(Zawgyi/Unicode)
အာဖဂန်နစ္စတန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က Taliban တွေ ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ တိုင်းပြည်ရဲ့နာမည်ကြီး ဗုဒ္ဓရုပ်ထုကို သုံးဘက်မြင်ပုံရိပ်အနေနဲ့ပြန်လည်တွေ့မြင်နိုင်ပါပြီ။ အာဖဂန်အလယ်ပိုင်း Bamiyan တောင်ကြားမှာ တည်ရှိတဲ့ နာမည်ကြီး ဗုဒ္ဓရုပ်ထုကို တာလီဘန်တွေက ၂၀၀၁ ခုနှစ်က ဖျက်ဆီးလိုက်ခြင်းကို အမှတ်ရစေတဲ့ အခမ်းအနားမှာ ပြသခဲ့တာဖြစ်ပါတယ်။
“ ဒီမှာဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျနော်တို့မမေ့စေချင်ဘူး” လို့ဗုဒ္ဓနဲ့တညတာ ပွဲမှာ ပွဲစီစဉ်သူ တဦးဖြစ်တဲ့ Zahra Hussaini ကပြောသွားပါတယ်။
တချိန်က ရုပ်ထုတွေ၊ ဂူပေါက်တွေ၊ ဘုန်းကြီးကျောင်းနဲ့စေတီတွေတည်ရှိခဲ့တဲ့ ကမ်းပါးယံရဲ့ အခြေမှာ လူရာပေါင်းများစွာ စုစည်းရောက်ရှိလာတာမျိူးတွေကို ပရိုဂျက်တာနဲ့တဖြည်းဖြည်း လင်းလာတဲ့ ပုံစံမျိူးထိုးပြပါတယ်။
ပြပွဲကိုလာရောက်လေ့လာသူတဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် Gulsoom Zahra ကတော့ ကျနော်တို့ဆုံးရှှုံးသွားခဲ့တဲ့ ရတနာသိုက်ကြီးကို ဒီအခိုက်အတန့်က ပြန်လည်သတိရစေတယ်လို့ဆိုပါတယ်။
တာလီဘန်တွေဟာ သူတို့ရဲ့ တိုတောင်းတဲ့ ကာလတွေအတွင်း ရာစုနှစ်ချီတဲ့ ရုပ်ထုတွေကို ဖော်ခွဲဖျက်ဆီးခဲ့တာမို့ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန် မှုကို ခံခဲ့ရပါတယ်။
ဆက်လက်ပြီး Hussaini က
“အနာဂက်ကို စိတ်ပူကြောင်းပြသချင်ပါတယ်။ ကျနော်တို့ရဲ့ သမိုင်းဝင်အမွေအနှစ်တွေ အနာဂတ်မှာ ဘာဖြစ်မလဲ။ ထပ်ပြီး ဖျက်ဆီးခံရမလား၊ လက်ကျန် အနှပညာလက်ရာတွေကို အစွန်းရောက်တွေလက်ထဲမှာ တဖန်ပြန်ရောက်သွားမလား” လို့ပြောဆိုသွားပါတယ်။
..............
(Unicode)
“ ဒီမှာဖွဈပကြျခဲ့တဲ့ ဆိုးရှားတဲ့ ရာဇဝတျမှုကို ကနြောျတို့မမေ့စခေငြျဘူး” လို့ဗုဒ်ဓနဲ့တညတာ ပှဲမှာ ပှဲစီစဉျသူ တဦးဖွဈတဲ့ Zahra Hussaini ကပွောသှားပါတယျ။