သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မယ္လစခန္း ဒုကၡသည္ေတြ ဆူပူဆႏၵျပ


မယ္လ ဒုကၡသည္ စခန္း ဆႏၵျပမႈ။ ဓာတ္ပံု - KIC – Karen Information Center

(Zawgyi/ Unicode)

ထိုင္း - ျမန္မာ နယ္စပ္ တာ့ခ္ျပည္နယ္ ၊ထာ့ေဆာင္ရမ္းၿမိဳ႕နယ္ထဲက အႀကီးဆံုးဒုကၡသည္စခန္းတခုျဖစ္တဲ့ မယ္လဒုကၡသည္ စခန္းမွာ စခန္းအုပ္ခ်ဳပ္ေရးမွဴးက စခန္းတြင္းေနထုိင္သူ၂ ဦး ဆိုင္ကယ္စီးလာခ်ိန္ ႏွာေခါင္းစည္းမတပ္လို့ ဆိုင္ကယ္ေပၚက ဆဲြခ်ျပိီး ဆိုင္ကယ္သိမ္းဆည္းရာကေန ဒုကၡသည္ ေထာင္ဂဏန္းေလာက္ ဆႏၵျပမူေတြ ျဖစ္ျပီး လံုျခံုေရးအာဏာပုိင္ေတြက ေသနတ္ေဖာက္ လူစုခဲြတာေတြ လုပ္ခဲ့ႀကပါတယ္။ ထိုင္းအေျခစိုက္ ဗြိီအိုေအ သတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထိုင္း- ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ ထာ့ေဆာင္ရမ္းျမိဳ့နယ္ထဲက အႀကီးဆံုး ဒုကၡသည္စခန္းျဖစ္တဲ့ မယ္လဒုကၡသည္စခန္းမွာ ဒီဇင္ဘာလ ၁၄ ရက္ေန့ ညေနပိုင္းမွာ လူဦးေရ ေထာင္ဂဏန္းနဲ့ ဆႏၵျပမႈ ျဖစ္ခဲ့ပါတယ္။ ျပႆနာ စျဖစ္တာကေတာ့ စခန္းတြင္း ေနထုိင္သူ ၂ ဦး ဆိုင္ကယ္စီးလာခ်ိန္ ႏွာေခါင္းစည္းမတပ္လို့ ဆိုင္ကယ္ေပၚက ဆဲြခ်ျပိီး ဆိုင္ကယ္သိမ္းဆည္းရာကေန အုပ္ခ်ဳပ္ေရးမွဴးရဲ ့လုပ္ရပ္ေတြကို မေက်မနပ္ျဖစ္ေနႀကတဲ့ ဒုကၡသည္ေတြဟာ စခန္း အုပ္ခ်ဳပ္ေရးမွူးရံုးေရွ႕ကို စုရံုးလာျပီး လူစုလူေ၀းနဲ့ဆႏၵျပျပီး ရုန္းရင္း ဆန္ခတ္မႈေတြ ျဖစ္ခဲ့တာလို့ ဒုကၡသည္တဦးက ဗြီအိုေအ ကုိ ေျပာျပပါတယ္။

" ေနာက္ဆံုး အေျခအေနကေတာ့ သူတို့က လမ္းမတန္းက (ေအာ္ေစာ္) လံုျခံဳေရးကင္းတဲေတြကို ဖ်က္ေနတယ္။ မျပီးေသးဘူး။ ဇံု C ကေန ဇံု A အထိခ်ီတက္သြားႀကတယ္။ လူအင္အားမ်ားတယ္။ ဇံု A, ဇုံ B, ဇံု C မွာရွိတဲ့သူေတြအားလံုးပါတယ္ ျဖစ္ေနတာက။ ပလာ (စခန္းအုပ္ခ်ဳပ္ေရးမွဴး)နဲ့ စီးပြားလုပ္ငန္းရွင္ တစုနဲ့ ေပါင္းျပီး ေစ်းေတြအရမ္းတင္ေနတဲ့ ကိစၥေတြပါတယ္။ အဲဒီအခ်က္ေတြကို မေက်နပ္ျပီး ေပါက္ကဲြတာေရာ။ လက္ရွိ ဒီေန့လုပ္လိုက္တဲ့ ကိစၥကိုေရာ မေက်နပ္လို့ ပလာ(စခန္းအုပ္ခ်ဳပ္ေရးမွဴး ) ရံုးေရာ စီးပြားေရးလုပ္ငန္းရွင္ မိခ်ဳိ အိမ္ကိုေကာ။ စခန္း အတြင္းေရးမွဴးအိမ္ကိုေကာေပါ့။ အဲဒီမွာအေျခအတင္ျဖစ္ႀကတာပဲ။ စစ္တပ္က မိုးေပၚေထာင္ပစ္တယ္။ လူထုက ၂ စု ကဲြသြားတယ္။ တစုက အဲဒီအိမ္ေတြေရွ့မွာ။ ေနာက္တစုက ကင္းတဲေတြဖ်က္ပစ္ေနတယ္။ "

ဒုကၡသည္ေတြ အေနနဲ့ စခန္းတြင္းက ေစ်းဆုိင္ေတြမွာ ေစ်းႀကီးေပးျပီး ၀ယ္စားေနရတဲ့ စား၀တ္ေနေရး ျပႆနာကလည္း ရွိေနတာပါ။ TBBC လို့ ေခၚတဲ့အစိုးရမဟုတ္တဲ့အဖဲြ့အစည္းက အစားအေသာက္၀ယ္ဖုိ့ အတြက္ ဒုကၡသည္တဦးကို တလစာ ထိုင္း ဘတ္ေငြ ၂၇၀ ပါတဲ့ ကဒ္ေထာက္ပံ့ေပးထားျပီး အစားအေသာက္၀ယ္ဖို့ သတ္မွတ္ထားတဲ့ ဆိုင္မွာပဲ ၀ယ္ရပါတယ္ ။ အဲဒီဆုိင္ေတြကလည္း စားေသာက္ကုန္ေတြကို စခန္းအုပ္ခ်ဳပ္ေရးမွဴးက ခြင့္ျပဳထားတဲ့ လုပ္ငန္းရွင္ဆီကပဲ ၀ယ္ယူျပီးျပန္ေရာင္းခ်ရပါတယ္။ ဒီအတြက္ ဒုကၡသည္ေတြအေနနဲ့ စားေသာက္ကုန္ေတြကို ေစ်းႀကီးေပးျပီ း၀ယ္စားရတာေတြကို ႏွစ္ရွည္ႀကံဳ လာရတဲ့အတြက္ အေထြေထြ မေက်နပ္မူေတြက ရွိေနတယ္လို့လည္း ေျပာျပပါတယ္။

" ဒီထဲမွာရွိေနတဲ့ လူထုေတြကို သူတို့က ကုန္ေစ်းႏွံဳးေတြ ေစ်းႀကီးေအာင္ လုပ္ငန္းရွင္နဲ့ေပါင္းျပီး အျပင္လူ aစ်းဆုိင္မေရာင္းရဘူး။ ဥပမာဆုိရင္ က်ေနာ္တို့ဆီ ၀ယ္ခ်င္တယ္ဆိုရင္ ရိုးရိုးေစ်းဆိုင္ေတြက ဆီတင္ခြင့္မရွိဘူး ။ food card ဆုိင္ေတြတင္ရမယ္။ အဲဒီ food card ဆုိင္ေတြကလည္း သူတို့လုပ္ငန္းရွင္ ေတြဆီကပဲ ဆီတပုလင္းကို ၅၃ ဘတ္နဲ့ ၀ယ္ရတယ္။ စခန္းထဲမွာ ၅၄ ဘတ္နဲ့ျပန္ေရာင္းရတယ္ ။ အဲဒီဆိုင္ေတြကလည္း ႀကက္သြန္ ၁၀ကီလိုဆို မဲေဆာက္မွာ ဘတ္ ၁၃၀ ေလာက္ပဲရိွတယ္။ က်ေနာ္တုိ့က ၀ယ္ရတာက တကီလိုကုိ ၃၅ ဘတ္နဲ့ ၀ယ္ရတယ္။

ဒုကၡသည္ေတြအေနနဲ့ တလလံုး စားေသာက္ဖုိ့ ဘတ္ေငြ ၂၇၀ ဟာ မေလာက္င တဲ့အတြက္ အျပင္မွာထြက္ျပီး ရရာအလုပ္ကို လုပ္ကိုင္ေနႀကရပါတယ္။ ကိုဗစ္ကာလျဖစ္တာေႀကာင့္ စခန္းအတြင္းကေန အျပင္မထြက္ရတဲ႔ အခါမွာ ဒုကၡသည္ေတြရဲ ့စား၀တ္ေနေရး ျပသနာဟာ ပိုျပီးႀကီးထြားလာပါတယ္။ စခန္းတြင္းကို ၀င္တာထြက္တာလုပ္ရင္ အခေႀကးေငြေပးရတာရွိျပီး မေပးႏိုင္ရင္ဖမ္းဆီးခံရတယ္လို့လည္း သူကေျပာျပပါတယ္။

" လူထုက အျပင္ကလာေခၚရင္ ေတာင္ယာခုတ္ႀကတယ္။ ေတာတက္ျပီး ၀ါးခုတ္ မ်ွစ္ခ်ိဳး လုပ္ရတယ္။ အခုခိ်န္ဆို ေျပာင္းခ်ိဳးတာေတြလုပ္ရတယ္။ ခိုးျပီးလုပ္ရတာေပါ့ေလ။ ထြက္တာမိရင္လည္း အဖမ္းခံရတယ္။ ေနာက္ဆံုး အျပင္ေရာက္ေနလို့ အထဲျပန္၀င္ခ်င္ရင္ ဘတ္ ၁,၀၀၀ ေပးရတယ္။ "

ဒုကၡသည္ စခန္းေတြမွ ာစား၀တ္ေနေရး ျပႆနာက အႀကီးဆံုးျဖစ္ေနျပီး အစိုးရမဟုတ္တဲ့ အဖဲြ ့အစည္းေတြက ေပးတဲ့ တလလံုး စားေသာက္စရိတ္ဟာ အေမရိကန္ ေဒၚလာနဲ့ဆိုရင္ ၉ ေဒၚလာေလာက္သာ ရွိပါတယ္။ ဒုကၡသည္ အမ်ားစုကေတာ့ တတိယႏိုင္ငံ ထြက္ခြါဖို့ကလည္း ဆယ္စုႏွစ္ ၂ခုနီးပါးေလာက္ ေစာင့္ဆုိင္းေနရျပီ းသြားလာခြင့္ေတြလည္း မရႀကပါဘူး။ ေနရပ္ျပန္ဖို့လည္းမျဖစ္ႏိုင္တဲ့အတြက္ စခန္းအျပင္ထြက္ျပီး ရရာအလုပ္ေတြ လုပ္ေနႀကရတာပါ။

ကိုဗစ္ကပ္ေဘးကာလ ၂ႏွစ္နီးပါးအတြင္းမွာအျပင္ထြက္ အလုပ္လုပ္ခြင့္ မရတဲ့ အခက္အခဲေတြ ေႀကာင့္ စား၀တ္ေနေရး ႀကပ္တည္းမႈက ပိုျပီးႀကီးထြားလာႀကပါတယ္ ။ ဒုကၡသည္ေတြ အေနနဲ့ စား၀တ္ေနေရးျပသနာကစလို့ မြန္းႀကပ္မူေတြ ထြက္ေပါက္မရွိတာေတြ ျဖစ္ေနေနရတယ္လို့လည္းဒုကၡသည္ေတြကဆုိပါတယ္။ ထိုင္းျမန္မာနယ္စပ္မွာ ဒုကၡသည္စခန္း ၉ ခုရွိျပီး မယ္လစခန္းမွာ ဒုကၡသည္ ၄ ေသာင္းေလာက္ ခိုလွံဳေနထုိင္ ေနတာျဖစ္ပါတယ္။

မယ္လစခန္း ဒုကၡသည္ေတြ ဆူပူဆႏၵျပ
please wait

No media source currently available

0:00 0:04:06 0:00
တိုက္႐ိုက္ လင့္ခ္


(Unicode)

မယ်လစခန်း ဒုက္ခသည်တွေ ဆူပူဆန္ဒပြ

ထိုင်း - မြန်မာ နယ်စပ် တာ့ခ်ပြည်နယ် ၊ထာ့ဆောင်ရမ်းမြို့နယ်ထဲက အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လဒုက္ခသည် စခန်းမှာ စခန်းအုပ်ချုပ်ရေးမှူးက စခန်းတွင်းနေထိုင်သူ၂ ဦး ဆိုင်ကယ်စီးလာချိန် နှာခေါင်းစည်းမတပ်လို့ ဆိုင်ကယ်ပေါ်က ဆွဲချပြီး ဆိုင်ကယ်သိမ်းဆည်းရာကနေ ဒုက္ခသည် ထောင်ဂဏန်းလောက် ဆန္ဒပြမူတွေ ဖြစ်ပြီး လုံခြုံရေးအာဏာပိုင်တွေက သေနတ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်း- မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ထာ့ဆောင်ရမ်းမြို့နယ်ထဲက အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ လူဦးရေ ထောင်ဂဏန်းနဲ့ ဆန္ဒပြမှု ဖြစ်ခဲ့ပါတယ်။ ပြဿနာ စဖြစ်တာကတော့ စခန်းတွင်း နေထိုင်သူ ၂ ဦး ဆိုင်ကယ်စီးလာချိန် နှာခေါင်းစည်းမတပ်လို့ ဆိုင်ကယ်ပေါ်က ဆွဲချပြီး ဆိုင်ကယ်သိမ်းဆည်းရာကနေ အုပ်ချုပ်ရေးမှူးရဲ့လုပ်ရပ်တွေကို မကျေမနပ်ဖြစ်နေကြတဲ့ ဒုက္ခသည်တွေဟာ စခန်း အုပ်ချုပ်ရေးမှူးရုံးရှေ့ကို စုရုံးလာပြီး လူစုလူဝေးနဲ့ဆန္ဒပြပြီး ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဒုက္ခသည်တဦးက ဗွီအိုအေ ကို ပြောပြပါတယ်။

" နောက်ဆုံး အခြေအနေကတော့ သူတို့က လမ်းမတန်းက (အော်စော်) လုံခြုံရေးကင်းတဲတွေကို ဖျက်နေတယ်။ မပြီးသေးဘူး။ ဇုံ C ကနေ ဇုံ A အထိချီတက်သွားကြတယ်။ လူအင်အားများတယ်။ ဇုံ A, ဇုံ B, ဇုံ C မှာရှိတဲ့သူတွေအားလုံးပါတယ် ဖြစ်နေတာက။ ပလာ (စခန်းအုပ်ချုပ်ရေးမှူး)နဲ့ စီးပွားလုပ်ငန်းရှင် တစုနဲ့ ပေါင်းပြီး ဈေးတွေအရမ်းတင်နေတဲ့ ကိစ္စတွေပါတယ်။ အဲဒီအချက်တွေကို မကျေနပ်ပြီး ပေါက်ကွဲတာရော။ လက်ရှိ ဒီနေ့လုပ်လိုက်တဲ့ ကိစ္စကိုရော မကျေနပ်လို့ ပလာ(စခန်းအုပ်ချုပ်ရေးမှူး ) ရုံးရော စီးပွားရေးလုပ်ငန်းရှင် မိချို အိမ်ကိုကော။ စခန်း အတွင်းရေးမှူးအိမ်ကိုကောပေါ့။ အဲဒီမှာအခြေအတင်ဖြစ်ကြတာပဲ။ စစ်တပ်က မိုးပေါ်ထောင်ပစ်တယ်။ လူထုက ၂ စု ကွဲသွားတယ်။ တစုက အဲဒီအိမ်တွေရှေ့မှာ။ နောက်တစုက ကင်းတဲတွေဖျက်ပစ်နေတယ်။ "

ဒုက္ခသည်တွေ အနေနဲ့ စခန်းတွင်းက ဈေးဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်စားနေရတဲ့ စားဝတ်နေရေး ပြဿနာကလည်း ရှိနေတာပါ။ TBBC လို့ ခေါ်တဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက အစားအသောက်ဝယ်ဖို့ အတွက် ဒုက္ခသည်တဦးကို တလစာ ထိုင်း ဘတ်ငွေ ၂၇၀ ပါတဲ့ ကဒ်ထောက်ပံ့ပေးထားပြီး အစားအသောက်ဝယ်ဖို့ သတ်မှတ်ထားတဲ့ ဆိုင်မှာပဲ ဝယ်ရပါတယ် ။ အဲဒီဆိုင်တွေကလည်း စားသောက်ကုန်တွေကို စခန်းအုပ်ချုပ်ရေးမှူးက ခွင့်ပြုထားတဲ့ လုပ်ငန်းရှင်ဆီကပဲ ဝယ်ယူပြီးပြန်ရောင်းချရပါတယ်။ ဒီအတွက် ဒုက္ခသည်တွေအနေနဲ့ စားသောက်ကုန်တွေကို ဈေးကြီးပေးပြီ းဝယ်စားရတာတွေကို နှစ်ရှည်ကြုံ လာရတဲ့အတွက် အထွေထွေ မကျေနပ်မူတွေက ရှိနေတယ်လို့လည်း ပြောပြပါတယ်။

" ဒီထဲမှာရှိနေတဲ့ လူထုတွေကို သူတို့က ကုန်ဈေးနှုံးတွေ ဈေးကြီးအောင် လုပ်ငန်းရှင်နဲ့ပေါင်းပြီး အပြင်လူ aဈးဆိုင်မရောင်းရဘူး။ ဥပမာဆိုရင် ကျနော်တို့ဆီ ဝယ်ချင်တယ်ဆိုရင် ရိုးရိုးဈေးဆိုင်တွေက ဆီတင်ခွင့်မရှိဘူး ။ food card ဆိုင်တွေတင်ရမယ်။ အဲဒီ food card ဆိုင်တွေကလည်း သူတို့လုပ်ငန်းရှင် တွေဆီကပဲ ဆီတပုလင်းကို ၅၃ ဘတ်နဲ့ ဝယ်ရတယ်။ စခန်းထဲမှာ ၅၄ ဘတ်နဲ့ပြန်ရောင်းရတယ် ။ အဲဒီဆိုင်တွေကလည်း ကြက်သွန် ၁၀ကီလိုဆို မဲဆောက်မှာ ဘတ် ၁၃၀ လောက်ပဲရှိတယ်။ ကျနော်တို့က ဝယ်ရတာက တကီလိုကို ၃၅ ဘတ်နဲ့ ဝယ်ရတယ်။

ဒုက္ခသည်တွေအနေနဲ့ တလလုံး စားသောက်ဖို့ ဘတ်ငွေ ၂၇၀ ဟာ မလောက်င တဲ့အတွက် အပြင်မှာထွက်ပြီး ရရာအလုပ်ကို လုပ်ကိုင်နေကြရပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် စခန်းအတွင်းကနေ အပြင်မထွက်ရတဲ့ အခါမှာ ဒုက္ခသည်တွေရဲ့စားဝတ်နေရေး ပြသနာဟာ ပိုပြီးကြီးထွားလာပါတယ်။ စခန်းတွင်းကို ဝင်တာထွက်တာလုပ်ရင် အခကြေးငွေပေးရတာရှိပြီး မပေးနိုင်ရင်ဖမ်းဆီးခံရတယ်လို့လည်း သူကပြောပြပါတယ်။

" လူထုက အပြင်ကလာခေါ်ရင် တောင်ယာခုတ်ကြတယ်။ တောတက်ပြီး ဝါးခုတ် မျှစ်ချိုး လုပ်ရတယ်။ အခုချိန်ဆို ပြောင်းချိုးတာတွေလုပ်ရတယ်။ ခိုးပြီးလုပ်ရတာပေါ့လေ။ ထွက်တာမိရင်လည်း အဖမ်းခံရတယ်။ နောက်ဆုံး အပြင်ရောက်နေလို့ အထဲပြန်ဝင်ချင်ရင် ဘတ် ၁,၀၀၀ ပေးရတယ်။ "

ဒုက္ခသည် စခန်းတွေမှ ာစားဝတ်နေရေး ပြဿနာက အကြီးဆုံးဖြစ်နေပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပေးတဲ့ တလလုံး စားသောက်စရိတ်ဟာ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၉ ဒေါ်လာလောက်သာ ရှိပါတယ်။ ဒုက္ခသည် အများစုကတော့ တတိယနိုင်ငံ ထွက်ခွါဖို့ကလည်း ဆယ်စုနှစ် ၂ခုနီးပါးလောက် စောင့်ဆိုင်းနေရပြီ းသွားလာခွင့်တွေလည်း မရကြပါဘူး။ နေရပ်ပြန်ဖို့လည်းမဖြစ်နိုင်တဲ့အတွက် စခန်းအပြင်ထွက်ပြီး ရရာအလုပ်တွေ လုပ်နေကြရတာပါ။

ကိုဗစ်ကပ်ဘေးကာလ ၂နှစ်နီးပါးအတွင်းမှာအပြင်ထွက် အလုပ်လုပ်ခွင့် မရတဲ့ အခက်အခဲတွေ ကြောင့် စားဝတ်နေရေး ကြပ်တည်းမှုက ပိုပြီးကြီးထွားလာကြပါတယ် ။ ဒုက္ခသည်တွေ အနေနဲ့ စားဝတ်နေရေးပြသနာကစလို့ မွန်းကြပ်မူတွေ ထွက်ပေါက်မရှိတာတွေ ဖြစ်နေနေရတယ်လို့လည်းဒုက္ခသည်တွေကဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး မယ်လစခန်းမှာ ဒုက္ခသည် ၄ သောင်းလောက် ခိုလှုံနေထိုင် နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG