သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏုိင္ငံ Chengdu ကန္ေကာင္စစ္၀န္႐ုံးေရွ႕ လံုၿခံဳေရး အထူးတင္းက်ပ္


တ႐ုတ္ႏိုင္ငံ Chengdu ၿမိဳ႕ အေမရိကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး။ (ဇူလုိင္ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံ Chengdu ၿမိဳ႕ အေမရိကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးကို ပိတ္ဖို႔ တ႐ုတ္က အမိန္႔ေပးထားတဲ့အတြက္ သံ႐ုံးဝန္ထမ္းေတြ ႐ုံးအတြင္းက ထြက္ခြာဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ ေကာင္စစ္ဝန္႐ုံးရဲ႕ လုံၿခဳံေရးကိုလည္း တင္းတင္းက်ပ္က်ပ္ ခ်ထားပါတယ္။

ထရပ္ကား ၃ စီး ေကာင္စစ္ဝန္႐ုံး ပရဝုဏ္အတြင္း ဝင္ေရာက္လာတာကို ျမင္ၾကရသလို ယူနီေဖာင္းဝတ္နဲ႔ အရပ္ဝတ္ ရဲတပ္ဖြဲ႔ဝင္ေတြက လမ္းရဲ႕ တဖက္တခ်က္မွာ ေစာင့္ၾကပ္ေနတာကို ေတြ႔ျမင္ၾကရပါတယ္။

Chengdu ၿမိဳ႕က အေမရိကန္ ေကာင္စစ္ဝန္႐ုံးကို ပိတ္ပစ္ဖို႔ တနလၤာေန႔မနက္ ၁၀ နာရီအထိ အခ်ိန္ ၇၂ နာရီ ေပးထားတယ္လို႔ တ႐ုတ္အစိုးရရဲ႕ Global Times သတင္းစာ အယ္ဒီတာက တြစ္တာမွာ ေရးသားထားပါတယ္။

အဲဒီ ေကာင္စစ္ဝန္႐ုံးက တခ်ဳိ႕ဝန္ထမ္းေတြဟာ သူတို႔ရဲ႕ရာထူးနဲ႔ မကိုက္ညီတဲ့ လႈပ္ရွားမႈေတြ ျပဳလုပ္တယ္ဆိုၿပီး တ႐ုတ္တို႔က စြပ္စြဲ ေျပာဆိုထားပါတယ္။

အဲဒီလႈပ္ရွားမႈေတြက တ႐ုတ္ႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္တာျဖစ္ၿပီး ႏိုင္ငံရဲ႕လုံၿခဳံေရးကို ထိခိုက္ေစတယ္လို႔လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Wang Wenbing က ေျပာပါတယ္။

အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္ ဟူစတန္ၿမိဳ႕မွာရွိတဲ့ တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို အေမရိကန္တို႔က ပိတ္ပစ္ခဲ့တာကို လက္တုံ႔ျပန္တဲ့ အေနနဲ႔ တ႐ုတ္တို႔က Chengdu ၿမိဳ႕က အေမရိကန္ ေကာင္စစ္ဝန္႐ုံးကို ပိတ္ဖို႔ အမိန္႔ေပးခဲ့တာ ျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံအၾကား အခုလို အျပန္အလွန္ လက္တုံ႔ျပန္ ေဆာင္ရြက္မႈေတြဟာ ကုန္သြယ္ေရး၊ သူလွ်ဳိလုပ္မႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ကိစၥေတြေၾကာင့္ တင္းမာေနၿပီးသားျဖစ္တဲ့ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ပိုၿပီး ဆိုးရြားလာတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

တရုတ်နိုင်ငံ Chengdu ကန်ကောင်စစ်ဝန်ရုံးရှေ့ လုံခြုံရေး အထူးတင်းကျပ်

တရုတ်နိုင်ငံ Chengdu မြို့ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်ဖို့ တရုတ်က အမိန့်ပေးထားတဲ့အတွက် သံရုံးဝန်ထမ်းတွေ ရုံးအတွင်းက ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ကောင်စစ်ဝန်ရုံးရဲ့ လုံခြုံရေးကိုလည်း တင်းတင်းကျပ်ကျပ် ချထားပါတယ်။

ထရပ်ကား ၃ စီး ကောင်စစ်ဝန်ရုံး ပရဝုဏ်အတွင်း ဝင်ရောက်လာတာကို မြင်ကြရသလို ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တွေက လမ်းရဲ့ တဖက်တချက်မှာ စောင့်ကြပ်နေတာကို တွေ့မြင်ကြရပါတယ်။

Chengdu မြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ တနင်္လာနေ့မနက် ၁၀ နာရီအထိ အချိန် ၇၂ နာရီ ပေးထားတယ်လို့ တရုတ်အစိုးရရဲ့ Global Times သတင်းစာ အယ်ဒီတာက တွစ်တာမှာ ရေးသားထားပါတယ်။

အဲဒီ ကောင်စစ်ဝန်ရုံးက တချို့ဝန်ထမ်းတွေဟာ သူတို့ရဲ့ရာထူးနဲ့ မကိုက်ညီတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်တယ်ဆိုပြီး တရုတ်တို့က စွပ်စွဲ ပြောဆိုထားပါတယ်။

အဲဒီလှုပ်ရှားမှုတွေက တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbing က ပြောပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်တို့က ပိတ်ပစ်ခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်တို့က Chengdu မြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား အခုလို အပြန်အလှန် လက်တုံ့ပြန် ဆောင်ရွက်မှုတွေဟာ ကုန်သွယ်ရေး၊ သူလျှိုလုပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေကြောင့် တင်းမာနေပြီးသားဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုပြီး ဆိုးရွားလာတာ ဖြစ်ပါတယ်။

XS
SM
MD
LG