သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အဖွဲ့ ထိန်းချုပ်နယ်မြေမှာ သင်္ကြန်ပွဲတွေ ဆက်လက်ကျင်းပ


မြောက်ဦး လေးမြို့သင်္ကြန် (ဓာတ်ပုံ ခိုင်မင်းေသျှာင်)
မြောက်ဦး လေးမြို့သင်္ကြန် (ဓာတ်ပုံ ခိုင်မင်းေသျှာင်)

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ လုံခြုံရေးစိုးရိမ်မှုတွေေကြောင့် သင်္ကြန်ရေကစားပွဲတွေ အကန့်အသတ်နဲ့ ကျင်းပခဲ့ရပေမဲ့ လတ်တလော တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ ဒီကနေ့အထိ သင်္ကြန်ပွဲတွေ ကျင်းပနေကြပါတယ်။ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ထိန်းချုပ်ရာ နယ်မြေတွေက သင်္ကြန်ပွဲတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

လတ်တလော တည်ငြိမ်အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်မှာ ဧပြီလ ၁၂ရက်နေ့က စတင်ခဲ့တဲ့ အတာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီနဲ့ AA အဖွဲ့တို့ ထိန်းချုပ်ရာ နေရာတွေမှာ ကျင်းပကြတာ ဖြစ်ပါတယ်။

ရခိုင်လက်နက်ကိုင်AAအဖွဲ့ဟာ မြောက်ဦးနဲ့ ရသေ့တောင် မြို့နယ်က သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ သင်္ကြန်ပွဲတော်တွေကို ကျင်းပနေဆဲဖြစ် ပါတယ်။ မြောက်ဦးမြို့နယ် လေးမြို့ချောင်းအတွင်းက လေးမြို့သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၈ရက်နေ့ကနေ ၂၀ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီးလာရောက်ရေပက်ခံသူတဦးကို ဝင်ကြေး ၃၀၀၀ ကျပ်စီကောက်ခံပါတယ်။

ကျောက်တာ်ဇီးချောင်းသင်္ကြန် (ဓာတ်ပုံ ခိုင်မင်းေသျှာင်)
ကျောက်တာ်ဇီးချောင်းသင်္ကြန် (ဓာတ်ပုံ ခိုင်မင်းေသျှာင်)

ရခိုင်လက်နက်ကိုင်AAအဖွဲ့က ဦးဆောင်းကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲဖြစ်တဲ့ မြောက်ဦးဒေသခံ အမျိုးသမီးတဦးကတော့ သင်္ကြန်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ ညီမတို့ကလည်း ပါဝင်ဖြစ်ပါတယ် ဇီးချောင်းသင်္ကြန်ရော လေးမြို့ သင်္ကြန်ရော သွားဖြစ်တယ်၊ ကိုယ့်တပ်တော်က ဦးဆောင်ပြီးတော့ ကျင်းပတဲ့ သင်္ကြန်မို့လို့ အဲဒီဘက်ကို သွားဖြစ် တာပါ။ အရင်တုန်းက တခါမှ မခံစားဖူးတဲ့ ခံစားမှုမျိုး ကိုယ့်တပ်တော်ထဲက လူတွေနဲ့ ရေအတူတူ လောင်းရတဲ့ ခံစားမှုမျိုးပေါ့နော် အဲတာလေးတခုကတော့ ထူးခြားတာပေါ့နော်။”

ရခိုင်လက်နက်ကိုင်AAအဖွဲ့က သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ သင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

AA ထိန်းချုပ်ရာ နေရာတွေမှာ ကျင်းပတဲ့ သင်္ကြန်ပွဲတွေနဲ့ ပတ်သက်လို့ ရခိုင်နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်တဲ့ ဦးဖေသန်း က အခုလို သုံးသပ်ပါတယ်။

“ ဇီးချောင်းသင်္ကြန်တို့ လေးမြို့သင်္ကြန်တို့တော်တော့ကို စည်စည်ကားကား တွေ့ရတယ်။ အဲတာတွေကြောင့် ဒီနှစ် အရင်နှစ်တွေက ပြည်သူတွေ သင်္ကြန်နဲ့ ပတ်သက်ပြီး မပျော်ပါးနိုင်ခဲ့တာကို ဒီနှစ် လွတ်လွတ်ကျွတ်ကျွတ်ပျော်ကြတယ်ဆိုတာ တပိုင်းရှိသလို တဘက်ကလည်း ULA/AA ကို ပြည်သူတွေဘယ်လောက်ထောက်ခံတယ်ဆိုတဲ့ နိုင်ငံရေး ပုံရိပ်အားဖြင့်လည်း ULA/AAပြည်သူနဲ့ဘယ်လောက် နီးနီးကပ်ကပ်ရှိတယ်ဆိုတာကို ပြသနိုင်တဲ့ပွဲလည်းဖြစ်တယ်၊ ပြည်သူတွေက ULA/AAအပေါ်မှာ ဘယ်လောက်ထိ ခိုင်ခိုင်မာမာထောက်ခံတယ်ဆိုတာထက် ရှေ့ဆက်ပြီးတော့လည်း ULA/AAနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်ဆိုတဲ့ လမ်းစတခုလည်း ဖြစ်တယ်။ ဒါကြောင့် ဒီနှစ်ဖြစ်တည်မှုဖြစ်ပေါ်နေတဲ့ အခြေအနမျိုး ကြိုဆိုရမှာဖြစ်ပါတယ်။”

ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ စစ်ကောင်စီကြား နားလည်မှုနဲ့ အပစ်ရပ်ထားတာ အခုဆိုရင် ၃ လကျော် သွားပါပြီ။ AA အဖွဲ့ကတော့ သူထိန်းချုပ်ရာ နယ်မြေမှာ သင်္ကြန်ပွဲတွေ ကျင်းပတာအပြင်၊ အုပ်ချုပ်ရေး တရားစီရင်ရေး ကျန်းမာရေး စတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG