သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ အလုပ္သမား အေျခခံလစာတိုးျမႇင့္ဖို႔ စီစဥ္ 


ထိုင္းႏိုင္ငံမွာ အလုပ္သမား အေျခခံလစာတိုးျမႇင့္ဖို႔ စီစဥ္

ထိုင္းႏိုင္ငံမွာ အလုပ္သမား အေျခခံလစာေတြကို တိုးျမႇင့္သတ္မွတ္ဖို႔ ထိုင္းအလုပ္သမား၀န္ႀကီး ဌာနက စီစဥ္ေနပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာ ေျပာျပေပးမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ အလုပ္သမား အေျခခံလစာတိုးျမႇင့္ဖို႔ စီစဥ္

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံမွာ အလုပ္သမား အေျခခံလစာေတြကို တိုးျမႇင့္သတ္မွတ္ဖို႔ ထိုင္းအလုပ္သမား၀န္ႀကီး ဌာနက စီစဥ္ေနပါတယ္။ သိန္းနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ အလုပ္လုပ္ကိုင္ေနတဲ့ ထိုင္းႏိုင္ငံမွာ လုပ္ခလစာ တိုးျမႇင့္ေရး အစီအစဥ္ေတြ ျမန္ျမန္ဆန္ဆန္ ျဖစ္လာဖို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြ ေမွ်ာ္လင့္ေနၾကပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာ ေျပာျပေပးမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံအတြင္းက ျပည္နယ္၇ခုမွာ အလုပ္လုပ္ကုိင္ေနတဲ့ အေထြေထြအလုပ္သမားေတြကုိ အေျခခံလုပ္အားခ လစာေတြ ထပ္တုိးေပးမယ္လို႔ ထိုင္းအလုပ္သမားဝန္ႀကီး စူခ်တ္ ခြၽမ္ကလင္Mr. suchart chomklinက သတင္းေထာက္ေတြနဲ႔ ေတြဆံုစဥ္မွာအခုလိုေျပာသြားပါတယ္ ။

အလုပ္သမား၀န္ႀကီးေျပာသြားတာကေတာ့ ကုန္ေစ်းႏႈန္းေတြ ျမင့္တက္လာေနတာေၾကာင့္ အလုပ္သမားေတြရဲ ႔လစာ အေျခခံလစာတိုးျမင့္ေပးဖို ကိစၥနဲ႔ ပတ္သက္လုိ႔ လာမယ့္ ၂၀၂၃ ႏွစ္စကစျပီး တိုးျမွင္႔ေပးမယ့္လုပ္ငန္းစဥ္ စတင္အသက္၀င္ေအာင္ စီစဥ္ လုပ္ေဆာင္ေနပါတယ္။ ဒီႏွစ္ ၂၀၂၂မကုန္ခင္မွာ ေစာလ်င္စြာေပးႏိုင္ေအာင္လည္း အလုပ္သမား၀န္ႀကီးဌာနက ဖိအားေပးလုပ္ေဆာင္ေနပါတယ္ဆုိျပီး ထိုင္းဘာသာနဲ႔ ေျပာသြားတာပါ။

အစိုးရကိုယ္စားလွယ္၊ အလုပ္ရွင္ကိုယ္စားလွယ္၊ အလုပ္သမား ကိုယ္စာလွယ္ပါဝင္တဲ့ သံုးပြင့္ဆုိင္ လုပ္အားခ သံုးသပ္တဲ့ ေကာ္မတီရဲ႕ ဆံုးျဖတ္ခ်က္အရ ဒီႏွစ္၂၀၂၂ခုႏွစ္မကုန္ခင္ ဒီဥပေဒ အသက္၀င္ဖို႔ သေဘာတူခဲ့ႀကတယ္လို႔လည္း ထိုင္းႏုိင္ငံရဲ႔ သတင္းေတြမွာေဖာ္ျပႀကပါတယ္။

လုပ္အားခတုိးေပးတဲ့အခါမွာေတာ့ ျပည္နယ္အလိုက္ စီးပြာေရး ဖြံျဖိဳးတုိးတက္မူ႔ အေျခအေနေပၚမူတည္ျပီး တုိးေပးမွာျဖစ္ျပီး ျပည္နယ္တခုနဲ႔ တခု မတူညီဘူးလို့လည္းဆိုပါတယ္ ။

ေရြေျပာင္း အလုပ္သမားအခြင့္အေရး ကြန္ယက္ကေတာ့ ထုိင္းအလုပ္သမား သမဂၢေတြနဲ႔ ပူးေပါင္းျပီး ျပီးခဲ့တဲ့ေမလတုံးက အလုပ္သမားေတြရဲ႔ အေျခခံလုပ္အားခကို တေန႔ ၄၉၂ ဘတ္ထိေပးဖို႔ ေတာင္းဆုိထားတယ္လို႔ ဥကၠဌ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

"လက္ရွိထုိင္္းမွာရေနတဲ့ ၃၃၁ဘတ္က လံု၀မလံုေလာက္တဲ့အတြက္ တုိးျမွင့္ေပးဖို႔ အပါအ၀င္ တျခားလူမူဖူလံုးေရးကိစၥေတြကို အမ်ားႀကိီးေတာင္းဆိုပါတယ္။ က်ေနာ္တုိ႔က ၀န္ႀကီးခ်ုပ္ကိုလိပ္မူျပီး ေတာင္းဆိုတဲ့အခါမွာ သူတို႔ဘက္က လက္ခံစာရယူျပီး လက္ရွိကမၻာႀကီး အေျခအေနေတြကို နားလည္ေႀကာင္း လုပ္အားခကလံုး၀ မလံုေလာက္တဲ့အတြက္ တုိးျမွင္ေပးပါမယ္ဆုိတဲ့အေႀကာင္း စက္တင္ဘာလမေက်ာ္ခင္မွာ လုပ္အားခေတြတိုးျမွင့္ေပးပါမယ္ဆုိတဲ့ အေႀကာင္း ကတိေပးခဲ့ပါတယ္။ က်ေနာ္တို႔ ေတာင္းဆုိခဲ့တာကေတာ့ တႏိုင္လံုးက ထုိင္း၊ ျမန္မာ၊ ကေမၻာဒီးယား၊ ဗီယက္နမ္၊ လာအို အလုပ္သမားေတြရဲ႕ တေန့၈နာရီလုပ္အားခကုိ ၄၉၂ဘတ္ေပးဖို့ေတာင္းဆုိခဲ့တာပါခင္ဗ်"

ထိုင္းႏိုင္ငံမွာ တေန့လုပ္အားခ လက္ရွိ ၃၀၀ေက်ာ္ထိရေနေပမယ့္ ျမန္မာျပည္သားအလုပ္သမားေတြကေတာ့ အဲဒီေလာက္ထိ မရေသးတာေတြလည္းရွိေနတာပါ ။ ထုိင္းျမန္မာနယ္စပ္ ျမိဳေတြမွာေတာ့ တေန့ လုပ္အားခ ဘတ္ေငြ ၁၆၀ေလာက္သာရေနတဲ့ လုပ္ငန္းခြင္ေတြလည္းရွိေနပါတယ္။ အခုလို အေျခခံ လုပ္အားခ တိုးျမွင့္သတ္မွတ္လိုက္တဲ့ ဥပေဒကုိေတာ့ မႀကာခင္ အသက္၀င္ေစဖို့ ေမ်ွာ္လင့္ေႀကာင္းအလုပ္သမားေရးလွဳပ္ရွားေနသူေတြကေျပာပါတယ္

ထိုင္းႏိုင္ငံအလုပ္သမား ၀န္ႀကီးဌာနက အေျခခံအလုပ္သမား လစာတိုးျမင့္ေပးေရးကို လာမယ့္ ေအာက္တိုလအတြင္း လြတ္ေတာ္ကေန အၿပီးသတ္ဆံုးျဖတ္ဖို႔ လုပ္ေဆာင္ေနတဲ့အေၾကာင္း အလုပ္သမားေရး၀န္ႀကီး စူခ်တ္ ခ်ြမ္ကလင္Mr.suchart chomklinက သတင္းစာရွင္းလင္းပြဲမွာ ထုတ္ျပန္ေျပာဆုိသြားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

..................................................................

ထိုင်းနိုင်ငံမှာ အလုပ်သမား အခြေခံလစာတိုးမြှင့်ဖို့ စီစဉ်

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ အလုပ်သမား အခြေခံလစာတွေကို တိုးမြှင့်သတ်မှတ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီး ဌာနက စီစဉ်နေပါတယ်။ သိန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ လုပ်ခလစာ တိုးမြှင့်ရေး အစီအစဉ်တွေ မြန်မြန်ဆန်ဆန် ဖြစ်လာဖို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ပြောပြပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းက ပြည်နယ်၇ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အထွေထွေအလုပ်သမားတွေကို အခြေခံလုပ်အားခ လစာတွေ ထပ်တိုးပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင်Mr. suchart chomklinက သတင်းထောက်တွေနဲ့ တွေဆုံစဉ်မှာအခုလိုပြောသွားပါတယ် ။

အလုပ်သမားဝန်ကြီးပြောသွားတာကတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် အလုပ်သမားတွေရဲ့လစာ အခြေခံလစာတိုးမြင့်ပေးဖို ကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ၂၀၂၃ နှစ်စကစပြီး တိုးမြှင့်ပေးမယ့်လုပ်ငန်းစဉ် စတင်အသက်ဝင်အောင် စီစဉ် လုပ်ဆောင်နေပါတယ်။ ဒီနှစ် ၂၀၂၂မကုန်ခင်မှာ စောလျင်စွာပေးနိုင်အောင်လည်း အလုပ်သမားဝန်ကြီးဌာနက ဖိအားပေးလုပ်ဆောင်နေပါတယ်ဆိုပြီး ထိုင်းဘာသာနဲ့ ပြောသွားတာပါ။

အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စာလှယ်ပါဝင်တဲ့ သုံးပွင့်ဆိုင် လုပ်အားခ သုံးသပ်တဲ့ ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ဒီနှစ်၂၀၂၂ခုနှစ်မကုန်ခင် ဒီဥပဒေ အသက်ဝင်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ သတင်းတွေမှာဖော်ပြကြပါတယ်။

လုပ်အားခတိုးပေးတဲ့အခါမှာတော့ ပြည်နယ်အလိုက် စီးပွာရေး ဖွံဖြိုးတိုးတက်မူ့ အခြေအနေပေါ်မူတည်ပြီး တိုးပေးမှာဖြစ်ပြီး ပြည်နယ်တခုနဲ့ တခု မတူညီဘူးလို့လည်းဆိုပါတယ် ။

ရွေပြောင်း အလုပ်သမားအခွင့်အရေး ကွန်ယက်ကတော့ ထိုင်းအလုပ်သမား သမဂ္ဂတွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့မေလတုံးက အလုပ်သမားတွေရဲ့ အခြေခံလုပ်အားခကို တနေ့ ၄၉၂ ဘတ်ထိပေးဖို့ တောင်းဆိုထားတယ်လို့ ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။

"လက်ရှိထိုင်းမှာရနေတဲ့ ၃၃၁ဘတ်က လုံဝမလုံလောက်တဲ့အတွက် တိုးမြှင့်ပေးဖို့ အပါအဝင် တခြားလူမူဖူလုံးရေးကိစ္စတွေကို အများကြီးတောင်းဆိုပါတယ်။ ကျနော်တို့က ဝန်ကြီးချုပ်ကိုလိပ်မူပြီး တောင်းဆိုတဲ့အခါမှာ သူတို့ဘက်က လက်ခံစာရယူပြီး လက်ရှိကမ္ဘာကြီး အခြေအနေတွေကို နားလည်ကြောင်း လုပ်အားခကလုံး၀ မလုံလောက်တဲ့အတွက် တိုးမြှင်ပေးပါမယ်ဆိုတဲ့အကြောင်း စက်တင်ဘာလမကျော်ခင်မှာ လုပ်အားခတွေတိုးမြှင့်ပေးပါမယ်ဆိုတဲ့ အကြောင်း ကတိပေးခဲ့ပါတယ်။ ကျနော်တို့ တောင်းဆိုခဲ့တာကတော့ တနိုင်လုံးက ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို အလုပ်သမားတွေရဲ့ တနေ့၈နာရီလုပ်အားခကို ၄၉၂ဘတ်ပေးဖို့တောင်းဆိုခဲ့တာပါခင်ဗျ"

ထိုင်းနိုင်ငံမှာ တနေ့လုပ်အားခ လက်ရှိ ၃၀၀ကျော်ထိရနေပေမယ့် မြန်မာပြည်သားအလုပ်သမားတွေကတော့ အဲဒီလောက်ထိ မရသေးတာတွေလည်းရှိနေတာပါ ။ ထိုင်းမြန်မာနယ်စပ် မြိုတွေမှာတော့ တနေ့ လုပ်အားခ ဘတ်ငွေ ၁၆၀လောက်သာရနေတဲ့ လုပ်ငန်းခွင်တွေလည်းရှိနေပါတယ်။ အခုလို အခြေခံ လုပ်အားခ တိုးမြှင့်သတ်မှတ်လိုက်တဲ့ ဥပဒေကိုတော့ မကြာခင် အသက်ဝင်စေဖို့ မျှော်လင့်ကြောင်းအလုပ်သမားရေးလှုပ်ရှားနေသူတွေကပြောပါတယ်

ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနက အခြေခံအလုပ်သမား လစာတိုးမြင့်ပေးရေးကို လာမယ့် အောက်တိုလအတွင်း လွတ်တော်ကနေ အပြီးသတ်ဆုံးဖြတ်ဖို့ လုပ်ဆောင်နေတဲ့အကြောင်း အလုပ်သမားရေးဝန်ကြီး စူချတ် ချွမ်ကလင်Mr.suchart chomklinက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုသွားပါတယ်ရှင်။

XS
SM
MD
LG