သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ထောင်က လွတ်လာသူတွေ အမေရိကန်ပြန်ရောက်

အကျဉ်းသားလဲလှယ်ရေး အစီအစဉ်နဲ့ အီရန်နိုင်ငံက ပြန်လွတ်လာတဲ့ အမေရိကန်-အီရန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ Siamak Namazi နဲ့ Emad Sharqi, ဗြိတိန်နိုင်ငံသား Morad Tahbaz (စက်တင်ဘာ ၁၉၊ ၂၀၂၃)
အကျဉ်းသားလဲလှယ်ရေး အစီအစဉ်နဲ့ အီရန်နိုင်ငံက ပြန်လွတ်လာတဲ့ အမေရိကန်-အီရန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ Siamak Namazi နဲ့ Emad Sharqi, ဗြိတိန်နိုင်ငံသား Morad Tahbaz (စက်တင်ဘာ ၁၉၊ ၂၀၂၃)

အကျဉ်းသားလဲလှယ်ရေး အစီအစဉ်နဲ့ အီရန်နိုင်ငံက ပြန်လွတ်လာတဲ့ အမေရိကန် နိုင်ငံသား ၅ ဦး ဒီကနေ့ပဲ အမေရိကန်ကို ပြန်ရောက်လာကြပါပြီ။ အမေရိကန်မှာ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အီရန်နိုင်ငံသား ၅ ဦးနဲ့ အပြန်အလှန် လဲလှယ်ပြီး လွတ်မြောက်လာသူတွေ မနက်အစောပိုင်း လေကြောင်းကနေ ပြန်ရောက်လာချိန်မှာ မိသားစုတွေ မိတ်ဆွေတွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြတာပါ။
လွတ်မြောက်လာသူထဲမှာ အမေရိကန်-အီရန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ Siamak Namazi နဲ့ Emad Sharqi, ဗြိတိန်နိုင်ငံသား Morad Tahbaz တို့ ပါဝင်ပြီး၊ ကျန် ၂ ဦးကတော့ မိသားစုတွေရဲ့ ဆန္ဒအရ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
တနင်္လာနေ့က ကာတာကနေ ဒိုဟာကို ထွက်ခွာလာခဲ့ပြီး ဒီနေ့မှာတော့ ဝါရှင်တန်ကို ရောက်ရှိကြမှာပါ။ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ လွတ်မြောက်လာတဲ့ အီရန်နိုင်ငံသား နှစ်ဦးက အခြားနိုင်ငံကို ဆက်လက် ထွက်ခွာသွားမှာ ဖြစ်ပြီး ကျန်နှစ်ဦးကတော့ အမေရိကန်မှာနေခဲ့မယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ နှစ်နဲ့ချီပြီး ပင်ပန်းဆင်းရဲမှုတွေ၊ မသေချာမရေရာမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ခံရပြီးတဲ့နောက်မှာတော့ ချစ်ခင်ရသူတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ပြီ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ကူညီပေးခဲ့တဲ့ ကာတာ၊ အိုမန်၊ တောင်ကိုရီးယားနဲ့ ဆွစ်ဇာလန်အစိုးရတွေကို လည်း ကျေးဇူးတင်ကြောင်းပြောထားပါတယ်။
ပြန်ပေးဆွဲမှု၊ မတရားဖမ်းဆီးခံရမယ့်အန္တရာယ် စတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ သတိပေးချက်တွေကို မီးမောင်းထိုးပြကာ အီရန်ကို ခရီးသွားလာတာတွေ မလုပ်ဖို့ကိုလည်း ဘိုင်ဒန်က သတိပေးခဲ့ပါတယ်။ အီရန်သမ္မတ Ebrahim Raisi ကတော့ ဒီလိုအကျဉ်းသားဖလှယ်တာဟာ အီရန်နဲ့ အမေရိကန်ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်တခုအတွက် ခြေလှမ်းတခု ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

အီရန်ထောင်က လွတ်လာသူတွေ အမေရိကန်ပြန်ရောက်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG