သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ႔ ေရႊ႕ေျပာင္းလုပ္သားေတြကို ထိုင္းၾကက္ေျခနီ ကိုဗစ္ကာကြယ္ေဆးထိုး


(Zawgyi /Unicode)

ျမန္မာ႔ အိမ္နီးခ်င္း ထိုင္းႏိုင္ငံအတြင္းမွာ ကိုဗစ္ကာကြယ္ေဆးေတြ ထိုးေပးေနရာမွာ ႏိုင္ငံတြင္းေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အပါအဝင္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကိုလည္း ေဆးထိုးေပးေနပါၿပီ။ ထိုင္းႏိုင္ငံ ၾကက္ေျခနီအသင္းက ဦးစီးဦးေဆာင္လုပ္ေနတဲ့ ကာကြယ္ေဆးထိုးအစီအစဥ္တခု အေၾကာင္း ႐ိုက္တာသတင္းကို ကိုေအာင္ျမတ္သူေျပာျပပါမယ္။

ထိုင္းႏိုင္ငံရဲ႕ ၾကက္ေျခနီ အသင္းေတြကေတာ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ အေထာက္အထားမရွိတဲ့ ဒုကၡသည္ေတြကို ေအာက္တိုဘာ ၅ ရက္ေန႔ကစၿပီး ကိုဗစ္ကာကာကြယ္ေဆးေတြ စတင္ထိုးေပးေနပါၿပီ။

Queen Saovabha Memorial Institute ဘုရင္မႀကီး Saovabha အထိမ္းအမွတ္ ေဆး႐ုံမွာ ေ႐ႊ႕ေျပာင္းအလုပ္သမား ၃၅၀ ေလာက္ကို စၿပီးထိုးေပးမယ္လို႔ဆိုပါတယ္။ ထိုင္း ၾကက္ေျခနီအသင္းရဲ႕ အေထြေထြအတြင္းေရးမႉး Tej Bunnag ကေတာ့ အခက္အခဲတခ်ိဳ႕နဲ႔ ပက္သက္ၿပီး သတင္းေထာက္ေတြကို အခုလိုေျပာပါတယ္။

“ျပႆနာက ထိုင္းႏိုင္ငံထဲမွာ ေ႐ႊ႕ေျပာင္းအလုပ္သမား ဘယ္ေလာက္ရွိလဲဆိုတာ က်ေနာ္တို႔တိတိက်က် မသိပါဘူး။ ဒါေပမယ့္လို႔ သူတို႔ကို ကာကြယ္ေဆး ထိုးေပးလိုက္တဲ့အတြက္ ထိုင္းႏိုင္ငံသားေတြကိုလည္း အက်ိဳးရွိေစမွာပါ။”

အခုလက္ရွိ ကာကြယ္ေဆးထိုးေပးေနတဲ့ ေနရာကေတာ့ ဘန္ေကာက္ၿမိဳ႕ရဲ႕ ကာကြယ္ေဆးထိုးစင္တာေတြထဲက တခုပါ။ ဒီလကုန္ထိ ဒီမွာ ထိုးေပးမွာပါ။

တ႐ုတ္ႏိုင္ငံရဲ႕ ၾကက္ေျခနီအသင္းက လႉဒါန္းလိုက္တဲ့ Sinopharm ကာကြယ္ေဆး ၁၀၀,၀၀၀ လက္ခံရရွိၿပီးေနာက္ပိုင္းမွာ လူ ၅၀၀၀ ေလာက္ကို လာမယ့္ ရက္သတၱပတ္ေတြအတြင္း ေဆးပတ္လည္ေအာင္ ထိုးေပးႏိုင္မယ္လို႔ ရည္႐ြယ္ထားေၾကာင္း ထိုင္းၾကက္ေျခနီက ေျပာပါတယ္။

လူသားခ်င္းစာနာတဲ့ အဖြဲ႕အစည္းေတြျဖစ္တဲ့ ႏိုင္ငံတကာ ၾကက္ေျခနီ ဖက္ဒေရးရွင္းနဲ႔ လျခမ္းနီအဖြဲ႕ေတြလိုေတြဆီကလည္း ကာကြယ္ေဆးမ်ားမ်ားစားစားရဖို႔ ေမွ်ာ္လင့္ထားတာပါ။

အစိုးရ တရားဝင္ထုတ္ျပန္တဲ့ အခ်က္အလက္ေတြထဲမွာေတာ့ ထိုင္းႏိုင္ငံထဲမွာ တရားဝင္အလုပ္သမား ၂ ဒသမ ၃၅ သန္းရွိတယ္လို႔ေဖာ္ျပထားေပမယ့္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြကေတာ့ ၄ သန္း - ၅ သန္းေလာက္ ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

အလုပ္သမား ေတာ္ေတာ္မ်ားမ်ားဟာ ပင္လယ္စာ စက္႐ုံေတြ၊ ကုန္ထုတ္လုပ္ငန္းေတြ နဲ႔ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြအနီးက ရပ္ကြက္ေတြမွာ ႁပြတ္သိပ္ေနထိုင္ၾကရပါတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈ ကင္းမဲ့တဲ့ သူတို႔အတြက္ ကိုဗစ္ကာကြယ္ေဆး ရရွိႏိုင္မႈက စိန္ေခၚခ်က္တရပ္လည္း ျဖစ္ေနပါတယ္။

ထိုင္းႏိုင္ငံထဲမွာ ႏွစ္ ၂၀ ေက်ာ္ေနထိုင္ခဲ့ၿပီးတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ ျမန္မာတဦးကေတာ့ ကာကြယ္ေဆး ပထမအလုံး ထိုးၿပီးသြားပါၿပီ။

“က်ေနာ္ ေဘးကင္းသြားသလို ခံစားရတယ္ဗ်ာ။ ေသမွာေၾကာက္လို႔ က်ေနာ္တို႔အုပ္စုလိုက္ဒီကို လာခဲ့ၾကတာပါ။ ေနာက္ဆုံးေတာ့လည္း တေယာက္ေယာက္က ကူညီတာပါပဲ။ တကယ့္ကို ကယ္တင္ရာေရာက္ပါတယ္။”

ထိုင္းအစိုးရကေတာ့ ေ႐ႊ႕ေျပာင္းအလုပ္သမား ဘယ္ႏွဦးကာကြယ္ေဆး ထိုးၿပီးသြားတယ္ဆိုတာနဲ႔ပက္သက္လို႔ အခ်က္အလက္ မထုတ္ျပန္ပါဘူး။ ဒီႏွစ္အေစာပိုင္းကေတာ့ ရာခ်ီတဲ့ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြကို ပိတ္ခဲ့ၿပီး ဘန္ေကာက္ၿမိဳ႕မွာ ကိုဗစ္စတင္ ျပန္႔ပြားေနခ်ိန္တုန္းကလည္း အလုပ္သမားေတြကို ထိန္းသိမ္းေရး စခန္း အျပင္ထြက္ခြင့္ေတြ ပိတ္ပင္ခဲ့ပါတယ္။

အခု ေအာက္တိုဘာ ၄ ရက္ တနလၤာေန႔ကစၿပီး ထိုင္းႏိုင္ငံထဲ ေန႔စဥ္ ကိုဗစ္ကူးစက္မႈဟာလည္း ၁၀,၀၀၀ ေအာက္ ေရာက္ရွိလာၿပီျဖစ္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ လယ္ ကတည္းက ပထဆုံးအႀကိမ္ ကူးစက္မႈ ေလ်ာ့က်လာတာလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆး ၅၅ သန္းေက်ာ္ထိုးၿပီးထားၿပီး ႏိုင္ငံလူဦးေရရဲ႕ ၃၁ ရာခိုင္ႏႈန္းကို အျပည့္အ၀ ကာကြယ္ေဆးထိုးေပးၿပီးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္
ထိုင္းမွာ ေရႊ႕ေျပာင္းလာသူေတြ ကိုဗစ္ကာကြယ္ေဆးထိုး
please wait

No media source currently available

0:00 0:03:10 0:00

(Unicode)

အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းကြက်ခြေနီ ကိုဗစ်ကာကွယ်ဆေးထိုး

မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေရာမှာ နိုင်ငံတွင်းရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ဆေးထိုးပေးနေပါပြီ။ ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းက ဦးစီးဦးဆောင်လုပ်နေတဲ့ ကာကွယ်ဆေးထိုးအစီအစဉ်တခု အကြောင်း ရိုက်တာသတင်းကို ကိုအောင်မြတ်သူပြောပြပါမယ်။

ထိုင်းနိုင်ငံရဲ့ ကြက်ခြေနီ အသင်းတွေကတော့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အထောက်အထားမရှိတဲ့ ဒုက္ခသည်တွေကို အောက်တိုဘာ ၅ ရက်နေ့ကစပြီး ကိုဗစ်ကာကာကွယ်ဆေးတွေ စတင်ထိုးပေးနေပါပြီ။ Queen Saovabha Memorial Institute ဘုရင်မကြီး Saovabha အထိမ်းအမှတ် ဆေးရုံမှာ ရွှေ့ပြောင်းအလုပ်သမား ၃၅၀ လောက်ကို စပြီးထိုးပေးမယ်လို့ဆိုပါတယ်။ ထိုင်း ကြက်ခြေနီအသင်းရဲ့ အထွေထွေအတွင်းရေးမှူး Tej Bunnag ကတော့ အခက်အခဲတချို့နဲ့ ပက်သက်ပြီး သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ပြဿနာက ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမား ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့တိတိကျကျ မသိပါဘူး။ ဒါပေမယ့်လို့ သူတို့ကို ကာကွယ်ဆေး ထိုးပေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံသားတွေကိုလည်း အကျိုးရှိစေမှာပါ။”

အခုလက်ရှိ ကာကွယ်ဆေးထိုးပေးနေတဲ့ နေရာကတော့ ဘန်ကောက်မြို့ရဲ့ ကာကွယ်ဆေးထိုးစင်တာတွေထဲက တခုပါ။ ဒီလကုန်ထိ ဒီမှာ ထိုးပေးမှာပါ။

တရုတ်နိုင်ငံရဲ့ ကြက်ခြေနီအသင်းက လှူဒါန်းလိုက်တဲ့ Sinopharm ကာကွယ်ဆေး ၁၀၀,၀၀၀ လက်ခံရရှိပြီးနောက်ပိုင်းမှာ လူ ၅၀၀၀ လောက်ကို လာမယ့် ရက်သတ္တပတ်တွေအတွင်း ဆေးပတ်လည်အောင် ထိုးပေးနိုင်မယ်လို့ ရည်ရွယ်ထားကြောင်း ထိုင်းကြက်ခြေနီက ပြောပါတယ်။

လူသားချင်းစာနာတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံတကာ ကြက်ခြေနီ ဖက်ဒရေးရှင်းနဲ့ လခြမ်းနီအဖွဲ့တွေလိုတွေဆီကလည်း ကာကွယ်ဆေးများများစားစားရဖို့ မျှော်လင့်ထားတာပါ။

အစိုးရ တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာတော့ ထိုင်းနိုင်ငံထဲမှာ တရားဝင်အလုပ်သမား ၂ ဒသမ ၃၅ သန်းရှိတယ်လို့ဖော်ပြထားပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ ၄ သန်း - ၅ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အလုပ်သမား တော်တော်များများဟာ ပင်လယ်စာ စက်ရုံတွေ၊ ကုန်ထုတ်လုပ်ငန်းတွေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအနီးက ရပ်ကွက်တွေမှာ ပြွတ်သိပ်နေထိုင်ကြရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့တဲ့ သူတို့အတွက် ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်မှုက စိန်ခေါ်ချက်တရပ်လည်း ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံထဲမှာ နှစ် ၂၀ ကျော်နေထိုင်ခဲ့ပြီးတဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာတဦးကတော့ ကာကွယ်ဆေး ပထမအလုံး ထိုးပြီးသွားပါပြီ။

“ကျနော် ဘေးကင်းသွားသလို ခံစားရတယ်ဗျာ။ သေမှာကြောက်လို့ ကျနော်တို့အုပ်စုလိုက်ဒီကို လာခဲ့ကြတာပါ။ နောက်ဆုံးတော့လည်း တယောက်ယောက်က ကူညီတာပါပဲ။ တကယ့်ကို ကယ်တင်ရာရောက်ပါတယ်။”

ထိုင်းအစိုးရကတော့ ရွှေ့ပြောင်းအလုပ်သမား ဘယ်နှဦးကာကွယ်ဆေး ထိုးပြီးသွားတယ်ဆိုတာနဲ့ပက်သက်လို့ အချက်အလက် မထုတ်ပြန်ပါဘူး။ ဒီနှစ်အစောပိုင်းကတော့ ရာချီတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို ပိတ်ခဲ့ပြီး ဘန်ကောက်မြို့မှာ ကိုဗစ်စတင် ပြန့်ပွားနေချိန်တုန်းကလည်း အလုပ်သမားတွေကို ထိန်းသိမ်းရေး စခန်း အပြင်ထွက်ခွင့်တွေ ပိတ်ပင်ခဲ့ပါတယ်။

အခု အောက်တိုဘာ ၄ ရက် တနင်္လာနေ့ကစပြီး ထိုင်းနိုင်ငံထဲ နေ့စဉ် ကိုဗစ်ကူးစက်မှုဟာလည်း ၁၀,၀၀၀ အောက် ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လ လယ် ကတည်းက ပထဆုံးအကြိမ် ကူးစက်မှု လျော့ကျလာတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ၅၅ သန်းကျော်ထိုးပြီးထားပြီး နိုင်ငံလူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းကို အပြည့်အ၀ ကာကွယ်ဆေးထိုးပေးပြီးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG