သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထားဝယ္မွာ လုံၿခဳံေရး အထူးတင္းက်ပ္ေန


ျမိဳ့တြင္းလံုျခံဳေရး ကင္းလွည့္ေနတဲ့ စစ္ကားတစီး (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕မွာ အရင္ရက္ေတြကထက္ လုံၿခဳံေရးပိုတင္းက်ပ္ၿပီး စစ္ေဆးတာေတြလည္း ပိုလုပ္ေနတယ္လို႔ ၿမိဳ႕ခံတဦးနဲ႔ ကိုယ္တိုင္ေတြ႕ႀကံရသူတဦးက ဗြီအိုေအကိုေျပာပါတယ္။ ၿမိဳ႕အေျခစိုက္ တပ္ရင္းက တပ္ဖြဲ႕ဝင္ေတြ ထြက္ေျပးသြားတယ္ဆိုတဲ့သတင္း ထြက္လာၿပီးတဲ့ေနာက္ အခုလို လုံၿခဳံေရး ပိုတင္းၾကပ္ထားတာကို ေတြ႕ၾကရတာပါ။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာကေျပာျပပါမယ္။

ထားဝယ္ၿမိဳ႕အေျခစိုက္ ခလရ (၂၅) တပ္ရင္းက တပ္သားတခ်ိဳ႕ လက္နက္ေတြနဲ႔အတူ ထြက္ေျပးသြားတယ္ဆိုတဲ့သတင္း လူမႈဆက္သြယ္ေရးမီဒီယာေပၚမွာ က်ယ္က်ယ္ျပန္ ့ျပန္ ့ ထြက္လာၿပီးတဲ့ေနာက္ ထားဝယ္ၿမိဳ႕မွာ အရင္ရက္ေတြကထက္ လုံၿခဳံေရး ပိုတင္းက်ပ္ေနတယ္လို႔ ၿမိဳ႕ခံတဦးက ဗြီအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ ထားဝယ္မွာ ဟိုဟာ တပ္မ ၂၅ က ၂၅ ေယာက္က လက္နက္က်ည္နဲ႔ ထြက္ေျပးသြားတယ္လို႔ ၾကားရတယ္ဗ်၊ က်ေနာ္တို႔ အခုသတင္းေတြမွာလည္း ေတာ္ေတာ္တက္လာတာရွိတယ္ဗ် ေသခ်ာသလားေတာ့ မဟုတ္ဘူး အဲ့ဒါ၊ ၿပီးရင္ က်ေနာ္တို႔ ကေျမာကင္းတံတားရယ္ က်ေနာ္တို႔ ေပါက္တိုင္းတံတားရယ္ အိမ္ေရွ႕ျပင္တံတား ဟိုဟာ အဝင္ေပါက္ေတြ သူတို႔ ပိတ္ဆို႔ၿပီးေတာ့ အခုရွာေနတယ္ဗ်။ ပိတ္ဆို႔မႈေတြ အမ်ားႀကီးတင္းၾကပ္ၿပီး သူတို႔လုပ္ေနၾကတာ ရွိတယ္ဗ်။ တျခားနယ္ေတြကို ဆင္းၿပီးေတာ့ လိုက္ေမႊတာတို႔ ၊ခ်ဳပ္တာတို႔ မရွိေသးဘူး။”

ထားဝယ္ၿမိဳ႕ကို အၿမဲတမ္း ျဖတ္သန္းသြားလာေနတဲ့ ေလာင္းလုံေဒသခံတစ္ဦးကလည္း အရင္ရက္ေတြကထက္ ဒီေန႔မွာ ပိုတင္းၾကပ္တယ္လို႔ေျပာပါတယ္။

“အရင္ေန႔ေတြထက္ ပိုၿပီး ဒီေန႔က ပိုအစစ္မ်ားတယ္၊ သကၠစီးဆိုလည္း အေနာက္ကလူ (ရပ္ကြက္ေထာက္ခံစာ) ပါရွိမွ ရမယ္ သြားလို႔ရမယ္၊ ခေမာက္ (ဆိုင္ကယ္ဦးထုပ္) မပါလည္းမရဘူး မွတ္ပုံတင္ျပလို႔လည္း မရဘူး၊ အဲ့ဒါေတြရွိမွရတယ္ ေထာက္ခံစာေတြ ရွိမွရတယ္၊ ကားေတြကလည္း ဒီတိုင္းပဲေလး ကားေမာင္းသူတစ္ေယာက္ထဲ (ရပ္ကြက္ေထာက္ခံစာ) ရွိတာမရဘူး အေနာက္က လိုက္တဲ့လူ အကုန္လုံးရွိမွရတယ္၊ အခုနည္းနည္းပိုဆိုးလာတယ္ ညေနက်ရင္ ပိုဆိုးတာေပါ့ အဲ့ဒါမ်ိဳးေတြ၊ သူတို႔ အရင္ကဆိုရင္ သူတို႔ တုတ္၊ ဓား လက္နက္ေတြ စစ္တယ္။ အခုက တုတ္၊ ဓား လက္နက္မဟုတ္ဘူး အကုန္လုံးျပရတယ္။ ေထာက္ခံစာေတြ ဘာေတြအကုန္အစုံ အဲ့ဒါမ်ိဳးေတြ။”

ထားဝယ္ၿမိဳ႕က တပ္ဖြဲ႕ဝင္ေတြ ထြက္ေျပးတယ္ဆိုတဲ့သတင္းနဲ႔ သရက္ၿမိဳ႕၊ ကာကြယ္ေရးပစၥည္းစက္႐ုံက တပ္ဖြဲ႕ဝင္ေတြ ထြက္ေျပးတယ္ဆိုတဲ့သတင္းေတြဟာ သတင္းမွားေတြျဖစ္တယ္လို႔ စစ္ေကာင္စီက တုံ႔ျပန္ထားပါတယ္။

.....................................................................................

ထားဝယ္မွာ လုံၿခဳံေရး အထူးတင္းက်ပ္ေန
please wait

No media source currently available

0:00 0:01:34 0:00
တိုက္႐ိုက္ လင့္ခ္


ထားဝယ်မှာ လုံခြုံရေး အထူးတင်းကျပ်နေ

(Unicode)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အရင်ရက်တွေကထက် လုံခြုံရေးပိုတင်းကျပ်ပြီး စစ်ဆေးတာတွေလည်း ပိုလုပ်နေတယ်လို့ မြို့ခံတဦးနဲ့ ကိုယ်တိုင်တွေ့ကြံရသူတဦးက ဗွီအိုအေကိုပြောပါတယ်။ မြို့အခြေစိုက် တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် အခုလို လုံခြုံရေး ပိုတင်းကြပ်ထားတာကို တွေ့ကြရတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာကပြောပြပါမယ်။

ထားဝယ်မြို့အခြေစိုက် ခလရ (၂၅) တပ်ရင်းက တပ်သားတချို့ လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်ဆိုတဲ့သတင်း လူမှုဆက်သွယ်ရေးမီဒီယာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးတဲ့နောက် ထားဝယ်မြို့မှာ အရင်ရက်တွေကထက် လုံခြုံရေး ပိုတင်းကျပ်နေတယ်လို့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ ထားဝယ်မှာ ဟိုဟာ တပ်မ ၂၅ က ၂၅ ယောက်က လက်နက်ကျည်နဲ့ ထွက်ပြေးသွားတယ်လို့ ကြားရတယ်ဗျ၊ ကျနော်တို့ အခုသတင်းတွေမှာလည်း တော်တော်တက်လာတာရှိတယ်ဗျ သေချာသလားတော့ မဟုတ်ဘူး အဲ့ဒါ၊ ပြီးရင် ကျနော်တို့ ကမြောကင်းတံတားရယ် ကျနော်တို့ ပေါက်တိုင်းတံတားရယ် အိမ်ရှေ့ပြင်တံတား ဟိုဟာ အဝင်ပေါက်တွေ သူတို့ ပိတ်ဆို့ပြီးတော့ အခုရှာနေတယ်ဗျ။ ပိတ်ဆို့မှုတွေ အများကြီးတင်းကြပ်ပြီး သူတို့လုပ်နေကြတာ ရှိတယ်ဗျ။ တခြားနယ်တွေကို ဆင်းပြီးတော့ လိုက်မွှေတာတို့ ၊ချုပ်တာတို့ မရှိသေးဘူး။”

ထားဝယ်မြို့ကို အမြဲတမ်း ဖြတ်သန်းသွားလာနေတဲ့ လောင်းလုံဒေသခံတစ်ဦးကလည်း အရင်ရက်တွေကထက် ဒီနေ့မှာ ပိုတင်းကြပ်တယ်လို့ပြောပါတယ်။

“အရင်နေ့တွေထက် ပိုပြီး ဒီနေ့က ပိုအစစ်များတယ်၊ သက္ကစီးဆိုလည်း အနောက်ကလူ (ရပ်ကွက်ထောက်ခံစာ) ပါရှိမှ ရမယ် သွားလို့ရမယ်၊ ခမောက် (ဆိုင်ကယ်ဦးထုပ်) မပါလည်းမရဘူး မှတ်ပုံတင်ပြလို့လည်း မရဘူး၊ အဲ့ဒါတွေရှိမှရတယ် ထောက်ခံစာတွေ ရှိမှရတယ်၊ ကားတွေကလည်း ဒီတိုင်းပဲလေး ကားမောင်းသူတစ်ယောက်ထဲ (ရပ်ကွက်ထောက်ခံစာ) ရှိတာမရဘူး အနောက်က လိုက်တဲ့လူ အကုန်လုံးရှိမှရတယ်၊ အခုနည်းနည်းပိုဆိုးလာတယ် ညနေကျရင် ပိုဆိုးတာပေါ့ အဲ့ဒါမျိုးတွေ၊ သူတို့ အရင်ကဆိုရင် သူတို့ တုတ်၊ ဓား လက်နက်တွေ စစ်တယ်။ အခုက တုတ်၊ ဓား လက်နက်မဟုတ်ဘူး အကုန်လုံးပြရတယ်။ ထောက်ခံစာတွေ ဘာတွေအကုန်အစုံ အဲ့ဒါမျိုးတွေ။”

ထားဝယ်မြို့က တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတယ်ဆိုတဲ့သတင်းနဲ့ သရက်မြို့၊ ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတယ်ဆိုတဲ့သတင်းတွေဟာ သတင်းမှားတွေဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG