သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ ဓား၊ သေနတ်နဲ့ တိုက်ခိုက်မှုကြောင့် ရဲ ၂ ဦး အပါအဝင်၊ ၃ ဦးသေ


ဂျပန်နိုင်ငံ အလယ်ပိုင်း Nagano နယ်ထဲက Nakano မြို့မှာ ဓါးထိုး၊ သေနတ်ပစ်ခတ်မှု အခင်းဖြစ်ပွားရာနေရာအနီး ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (မေ ၂၅၊ ၂၀၂၃)
ဂျပန်နိုင်ငံ အလယ်ပိုင်း Nagano နယ်ထဲက Nakano မြို့မှာ ဓါးထိုး၊ သေနတ်ပစ်ခတ်မှု အခင်းဖြစ်ပွားရာနေရာအနီး ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (မေ ၂၅၊ ၂၀၂၃)

ဂျပန်နိုင်ငံ အလယ်ပိုင်း Nagano နယ်ထဲက Nakano မြို့မှာ သေနတ်နဲ့ ပစ်၊ ဓါးနဲ့ခုတ် တိုက်ခိုက်မှုအတွင်း ရဲ အရာရှိ ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့ထဲက အဆောက်အဦတခုထဲမှာ တိုက်ခိုက်သူလို့ မသင်္ကာသူက ပုန်းအောင်းနေတယ်လို့လည်း ရဲက ပြောပါတယ်။

ညနေ ၄ နာရီခွဲလောက်မှာ အမျိုးသမီးတဦး ဓားထိုးခံရတယ်ဆိုပြီး ရဲကို အကြောင်းကြားခဲ့ကြတာပါ။ ပျောက်ကြားဝတ်စုံ ဝတ်ထားတဲ့သူတယောက်လိုက်လို့ အမျိုးသမီးတဦးပြေးနေတာတွေ့ရကြောင်းနဲ့ အဲဒီအမျိုးသမီး ဓါးထိုးခံရကြောင်း မျက်မြင်တွေရဲ့ အပြောကို ဂျပန်သတင်းဌာနတွေ ဖော်ပြကြပါတယ်။ အခင်းဖြစ်ရာကို ရဲတွေရောက်လာချိန် အဲဒီသူက သေနတ်နဲ့ လှမ်းပစ်တာကြောင့် ရဲ ၂ ဦး ထိမှန် ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓါးထိုးခံရသူ အမျိုးသမီးရော ရဲ ၂ ဦးပါ ဆေးရုံမှာ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

ဦးထုပ်၊ နေကာမျက်မှန်တို့ ဝတ်ဆင်ထားတဲ့ သေနတ်သမား ထွက်ပြေးသွားပြီး အနားက အဆောက်အဦးတခုထဲမှာ ပုန်းနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အဆောက်အဦ အနီးဝန်းကျင်မှာ နောက်ပိုင်း သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရပါတယ်။ ၄ ယောက်မြောက် တဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပေမဲ့ အခြေအနေကို မသိရပါဘူး။ အဲဒီဝန်းကျင်တဝိုက်မှာ နေထိုင်သူတွေအနေနဲ့ အရေးပေါ် မဟုတ်ရင် အိမ်ပြင် မထွက်ကြဖို့နဲ့ ကလေးတွေကိုလည်း ကျောင်းမှာပဲ ဆက်ပြီးခိုလှုံနေကြဖို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG