သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒါက္တာေအးေမာင္အယူခံ ျပည္ေထာင္စုတရားလႊတ္ေတာ္ ပယ္ခ်


မတ္လ ၁၉၊ ၂၀၁၉ တုန္းက ေဒါက္တာေအးေမာင္ကို ရံုးထုတ္စဥ္

(Zawgyi / Unicode)

ႏိုင္ငံေတာ္ ပုန္ကန္မႈ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈတို႔နဲ႔ ေထာင္ဒဏ္ ႏွစ္၂၀ခ်မွတ္ခံထားရတဲ့ ျပည္သူ႕ လႊတ္ ေတာ္ ကုိယ္စား လွယ္ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ရဲ႕ ထူးအယူခံဝင္ခြင့္ ေလ်ာက္လဲ ခ်က္ကို ျပည္ေထာင္စု တရားလႊတ္ ေတာ္က ဒီကေန႔ ပယ္ခ်ခဲ့ပါတယ္။ အခုလို အထူးအယူခံ ပယ္ခ်ခံရတာနဲ႔ ပတ္သတ္ၿပီး အျမင္ေတြကို ဗြီအိုေအ သတင္းေထာက္ ကိုသက္ႏိုင္ က စုစည္း တင္ျပ ထားပါတယ္။

ေဒါက္တာေအးေမာင္ ကို ရခိုင္ျပည္နယ္ စစ္ေတြတရားရံုးမွာ ရံုးထုတ္လာစဥ္
ေဒါက္တာေအးေမာင္ ကို ရခိုင္ျပည္နယ္ စစ္ေတြတရားရံုးမွာ ရံုးထုတ္လာစဥ္

ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ရဲ႕ ေနာက္ဆံုး အထူးအယူခံဝင္ခြင့္ ေလွ်ာက္လဲခ်က္ကို ျပည္ေထာင္စု တရားလႊတ္ ေတာ္က ဒီကေန႔ ပယ္ခ်လိုက္တာဟာ ျမန္မာႏိုင္ငံသား တစ္ေယာက္အေနနဲ႔ ႀကီးေလးတဲ့ ထိခိုက္နစ္နာမႈ တစ္ခုျဖစ္ တယ္လို႔ စာေရးဆရာ ေဝဟင္ေအာင္ အမႈကို လုိက္ပါေဆာင္ရြက္ေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးႏုစိန္က ေျပာပါတယ္။

“ပယ္ခ်လိုက္တဲ့ ကိစၥဟာျဖင့္ မႈလရံုးရဲ႕ ဆံုးျဖတ္ခ်က္တစ္ခုဟာ မွန္တယ္ မွားတယ္ဆိုတာကို အယူခံ ျပင္ဆင္ခြင့္ေတြကို ဥပေဒက ဘယ္ေလာက္ပဲ ျပဌာန္းေသာ္လည္း ဒီတရားခံေတြဟာ အျပည့္အဝ မရရွိႏိုင္ခဲ့ဘူး။ ေလွ်ာက္သာ ေလွ်ာက္ခြင့္ရွိခဲ့တယ္။ မႈလရံုးရဲ႕ အမႈတြဲမွာ ဒီေလွ်ာက္ထားခ်က္ေတြ အတိုင္း အေၾကာင္းအရာ တစ္ခုတည္းမဟုတ္ပဲ သံုးခု စြဲခြင့္ရွိသလား။ ျမန္မာႏိုင္ငံရဲ႕ တည္ဆဲ ဥေပေဒက ႏွစ္ခုတည္း အျပစ္ေပးခြင့္ေကာ ရွိသလား ဒါေတြကို အဆင့္အျမင့္ဆံုးရံုးတစ္ရံုးရဲ႕ သံုးသပ္စိစစ္ ခြင့္ကိုေတာင္ မရရွိခဲ့တာဟာ ဒီႏိုင္ငံရဲ႕ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ႀကီးေလးတဲ့ ထိခိုက္နစ္နာမႈလို႔ ေျပာခ်င္ပါတယ္။”

ျပည္သူ႕လြတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္က ဇန္နဝါရီလက ရေသ့ေတာင္ၿမိဳ႕နယ္မွာ ျပဳလုပ္တဲ့ ရခိုင့္ဘုရင့္ အခ်ဳပ္အျခာအာဏာ က်ဆံုးတဲ့ အခမ္းအနားမွာ တက္ေရာက္ ေဟာေျပာခဲ့ၾကတာပါ။

အဲဒီေဟာေျပာပြဲအတြင္း သူတို႔ႏွစ္ဦးရဲ႕ ေျပာဆိုခ်က္ေတြဟာ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ၊ႏိုင္ငံေတာ္ပုန္ကန္မႈ ပုဒ္မတို႔နဲ႔ ၿငိစြန္းတယ္ လို႔ ေျပာၿပီး စစ္ေတြခရိုင္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ဦးက တရား လိုျပဳ လုပ္ၿပီး၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၁၈ ရက္ေန႔က တရားစြဲဆိုခဲ့တာ လည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ မတ္လ ၁၉ရက္ေန႔မွာေတာ့ စစ္ေတြခရိုင္တရားရံုးက သူတို႔ႏွစ္ဦးကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ ေစမႈ ပုဒ္မ ၅၀၅(ခ) အတြက္ ေထာင္ဒဏ္ ၂ ႏွစ္စီ နဲ႔ ႏိုင္ငံေတာ္ပုန္ကန္မႈ ပုဒ္မ ၁၂၂ အတြက္ ေထာင္ဒဏ္ အႏွစ္ ၂၀ စီ ကိုသီးျခားက်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ တာလည္းျဖစ္ပါတယ္။

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တို႔ ရဲ႕ ေရွ႕ေနေတြက ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ အထူးအ ယူခံ ဝင္ခဲ့ေပမယ့္ အခု ပယ္အခ်ခံခဲ့ရတာပါ။ ဒါဟာ စစ္တပ္ကစြဲဆို တဲ့ အမႈကို တရားရံုးက မထိရဲ၊ မကိုင္ရဲ ျဖစ္ေနတာေၾကာင့္ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေရွ႕ေနမ်ားအသင္း ကြန္ယက္က တရားလြတ္ေတာ္ ေရွ႕ေန ဦးႀကီးျမင့္ ကေဝဖန္ ပါတယ္။

“တရားရံုးကေတာ့ မထိရဲဘူး မကိုင္ရဲဘူး။ စစ္တပ္က စြဲတဲ့ အမႈေတြကို တရားရံုးက မထိရဲဘူး။ အဲေတာ့ အထူးအယူခံေတာ့ ပယ္မွာပဲ။ ဒါေပမယ့္ လြတ္ၿငိမ္းခ်မ္းသာခြင့္ကိုေတာ့ ေမ်ာ္လင့္ေနပါတယ္။ တိုင္းျပည္ရဲ႕ အေျခအေနအရေနာ္။ အဲတာေတာ့ တရားရံုးက မထိရဲဘူး။ အဲေတာ့ ခ်ခ်င္ရင္ ခ်မွာပဲ ၊ကိုယ္ေတြေတာင္ ၅၀၅ က နဲ႔ အေျခခံဥပေဒ ျပင္ဆင္ေရး ေျပာတာေတာင္ စစ္တပ္က တရားစြဲေသးတာပဲ။ သူတို႔မွာ လက္နက္ရွိတယ္ အာဏာရွိတယ္ လုပ္ခ်င္ရာ လုပ္လို႔ရတယ္ ဆိုတဲ့ ေခတ္မကုန္ေသးဘူး။ အဲတာေၾကာင့္မလို႔။”

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေဝဟင္ေအာင္တို႔ဟာ ႏိုင္ငံေတာ္ ပုန္ကန္မႈေျမာက္ေအာင္ သူကုိယ္တိုင္ လက္ နက္ကိုင္ခဲ့တာ မဟုတ္တာေၾကာင့္ အခုလိုအမိန္႔ခ်မွတ္လိုက္တာဟာ မတရားဘူးလို႔ ရခိုင္ျပည္နယ္ လြတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္လြင္က ေျပာပါတယ္။

“အမွန္ကေတာ့ ေဒါက္တာေအးေမာင္ကို ေထာင္ခ်တယ္ဆိုတာ က်ေနာ္တို႔အျမင္ကေတာ့ လံုးဝမတရားဘူးလို႔ ျမင္တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူက ႏိုင္ငံေတာ္ ပုန္ကန္မႈ ေျမာက္ေအာင္ သူကိုယ္တိုင္ လက္နက္ကိုင္တာ လည္းမဟုတ္ဘူး။ လက္နက္ေတြ သိမ္းစည္းရမိတာလည္း မဟုတ္ဘူး။ စာေပေဟာေျပာပြဲလုပ္လို႔ ႏိုင္ငံေတာ္ ပုန္ကန္မႈ ေျမာက္တယ္ဆိုတာ ဘယ္လိုလုပ္ၿပီး တရားမလဲ ဘယ္လိုပဲစဥ္းစား က်ေနာ္ကေတာ့ မတရား ဘူးလို႔ ျမင္တယ္။”

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ကို အခုလို ေထာင္ဒဏ္ ႏွစ္ရွည္ ခ်မွတ္လိုက္ တာနဲ႔ ပတ္သတ္ၿပီး အယူခံ အဆင့္ဆင့္ ဝင္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ ပါဘူး။ ဒီလိုျပစ္ဒဏ္ဟာ ျပစ္မႈနဲ႔ ျပစ္ဒဏ္ မမွ်တဘူးလို႔ ေ၀ဖန္မႈေတြရွိသလို၊ တင္းမာမႈေတြ ပိုဆုိးေအာင္ လုပ္ရာက်တယ္ဆုိတဲ့ သံုးသပ္ ေျပာဆိုမႈေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ဒေါက်တာအေးမောင်အယူခံ ပြည်ထောင်စုတရားလွှတ်တော် ပယ်ချ

( Unicode)

နိုင်ငံတော် ပုန်ကန်မှု နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့နဲ့ ထောင်ဒဏ် နှစ်၂၀ချမှတ်ခံထားရတဲ့ ပြည်သူ့ လွှတ် တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ ထူးအယူခံဝင်ခွင့် လျောက်လဲ ချက်ကို ပြည်ထောင်စု တရားလွှတ် တော်က ဒီကနေ့ ပယ်ချခဲ့ပါတယ်။ အခုလို အထူးအယူခံ ပယ်ချခံရတာနဲ့ ပတ်သတ်ပြီး အမြင်တွေကို ဗွီအိုအေ သတင်းထောက် ကိုသက်နိုင် က စုစည်း တင်ပြ ထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ နောက်ဆုံး အထူးအယူခံဝင်ခွင့် လျှောက်လဲချက်ကို ပြည်ထောင်စု တရားလွှတ် တော်က ဒီကနေ့ ပယ်ချလိုက်တာဟာ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကြီးလေးတဲ့ ထိခိုက်နစ်နာမှု တစ်ခုဖြစ် တယ်လို့ စာရေးဆရာ ဝေဟင်အောင် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ပယ်ချလိုက်တဲ့ ကိစ္စဟာဖြင့် မှုလရုံးရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ မှန်တယ် မှားတယ်ဆိုတာကို အယူခံ ပြင်ဆင်ခွင့်တွေကို ဥပဒေက ဘယ်လောက်ပဲ ပြဌာန်းသော်လည်း ဒီတရားခံတွေဟာ အပြည့်အဝ မရရှိနိုင်ခဲ့ဘူး။ လျှောက်သာ လျှောက်ခွင့်ရှိခဲ့တယ်။ မှုလရုံးရဲ့ အမှုတွဲမှာ ဒီလျှောက်ထားချက်တွေ အတိုင်း အကြောင်းအရာ တစ်ခုတည်းမဟုတ်ပဲ သုံးခု စွဲခွင့်ရှိသလား။ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပေဒေက နှစ်ခုတည်း အပြစ်ပေးခွင့်ကော ရှိသလား ဒါတွေကို အဆင့်အမြင့်ဆုံးရုံးတစ်ရုံးရဲ့ သုံးသပ်စိစစ် ခွင့်ကိုတောင် မရရှိခဲ့တာဟာ ဒီနိုင်ငံရဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကြီးလေးတဲ့ ထိခိုက်နစ်နာမှုလို့ ပြောချင်ပါတယ်။”

ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ ရခိုင့်ဘုရင့် အချုပ်အခြာအာဏာ ကျဆုံးတဲ့ အခမ်းအနားမှာ တက်ရောက် ဟောပြောခဲ့ကြတာပါ။

အဲဒီဟောပြောပွဲအတွင်း သူတို့နှစ်ဦးရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတို့နဲ့ ငြိစွန်းတယ် လို့ ပြောပြီး စစ်တွေခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက တရား လိုပြု လုပ်ပြီး၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တရားစွဲဆိုခဲ့တာ လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၁၉ရက်နေ့မှာတော့ စစ်တွေခရိုင်တရားရုံးက သူတို့နှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ်စီ နဲ့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် အနှစ် ၂၀ စီ ကိုသီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ တာလည်းဖြစ်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ ရဲ့ ရှေ့နေတွေက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အထူးအ ယူခံ ဝင်ခဲ့ပေမယ့် အခု ပယ်အချခံခဲ့ရတာပါ။ ဒါဟာ စစ်တပ်ကစွဲဆို တဲ့ အမှုကို တရားရုံးက မထိရဲ၊ မကိုင်ရဲ ဖြစ်နေတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများအသင်း ကွန်ယက်က တရားလွတ်တော် ရှေ့နေ ဦးကြီးမြင့် ကဝေဖန် ပါတယ်။

“တရားရုံးကတော့ မထိရဲဘူး မကိုင်ရဲဘူး။ စစ်တပ်က စွဲတဲ့ အမှုတွေကို တရားရုံးက မထိရဲဘူး။ အဲတော့ အထူးအယူခံတော့ ပယ်မှာပဲ။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ မျော်လင့်နေပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရနော်။ အဲတာတော့ တရားရုံးက မထိရဲဘူး။ အဲတော့ ချချင်ရင် ချမှာပဲ ၊ကိုယ်တွေတောင် ၅၀၅ က နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ပြောတာတောင် စစ်တပ်က တရားစွဲသေးတာပဲ။ သူတို့မှာ လက်နက်ရှိတယ် အာဏာရှိတယ် လုပ်ချင်ရာ လုပ်လို့ရတယ် ဆိုတဲ့ ခေတ်မကုန်သေးဘူး။ အဲတာကြောင့်မလို့။”

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ဟာ နိုင်ငံတော် ပုန်ကန်မှုမြောက်အောင် သူကိုယ်တိုင် လက် နက်ကိုင်ခဲ့တာ မဟုတ်တာကြောင့် အခုလိုအမိန့်ချမှတ်လိုက်တာဟာ မတရားဘူးလို့ ရခိုင်ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

“အမှန်ကတော့ ဒေါက်တာအေးမောင်ကို ထောင်ချတယ်ဆိုတာ ကျနော်တို့အမြင်ကတော့ လုံးဝမတရားဘူးလို့ မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူက နိုင်ငံတော် ပုန်ကန်မှု မြောက်အောင် သူကိုယ်တိုင် လက်နက်ကိုင်တာ လည်းမဟုတ်ဘူး။ လက်နက်တွေ သိမ်းစည်းရမိတာလည်း မဟုတ်ဘူး။ စာပေဟောပြောပွဲလုပ်လို့ နိုင်ငံတော် ပုန်ကန်မှု မြောက်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး တရားမလဲ ဘယ်လိုပဲစဉ်းစား ကျနော်ကတော့ မတရား ဘူးလို့ မြင်တယ်။”

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို အခုလို ထောင်ဒဏ် နှစ်ရှည် ချမှတ်လိုက် တာနဲ့ ပတ်သတ်ပြီး အယူခံ အဆင့်ဆင့် ဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ ပါဘူး။ ဒီလိုပြစ်ဒဏ်ဟာ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဘူးလို့ ဝေဖန်မှုတွေရှိသလို၊ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်ရာကျတယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG