သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ဖျက်သိမ်းကြောင်း စစ်ကောင်စီကြေညာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ် ရန်ကုန်မြို့ (ဖေဖော်ဝါရီ ၁၊ ၂၀၂၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ် ရန်ကုန်မြို့ (ဖေဖော်ဝါရီ ၁၊ ၂၀၂၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ ပျက်ကွက်တာကြောင့် ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် NLD ပါတီက မှတ်ပုံမတင်တာကြောင် နိုင်ငံရေးပါတီအဖြစ်က အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမှာ ဒီကနေ့ပဲ ကြေညာခဲ့တာပါ။

NLD ပါတီက တခဲနက်အနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေချိန်မှာပဲ ရွေးကောက်ပွဲ နောက်တကြိမ်ကျင်းပဖို့ စစ်အာဏာပိုင်တွေ စီစဉ်နေတာပါ။

၂၀၂၃ခုနှစ် မတ်လ ၁၈ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်
၂၀၂၃ခုနှစ် မတ်လ ၁၈ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်

စစ်ကောင်စီက စီစဉ်ထားသလို ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် ပဋိပက္ခတွေ ပိုမိုကြီးထွားလာနိုင်တယ်လို့လည်း မြန်မာ့အရေး အကဲခတ်တွေ သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG