံမဲ့ တွေနဲ့ ထိုင်းနိုင်ငံမှာအနေကြာတဲ့ မြန်မာနိုင်ငံသားတွေလည်း ရာနဲ့ချီပါဝင် စာရင်းပေးသွင်းခဲ့ကြတာပါ။ ဧပြီလ ၂၄ ရက်နေ့ က တာခရိုင်ထဲမှာ ထိုင်းနိုင်ငံသားတွေ၊ နိုင်ငံမဲ့တွေ အပါအဝင် စာရင်းပေးသွင်းသူ ၃ သောင်း ထက်မနည်း ရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG