သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာနေတဲ့ ဂျပန်နဲ့တရုတ် ဝန်ကြီးနှစ်ဦး တွေ့ဆုံ


CHINA-JAPAN/
CHINA-JAPAN/

{{Zawgyi/Unicode}}

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နဲ့တွေ့ဆုံစဉ် ဘေဂျင်းမှာ ဂျပန်နိုင်ငံသားတဦး ထိန်းသိမ်းခံနေရတဲ့ကိစ္စကို ကန့်ကွက်ပြီး ထိုင်ဝမ်ကျွန်းအနီးနဲ့ဂျပန်နိုင်ငံအနားတဝိုက် စစ်ရေးလုပ်ရပ်တွေ တိုးများလာနေတဲ့အတွက် အထူးစိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ဟာ တရုတ်နိုင်ငံကို နှစ်ရက်ကြာ အလည်အပတ်ရောက်တောဖြစ်ပြီး နှစ်နိုင်ငံကြား ၃ နှစ်ကျော်ကြာအောင် တင်းမာမှုတွေဖြစ်နေချိန် ပထမဦးဆုံးလာရောက်တဲ့ ဂျပန်သံတမန်ခရီးစဉ်ဖြစ်ပါတယ်။

သူလျှိုမှုစွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဂျပန်ဆေးဝါးကုမ္ပဏီဝန်ထမ်း ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဂျပန်ဝန်ကြီးကတောင်းဆိုသလို တရုတ်ဝန်ကြီးကလည်း သူတို့ပိုင်နက်လို့သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ထိုင်ဝမ်အရေးမှာ ဂျပန်က ဝင်မစွက်ဖို့သတိပေးလိုက်ပါတယ်။


ဂျပန်နဲ့တရုတ် နှစ်နိုင်ငံတို့ဟာ စီးပွါးရေး၊ ယဉ်ကျေးမှုနဲ့ ပြည်သူလူထုချင်း ကူးလူးဆက်ဆံမှုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်တဲ့ အလားအလာ ရှိပေမဲ့ ပြဿနာပေါင်းများစွာနဲ့ စိုးရိမ်စရာတွေလဲ ရှိနေပြီလောလော ဆယ်မှာ အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေကြောင်း တရုတ်ဝန်ကြီးကို ပြောကြားခဲ့တယ်လို့လည်း ဂျပန်ဝန်ကြီးက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက သဘောတူညီခဲ့ကြတဲ့အတိုင်း အပြုသဘောနဲ့ တည်ငြိမ်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့လည်း ဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသလို နှစ်ဘက်ကြား ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ဆက်သွယ်ရေးလိုင်း ထားရှိဖို့နဲ့ ကာကွယ်ရေးကိစ္စဆွေးနွေးမှု ပြန်စဖို့သဘောတူညီခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}







XS
SM
MD
LG