သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok သုံးခွင့် တားမြစ်တဲ့ မွန်တားနားအစိုးရကို ကုမ္ပဏီကတရားစွဲ


 တရုတ်ကုမ္ပဏီ ByteDance ပိုင် လူမှုကွန်ရက်မီဒီယာ Tiktok တံဆိပ်
တရုတ်ကုမ္ပဏီ ByteDance ပိုင် လူမှုကွန်ရက်မီဒီယာ Tiktok တံဆိပ်

အမေရိကန်ပြည်ထောင်စု၊ မွန်တားနား ပြည်နယ်မှာ Tiktok အသုံးပြုခွင့် ပိတ်ပင်တဲ့ဥပဒေ အကောင်အထည် ဖော်နေတာနဲ့ ပတ်သက်လို့ TikTok ကုမ္ပဏီက အမေရိကန် ဖက်ဒရယ် တရားရုံးတခုမှာ မနေ့က တရားစွဲလိုက်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဗွီဒီယိုဖိုင် အတိုလေးတွေ တင်ကြတဲ့ အမေရိကန်ပြည်သူတွေ အပါအဝင် ကမ္ဘာတဝန်း ရေပန်းစားတဲ့ TikTok လူမှုကွန်ရက် အသုံးပြုတာကို မွန်တားနားပြည်နယ်မှာ ရှေ့နှစ် ၂၀၂၄ ခုနှစ်က စပြီး တရားဝင်ပိတ်ပင်တဲ့ ဥပဒေ တရပ်ကို မေလ ၁၇ ရက်နေ့ကပဲ မွန်တားနား အုပ်ချုပ်ရေးမှူး Greg Gianforte က လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။

ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ ဒီလို ဥပဒေမျိုး ချမှတ် ပိတ်ပင်တာဟာ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ TikTok ကုမ္ပဏီက စွပ်စွဲပြီး ခုလို တရားစွဲလိုက်တာပါ။ မွန်တားနား အုပ်ချုပ်ရေးမှူး ကတော့ ခုလို ပိတ်ပင်တာဟာ မွန်တားနား ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ တရုတ်ကွန်မြူနစ်ပါတီ လက်ထဲ မရောက်ရလေအောင် ကာကွယ်ဖို့ဖြစ်တယ်လို့ တွီတာ လူမှုကွန်ရက်ကတဆင့် ပြောဆိုခဲ့ပါတယ်။ တရုတ်ကုမ္ပဏီ ByteDance ပိုင် TikTok လူမှုကွန်ရက်ဟာ တရုတ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အမေရိကန်ပြည်သူတွေရဲ့ အချက်အလက်တွေကို သူလျှိုထောက်လှမ်းဖို့ အသုံးပြုနေတာလို့ အမေရိကန် နိုင်ငံရေးသမားတွေက စွပ်စွဲပြောဆိုထားပြီး TikTok ကုမ္ပဏီကတော့ ဒီစွပ်စွဲချက် မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။

TikTok အသုံးပြုတာကနေ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ အမေရိကန်တွေကြား အခြေအတင် ငြင်းခုန်ပြောဆိုမှုတွေ ပိုများလာနေချိန်မှာပဲ မွန်တားနားပြည်နယ်ကတော့ အမေရိကန်ပြည်ထောင်စုမှာ TitTok အသုံးပြုခွင့် ပိတ်ပင်တဲ့ ဥပဒေ အတည်ပြုလိုက်တဲ့ ပထမဆုံး ပြည်နယ်ဖြစ်ပါတယ်။

XS
SM
MD
LG