သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အသေးစားချေးငွေလုပ်ငန်းတွေရဲ့ အခက်အခဲ ကမ္ဘာ့ဘဏ်ထုတ်ပြန်


နေပြည်တော်မြို့နယ်အတွင်း လယ်ကွင်းမှာ မြေသြဇာဆေးဖြန်းနေတဲ့ လယ်သမားများကိုတွေ့ရစဉ် (ဧပြီ ၁၈၊ ၂၀၁၉)
နေပြည်တော်မြို့နယ်အတွင်း လယ်ကွင်းမှာ မြေသြဇာဆေးဖြန်းနေတဲ့ လယ်သမားများကိုတွေ့ရစဉ် (ဧပြီ ၁၈၊ ၂၀၁၉)

မြန်မာနိုင်ငံ ကျေးလက်ဒေသနဲ့ ဝင်ငွေနည်းမိသားစုတွေအတွက် အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ ရင်ဆိုင်လာရတဲ့ အကန့်အအသတ်တွေကို ကူညီဖြေရှင်းနိုင်ရေး ဆန်းစစ်ချက် အစီရင်ခံစာတစောင် ကမ္ဘာဘဏ်က မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ လေးနှစ် စီးပွားရေးနဲ့ နိုင်ငံရေး ရိုက်ခတ်မှုတွေကြား ကြံ့ကြံ့ခံရပ်တည်ခဲ့ပေမဲ့ ချေးငွေ ပြန်မဆပ်နိုင်တော့တာတွေများလာတာကြောင့် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မဖြစ်ခင်က အခြေအနေမျိုး ငွေချေးသူတွေကို ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲတွေ ရှိလာတာကို အစီရင်ခံစာက ထောက်ပြပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသေးစားငွေချေးလုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ အကန့်အသတ်တွေ ရင်ဆိုင်လာရတာနဲ့ စီးပွားရေးတခုလုံးအပေါ် ရိုက်ခတ်နိုင်ခြေတွေကို သုံးသပ်ထားတာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အသေးစားငွေချေးလုပ်ငန်းတွေကနေ ငွေချေးယူ လုပ်ငန်းလုပ်ကိုင်သူ တသန်းကနေ ခြောက်သန်းအထိ တိုးလာခဲ့သလို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ချေးငွေယူ လုပ်ငန်းလည်ပတ်သူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်တဲ့ အကြောင်း အစီရင်ခံစာက ရေးသားပါတယ်။ ချေးငွေ အသစ်တွေ ထောက်ပံ့ပေးတာ၊ အကြွေးပြန်ဆပ်ဖို့ အာမခံတဲ့ သတ်မှတ်ချက်တွေကို လျော့ချပြီး ငွေချေးစရိတ်သက်သာအောင်နဲ့ ဘဏ်တွေနဲ့အတူ အနစ်နာခံ ကူညီပေးမယ့် အစီအစဉ်တွေ ချမှတ်တာ၊ မြန်မာနိုင်ငံအတွင်း ဝင်ငွေနည်းတဲ့ ဘေးဒုက္ခအရောက်ဆုံး ဆင်းရဲတဲ့ မိသားစုတွေ၊ အမျိုးသမီး လုပ်ငန်းရှင်တွေ ရဲ့ ဘဝရပ်တည်ရေးအတွက် စီးပွားရေးလုပ်ငန်းတွေ သတ်မှတ်ပြီး ချေးငွေနဲ့ ထောက်ပံ့ငွေ ပေးတဲ့ အစီအစဉ်တွေ ချမှတ် ကူညီဖို့ အစီရင်ခံစာက အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG