သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းက ထိုင်းနိုင်ငံသား (၁၀၀) ကျော် ဖမ်းဆီးခံရ


မြန်မာနိုင်ငံမြဝတီဘက်ခြမ်းမှာ သောင်တင်နေတဲ့ နိုင်ငံစုံက လိမ်ညာ လူကုန်ကူးခံသူတွေကို မြန်မာပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်စီးနင်း ထိန်းသိမ်းထားတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)
မြန်မာနိုင်ငံမြဝတီဘက်ခြမ်းမှာ သောင်တင်နေတဲ့ နိုင်ငံစုံက လိမ်ညာ လူကုန်ကူးခံသူတွေကို မြန်မာပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်စီးနင်း ထိန်းသိမ်းထားတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅)

ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ် ကမ္ဘောဒီးယားနယ်မြေထဲက အွန်လိုင်းငွေလိမ်တဲ့စင်တာတခုကို ဗုဒ္ဓဟူး နေ့မှာဝင်စီးနင်းပြီးတဲ့နောက် ထိုင်းနိုင်ငံသား (၁၀၀) ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြော ပါတယ်။ ဒါဟာ ဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနှိမ်နင်းရာမှာ ထိုင်းနိုင်ငံသားတွေကို ပထမဦးဆုံးအကြိမ် ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။

ဂိုဏ်းခေါင်းဆောင်အဖြစ်စွပ်စွဲခံထားရတဲ့ တရုတ် နိုင်ငံသား ၂ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ် လို့ ထိုင်းရဲချုပ် Thatchai Pitaneelaboot ပြောအပြီး ပြီးခဲ့တဲ့လက ကမ္ဘောဒီးယားနယ်စပ်မြို့ Poipet မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့စင်တာတခုကို ထိုင်းနဲ့ကမ္ဘောဒီးယားရဲတွေ ပူးပေါင်းစီးနင်းမှုက အခုလို ဖမ်းဝရမ်းထုတ်နိုင်ခဲ့တာပါ။

ဒီ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေဟာ ထိုင်းနဲ့အိမ်နီးချင်းတွေဖြစ်တဲ့ မြန်မာနဲ့ကမ္ဘောဒီးယား နယ်စပ်တလျှောက်မှာ လှုပ်ရှားနေကြတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမဲ့လည်း တရုတ် ရုပ်ရှင် သရုပ်ဆောင်တဦးဖြစ်တဲ့ ဝမ်ရှင်းရှင်းကို မြန်မာနိုင်ငံထဲပြန်ပေးဆွဲသွားပြီး ပြန်လွှတ်ပေးတဲ့ကိစ္စ ဟိုးလေးတကျော်ဖြစ်သွားပြီးတဲ့နောက်ပိုင်း နိုင်ငံပေါင်းစုံက အာရုံစိုက် ဝိုင်းဝန်း နှိမ်နင်းလာကြတာပါ။​ ဒါ့အပြင် မြန်မာဘက်ခြမ်းက အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကိုနှိမ်နင်းဖို့အတွက် ထိုင်း နိုင်ငံက ဖြတ်သုံးဖြတ်အနေနဲ့ အင်တာနက်၊ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေကိုလည်း ဖြတ်တောက်ထား ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်ကနေ မတ်လ (၄) ရက်အထိ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံထဲ တရားမဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားဦးရေ စုစုပေါင်း (၃,၉၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး (၇၅၀) ကျော်ကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနဲ့အညီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကျန်တဲ့ ပြည်ပနိုင်ငံသား (၃,၂၀၀) ကျော်ကို သက်ဆိုင်ရာ နိုင်ငံများကို လွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီလို့ မြန်မာစစ်ကောင်စီက မတ်လ (၄) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG