သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းသစ္ေတာ ကမာၻ႔အေမြအႏွစ္စာရင္းမွာ ထည့္သြင္းလိုက္တဲ့အေပၚ ကၽြမ္းက်င္သူေတြစိုးရိမ္


(Zawgyi/Unicode)

ထိုင္းႏိုင္ငံရဲ႕ Kaeng Krachan သစ္ေတာႀကီးကို ကမာၻ႔အေမြအႏွစ္အျဖစ္ UNESCO - ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈ အဖြဲ႔က စာရင္းသြင္းလိုက္ေပမယ့္လည္း ကုလသမဂၢရဲ႕ ကြ်မ္းက်င္သူေတြကေတာ့ အဲဒီ ေဒသတြင္းက တိုင္းရင္း ေဒသခံေတြ အေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ျဖစ္လာႏိုင္ေၾကာင္း သတိေပးထားပါတယ္။

ထိုင္းႏိုင္ငံ အေနာက္ပိုင္းမွာ တည္ရွိၿပီး မ်ိဳးသုဥ္း ေပ်ာက္ကြယ္လု ျဖစ္ေနတဲ႔ Siamese မိေက်ာင္းေတြ အပါအ၀င္ ဇီ၀မ်ိဳးစံု မ်ိဳးကြဲ ႂကြယ္၀တဲ့ သစ္ေတာႀကီးအျဖစ္ ကမာၻ႔အေမြအႏွစ္ စာရင္းမွာ ထည့္သြင္းလိုက္ေၾကာင္း UNESCO က တနလာၤေန႔မွာ ေၾကညာခဲ့တာပါ။ ဒါေပမယ့္လည္း ဒီေဒသမွာ ကရင္တိုင္းရင္းသားေတြ ေနထိုင္ေနၾကၿပီး၊ သူတို႔ကို ထိုင္းအာဏာပိုင္ေတြက အတင္းအက်ပ္ ေမာင္းထုတ္ဖို႔ ႀကိဳးပမ္းေနတယ္ဆိုၿပီး အစဥ္အဆက္ စြပ္စြဲ ေျပာဆိုထားတာ ျဖစ္ပါတယ္။

Kaeng Krachan သစ္ေတာႀကီးကို ကမာၻ႔အေမြအႏွစ္ စာရင္း၀င္ေရး ထိုင္းႏိုင္ငံက ႏွစ္နဲ႔ခ်ီ စည္း႐ုံးႀကိဳးပမ္းေနတာျဖစ္ၿပီး UNESCO ရဲ႕ ဆံုးျဖတ္ခ်က္ကိုလည္း ထိုင္း၀န္ႀကီးခ်ဳပ္ Prayut Chan-O-Cha က ခ်ီးက်ဳးလိုက္သလို၊ ႏိုင္ငံတကာ အဆင့္အတန္းနဲ႔ အညီ သစ္ေတာႀကီးကို ကာကြယ္ ေစာင့္ေရွာက္မယ္လို႔လည္း ကတိျပဳခဲ့ပါတယ္။

ကုလသမဂၢ ကၽြမ္းက်င္သူေတြကေတာ့ သီးျခားလြတ္လပ္တဲ့ ေလ့လာအကဲခတ္သူေတြ ဒီေဒသကို သြားေရာက္ၾကည့္႐ႈၿပီး ေဒသခံတိုင္းရင္းသားေတြရဲ႕ စိုးရိမ္မႈေတြကို ေျဖရွင္းၿပီးမွ ဆုံးျဖတ္ခ်က္ခ်ဖို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ UNESCO ကိုတိုက္တြန္းခဲ့တာပါ။ ျမန္မာႏိုင္ငံနဲ႔ နယ္စပ္မွာ ရွိၿပီး ဧက ၁,၁၈၆,၁၀၄ ဧက- ဟက္တာ ၄၈၀,၀၀၀ ေက်ာ္ က်ယ္၀န္းတဲ႔ Kaeng Krachan သစ္ေတာ ဧရိယာ အတြင္းမွာ အမ်ိဳးသား ဥယ်ာဥ္ ၃ ခုနဲ႔ သား႐ိုင္း တိရစာၦန္ ေဘးမဲ႔ေတာ တခုတို႔ ပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ထိုင်းသစ်တော ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းလိုက်တဲ့အပေါ် ကျွမ်းကျင်သူတွေစိုးရိမ်

ထိုင်းနိုင်ငံရဲ့ Kaeng Krachan သစ်တောကြီးကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO - ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့က စာရင်းသွင်းလိုက်ပေမယ့်လည်း ကုလသမဂ္ဂရဲ့ ကျွမ်းကျင်သူတွေကတော့ အဲဒီ ဒေသတွင်းက တိုင်းရင်း ဒေသခံတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။ ထိုင်းနိုင်ငံ အနောက်ပိုင်းမှာ တည်ရှိပြီး မျိုးသုဉ်း ပျောက်ကွယ်လု ဖြစ်နေတဲ့ Siamese မိကျောင်းတွေ အပါအဝင် ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝတဲ့ သစ်တောကြီးအဖြစ် ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ထည့်သွင်းလိုက်ကြောင်း UNESCO က တနလာၤနေ့မှာ ကြေညာခဲ့တာပါ။

ဒါပေမယ့်လည်း ဒီဒေသမှာ ကရင်တိုင်းရင်းသားတွေ နေထိုင်နေကြပြီး၊ သူတို့ကို ထိုင်းအာဏာပိုင်တွေက အတင်းအကျပ် မောင်းထုတ်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး အစဉ်အဆက် စွပ်စွဲ ပြောဆိုထားတာ ဖြစ်ပါတယ်။ Kaeng Krachan သစ်တောကြီးကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ထိုင်းနိုင်ငံက နှစ်နဲ့ချီ စည်းရုံးကြိုးပမ်းနေတာဖြစ်ပြီး UNESCO ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထိုင်းဝန်ကြီးချုပ် Prayut Chan-O-Cha က ချီးကျုးလိုက်သလို၊ နိုင်ငံတကာ အဆင့်အတန်းနဲ့ အညီ သစ်တောကြီးကို ကာကွယ် စောင့်ရှောက်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ကုလသမဂ္ဂ ကျွမ်းကျင်သူတွေကတော့ သီးခြားလွတ်လပ်တဲ့ လေ့လာအကဲခတ်သူတွေ ဒီဒေသကို သွားရောက်ကြည့်ရှုပြီး ဒေသခံတိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပြီးမှ ဆုံးဖြတ်ချက်ချဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ UNESCO ကိုတိုက်တွန်းခဲ့တာပါ။ မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ ရှိပြီး ဧက ၁,၁၈၆,၁၀၄ ဧက- ဟက်တာ ၄၈၀,၀၀၀ ကျော် ကျယ်ဝန်းတဲ့ Kaeng Krachan သစ်တော ဧရိယာ အတွင်းမှာ အမျိုးသား ဥယျာဉ် ၃ ခုနဲ့ သားရိုင်း တိရစ္ဆာန် ဘေးမဲ့တော တခုတို့ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG